ပဋိညာဉ်ပျက်သုဉ်းခြင်း[ Part Seven ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပဋိညာဉ်ပျက်သုဉ်းခြင်း[ Part Seven ] ——————————————————- Crickletood Property and Investment Trust, Limited v. Leighters's Inestment Trust, Limited. [1945] AC 221, [1945] 1 All ER 252. အမှုတွင်အထက်လွှတ်တော်ဥက္ကဌ Viscount Simon L.C. ကငှါးရမ်းခြင်းသည်ပဋိညာဉ်ထက်ပိုသည်ဆိုသောအချက်ကိုလက်မခံချေ။ ဤသို့သုံးသပ်ခြင်းသည်မုန့်လုံးစက္ကူကပ်သည့်သဘောဖြစ်သည်။ ပဋိညာဉ်ရှိသည့်အချက်တွင်သာပျက်သုဉ်းခြင်းပေါ်ပေါက်နိုင်သည်ဟုမှန်းဆ[ assume ]လျှင်၊ငှါးရမ်းသည့်အချက်၌ပျက်သုဉ်းခြင်းမရှိနိုင်ဟုဆက်လက်ဆိုရမည်သာဖြစ်သည်။ အငှါးချထားသူနှင့်ငှါးရမ်းသူတို့အကြားဆက်ဆံမှုကိုအချိန်မတိုင်မီထိုကဲ့သို့သောအကြောင်းတရပ်ရပ်ကြောင့်ရပ်စဲသွားရာမှအချို့အမှုများတွင်ပေါ်ပေါက်နိုင်သောအရှုပ်အထွေးများကိုအလေးပေးကာသီအိုရီသဘောအရပျက်သုဉ်းခြင်းဖြစ်နိုင်မှုကိုဖယ်ထုတ်ရန်မဟုတ်။ ပဋိညာဉ်သက်သက်အချက်တွင်လည်းပဋိညာဉ်ပျက်သုဉ်းခြင်းကြောင့်၊ပေါ်ပေါက်လာသောအခြေအနေသည်အခက်အခဲပြဿနာများကိုပေါ်စေခဲ့၍အနှစ်လေးဆယ်ကြာသံသယဝင်ခဲ့ပြီးကာမှဖြေရှင်းခဲ့ရသည်။ အငှါးချထားမှုသည်ပျက်သုဉ်းနိုင်သည်။ သို့ရာတွင်အလွန့်အလွန်ဖြစ်တောင့်ဖြစ်ခဲကိစ္စများဖြစ...