2024 BLR 27 ( 34 ) စီရင်ထုံးပါ အဆုံးအဖြတ်ကိစ္စ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 2024 BLR 27 ( 34 ) စီရင်ထုံးပါ အဆုံးအဖြတ်ကိစ္စ။ ————————————————————————- ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍အမှုကိုပလပ်လိုက်သောအမိန့်သည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီဖြစ်ပါသလော ? ထိုဒီကရီအပေါ်တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆(၁)အရအယူခံဝင်ခွင့်ရှိပါသလော ? ————————————- ပြင်ဆင်မှုစီရင်ပိုင်ခွင့်အရချမှတ်သောဒီကရီကိုအယူခံဝင်ရမည်ဟု၊တရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းထားပါသလော ? ———————— အယူခံ၊ပြင်ဆင်ဆိုသည်မှာပညတ်များဖြစ်သည်။ အထက်အဆင့်မြင့်ရုံးသို့တက်ရောက်ပြီးအရေးဆိုသောကိစ္စဖြစ်သည်။ ပြင်ဆင်မှုမှာထက်ရုံးခွန်ပိုဆောင်ပြီးအယူခံဝင်ရောက်ခြင်းကြောင့်နိုင်ငံတော်ကရုံးခွန်ပိုမိုရရှိသည်။ လုပ်နည်းဆောင်တာများ(technicalities)ကိုအလေးမပေးသင့်။ အယူခံဝင်ခွင့်မရှိလျင်ပြင်ဆင်မှုအဖြစ်ဆုံးဖြတ်နိုင်သည်ဟုအကြောင်းပြကြသည်လည်းရှိသည်။ အမှုမှားယွင်းတက်ရောက်သူ၏တာဝန်ကိုလျော့ပစ်ရန်မသင့်ဟုဆင်ခြေပေးစရာအကြောင်းလည်းရှိပါသည်။ ဥပဒေအရ၊ရရှိသောအခွင့်အရေးကိုလုပ်နည်းဆောင်တာကိစ္စများဟုအကြောင်းပြပြီးနုတ်ပယ်ရန်မသင့်ပါ။ ——————————— 1983 BLR 48 ( 51 ) တရားမပြင်ဆင်မှု ဥက္ကဌအဖြစ် ဦးမြကျော်၊အဖွဲ...