တရားပြိုင်ကသမ္မာန်စာချအပ်ခြင်းကိုငြင်းဆန်လျှင်၊သို့မဟုတ်၊တရားပြိုင်ကိုမတွေ့ရှိလျှင်ဆောင်ရွက်ရန်လုပ်ထုံးလုပ်နည်း။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားပြိုင်ကသမ္မာန်စာချအပ်ခြင်းကိုငြင်းဆန်လျှင်၊သို့မဟုတ်၊တရားပြိုင်ကိုမတွေ့ရှိလျှင်ဆောင်ရွက်ရန်လုပ်ထုံးလုပ်နည်း တရားမကျင့်ထုံးဥပဒေ၊အမိန့်၅၊နည်း၁၇တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- "တရားပြိုင်ကဖြစ်စေ၊၎င်း၏ကိုယ်စားလှယ်ကဖြစ်စေ၊အထက်၌ဆိုခဲ့သည့်အခြားသူကဖြစ်စေသမ္မာန်စာလက်ခံရရှိကြောင်းလက်မှတ်ရေးထိုးရန်ငြင်းဆန်လျှင်သော်လည်းကောင်း၊သမ္မာန်စာချအပ်သည့်ဝန်ထမ်းကအကြောင်းအားလျော်စွာထိုက်သင့်သည့်လုံ့လဝီရိယစိုက်ထုတ်၍ရှာဖွေသော်လည်းတရားပြိုင်ကိုမတွေ့ရှိလျှင်သော်လည်းကောင်း၊၎င်း၏ကိုယ်စားသမ္မာန်စာလက်ခံခွင့်ရှိသည့်ကိုယ်စားလှယ်မရှိသည့်အပြင်၊ချအပ်သည့်သမ္မာန်စာကိုလက်ခံနိုင်မည့်အခြားသူတဦးတယောက်မျှလည်းမရှိလျှင်သော်လည်းကောင်း၊သမ္မာန်စာချအပ်သောဝန်ထမ်းသည်သမ္မာန်စာတစောင်ကိုတရားပြိုင်အမြဲနေထိုင်ရာ၊သို့မဟုတ်၊ကိုယ်ကျိုးအမြတ်အစွန်းအတွက်အလုပ်လုပ်ကိုင်ရာနေအိမ်၏အပြင်ဘက်တံခါး၊သို့မဟုတ်၊အများမြင်သောအခြားနေရာတွင်ကပ်ထားရမည်။ထို့နောက်အဆိုပါဝန်ထမ်းသည်အစီရင်ခံစာကိုမူရင်းသမ္မာန်စာပေါ်တွင်ရေးသား၍ဖြစ်စေ၊မူရင်းသမ္မာန်စာနှင့်ပူးတွဲ၍ဖြစ်စေ၊ယင်းမူရင်းသမ္မာန်စာအားသမ္မာန်စာထုတ်ပေးသောတရားရုံးသို့ပြန်လည်ပ...