ဘုရားတန်ဆောင်းများရှိကဗ္ဗည်းများကိုသက်သေခံအဖြစ်တင်ပြခြင်းကိစ္စ။ [ Part Three ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဘုရားတန်ဆောင်းများရှိကဗ္ဗည်းများကိုသက်သေခံအဖြစ်တင်ပြခြင်းကိစ္စ။


[ Part Three ]

—————————————-


VOL. I. INDIAN LAW REPORTS. RANGOON SERIES. 102 ( 121 )


APPELLATE CIVIL


Befere Sir Sydney Robinson , Kt., Chief Justice , and Mr. Justice May Oung.


MAUNG PO KAN


             v.


DAW AT AND OTHERS.


Civil First Appeal No. 9 of 1922 from a judgment and decree of the District Court of Hanthawaddy  dismissing  the plaintiff’s suit.


1923 Mar. 7


အမှုတွင်အလေးထားဆင်ခြင်ရသည့်သက်သေခံကဗ္ဗည်းကိုအပြည့်အစုံအင်္ဂလိပ်ဘာသာဖြင့်အောက်ပါအတိုင်းပြန်ဆိုဖော်ပြသည်-


[ Maung Sein (fourteenth P.W.), a Revenue Surveyor, deposes that some time in November or December 1920 (while the suit was pending)_he, accompanied by Maung Po Mya, visited the Tazaung, saw the inscriptior, and wrote out a copy of it, filed as Exhibit "C. " 


This reads as follows :- " 1274 B.E. Deed of merit of (            ), dayaka, and Ma Ngwe,dayakama, donors of the Sataungpyi image, daughter of U Shwe Min and Daw At, donors of the Lwan Zedi Pagoda and grand-daughter of U Waing, Daw Khwe, U Hmon and Daw Pye of Dabein and her (Ma Ngwe's) sons, Maung Khwe and Mung Po Kan, for the attainment of Nirvana.


May nats and men call “Thadu (very well)”


Maung Khwe was the natural-born son of Ma Ngwe and Maung Po Kan is the plaintiff. ]


ဤသို့သက်သေခံကဗ္ဗည်းကိုအပြည့်အစုံအင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုဖော်ပြခြင်းကခုံရုံးသည်ထိုစာသက်သေခံကိုမည်မျှအလေးထားဆင်ခြင်ကြောင်းမြင်သာစေသည်။


ကဗ္ဗည်းတင်သောမြန်မာဗုဒ္ဓဘာသာဝင်တို့၏အလေးအမြတ်ပြုရာအရပ်သည်ကဗ္ဗည်းကိုပို၍လေးနက်စေသည်ဟုယုံကြည်မိကြောင်းညွှန်ပြသည်ကိုသတိချပ်ဖို့လိုသည်။


ကဗ္ဗည်းပါ[ မငွေ၏ ]သားမောင်ခွေးနှင့်မောင်ဖိုးကံ[ တရားလို ]ဟု၊မောင်ဖိုးကံကိုမငွေ၏သားအရင်းနှင့်တတန်းတစားတည်းဖော်ပြထားခြင်းတို့သည်လေးနက်လှသည်ကိုအလေးထားဆင်ခြင်အပ်သည်။


သို့ဖြစ်၍လည်းခုံရုံးက၊စီရင်ထုံးစာမျက်နှာ-၁၁၄ မှ ၁၁၅ တွင်၊တရားရုံး၏အမြင်ကိုဖော်ပြရာ၌အချင်းဖြစ်ကဗ္ဗည်းကိုမငွေ၏ညွှန်ကြားချက်အရရေးထိုးခဲ့လျှင်၊မငွေကမောင်ဖိုးကံကိုကိတ္တိမသားအဖြစ်မွေးစားရန်ခိုင်လုံသော[ cogent ]သက်သေခံအဖြစ်လက်ခံရန်လက်နှေးမည်မဟုတ်၊ကိတ္တိမသားအဖြစ်မွေးစားရန်ရည်ရွယ်သည်ဟုမှတ်ယူရမည်[ it must be taken that a kittima adoption was intended ]ဟုဖော်ထုတ်ရေးသည်။


သို့သော်ခုံရုံးက၊ကဗ္ဗည်းရှိအကြောင်းအရာများ[ မငွေ၏သားမောင်ခွေးနှင့်မောင်ဖိုးကံအစရှိသည့်ရေးသားချက်များ ]သည်၊သက်သေခံမဝင်ဟုစီရင်ထုံးစာမျက်နှာ-၁၁၆၌၊အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်ကိုစိတ်ဝင်တစားဖတ်ရှုမှတ်သားရာသည်-


[ However, it happens that this inscription does not materially assist the plaintiff's case, for there is an utter lack of testimony as to its origin.


No one can say who ordered or authorized if who executed the carving, or when it was carved. 


Thus, for want of this important and essential evidence, we are unable to hold that Ma Ngwe gave instructions for the inclusion of the plaintiff's name as her son, or even that Ma Ngwe was aware of the fact. ]


မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ-၆၅၈ တွင်[ origin ]ကို[ ပင်ရင်း၊ဇာစ်မြစ် ]ဟုဘာသာပြန်ပြီး[ the origin of the custom are unknown ]ဟုဥပမာပေးထားသည်။


စီရင်ထုံးရှိ[ origin ]နောက်တွင်ကပ်လျက်ရှိသောဝါကျများပါအကြောင်းအရာတို့သည်[ origin ]၏အဓိပ္ပာယ်ကိုဆက်လက်ရှင်းပြခြင်းဖြစ်သည်ကိုသတိမူမိဖို့လိုသည်။


မောင်ဖိုးကံကိုမငွေ၏သားဟုကဗ္ဗည်းထိုးစေသူမှာမငွေဖြစ်ခဲ့လျှင်၊သက်သေခံအက်ဥပဒေပုဒ်မ၂၁ပါအောက်ပါပြဌာန်းချက်များနှင့်သက်ဆိုင်မည်ဖြစ်သည်-


[ Admission are relevant and may be proved as against the person who make them, or his representative in interest. ]


သက်သေခံကဗ္ဗည်းတွင်ပါ[ မငွေ၏ ]သားများမောင်ခွေးနှင့်မောင်ဖိုးကံဟူသောရေးထိုးထားချက်ကိုမငွေ၏ခိုင်းစေချက်အရမှတ်တမ်းတင်ကြောင်းထင်ရှားပါလျှင်၊မငွေကမောင်ဖိုးကံသည်မိမိ၏သားဖြစ်ကြောင်းဝန်ခံသည်ဖြစ်၍မငွေအပေါ်သက်သေခံအထောက်အထားဖြစ်လာမည်။


တရားပြိုင်ဒေါ်အပ်သည်ကွယ်လွန်သွားပြီးဖြစ်သောမငွေ၏သမီးဖြစ်သဖြင့်[ ပုဒ်မ၂၁ပါ his/her representative in interest ]၎င်းအပေါ်သက်သေခံဝင်မည်ဖြစ်သည်။


သို့သော်ခုံရုံးက[ there is an utter lack of testimony as to its origin. ]ဟုသုံးသပ်သည်။


မငွေ၏စေခိုင်းချက်အရထိုကဗ္ဗည်းရေးထိုးကြောင်းလုံးလုံးလျားလျားသက်သေခံမရှိဟုခုံရုံးကမြွက်ဆိုသည်။


ကဗ္ဗည်းတွင်မောင်ဖိုးကံ၏အမည်ကိုထည့်သွင်းရန်အမွေရှင်မငွေကညွှန်ကြားခဲ့သည်ဟုကျွန်ုပ်တို့ကောက်ယူဆုံးဖြတ်ခြင်းမပြုနိုင်။


မငွေက၊ကဗ္ဗည်းရှိသည်ဟုသတိထားမိကြောင်းပင်အဆုံးအဖြတ်ပြုနိုင်ရန်သက်သေခံမရှိဟုလည်းမြွက်ဆိုသည်။


ခုံရုံးက[ No one can say who ordered or authorized it, who executed the

 carving , or when it was carved. ]ဟုသုံးသပ်ချက်မှာမည်ကဲ့သို့အရေးပါသည်ကိုဥပဒေပညာရှင်များဆန်းစစ်တတ်ရပါမည်။


သက်သေခံအက်ဥပဒေပုဒ်မ၃၂(၆)ပါ[ when such statement was made before the question in dispute was raised. ]ဟူသောပြဌာန်းချက်များနှင့်ဆက်စပ်နေသည်ကိုသိရပါမည်။


မောင်ဖိုးကံကသေသူမငွေရေးထိုးသောကဗ္ဗည်းဟုဆိုသဖြင့်ပုဒ်မ၃၂(၆)နှင့်စပ်ဆိုင်သည်။


ပုဒ်မ၃၂(၆)ပါ[ such statement was made]သည်အချင်းဖြစ်အမှုတွင်သက်သေခံကဗ္ဗည်းပါ[ မငွေ၏ ]သားများမောင်ခွေးနှင့်မောင်ဖိုးကံတို့ကိုဆိုလိုသည်။


[ ပုဒ်မ၃၂(၆)ပါ adoption ဟူသောဝေါဟာရကိုသတိပြုပါ ]


ထိုကဗ္ဗည်းကိုမွေးစားခြင်းကိစ္စအငြင်းမပွါးမီ[ မောင်ဖိုးကံတရားမစွဲဆိုမီ ]ကရေးထိုးပါမှ၊ကဗ္ဗည်းသက်သေခံဝင်နိုင်သည်။


မည်သည့်အချိန်က၊ကဗ္ဗည်းရေးထိုးကြောင်းသက်သေခံချက်မရှိသဖြင့်သက်သေခံအက်ဥပဒေပုဒ်မ၃၂(၆)အရသက်သေခံဝင်ရန်အကြောင်းမရှိ။


ဥပဒေအပြောကျယ်လွန်းလှသည်။


စီရင်ထုံးကိုနားလည်ရန်ပင်လွယ်သည်မဟုတ်။


အမှုတည်ဆောက်ရာ၌ယင်းအချက်များပေါ်လွင်စေသည့်သက်သေခံချက်ကိုတင်ပြရန်မောင်ဖိုးကံ၏ရှေ့နေပျက်ကွက်ခြင်းကြောင့်ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။


ခုံရုံး၏အထက်ပါသုံးသပ်ချက်ကိုပြည်သူ့တရားသူကြီးအဖွဲ့ဝင်အချို့နှင့်ဆွေးနွေးရာ၊အများစုကမငွေစေခိုင်းခြင်းမရှိဘဲကဗ္ဗည်းထိုးရန်အကြောင်းမရှိဟုခုံရုံးတရားသူကြီးများ၏အမြင်ကိုလက်မခံကြောင်းတွေ့ရပါသည်။


ထိုသို့ရှုမြင်ခြင်းသည်ထင်ကြေးအပေါ်အခြေခံသည်ဟုစာရေးသူကအလေးအနက်ဆွေးနွေးလိုပါသည်။


ထင်ကြေးအရတရားစီရင်ရခြင်းသည်မည်မျှအန္တရာယ်ကြီးလေးကြောင်းအလေးထားရန်သတိပေးလိုပါသည်။


မငွေ၏ခိုင်းစေချက်အရအချင်းဖြစ်ကဗ္ဗည်းကိုရေးထိုးသည်ဟုထင်စရာဖြစ်သည်ကိုစာရေးသူကမငြင်းလိုပါ။


မြန်မာဗုဒ္ဓဘာသာဝင်တို့သည်ကောင်းမှုပြုသည့်အခါ၊၎င်းတို့၏ကောင်းမှုကိုဘုရားကျောင်းကန်တို့တွင်ကဗ္ဗည်းထိုးတတ်သည်။


တနည်းအားဖြင့်မြန်မာဗုဒ္ဓဘာသာဝင်တို့၏[ အကျင့်၊ဝသီ ]ဖြစ်သည်။


မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ-၆၂၄ တွင်[ habit ]ကို[ အကျင့်၊ဝသီ၊အစွဲ ]ဟုဘာသာပြန်သည်။


သက်သေခံအက်ဥပဒေပုဒ်မ ၁၁၄ တွင်[ human conduct ]ကိုရည်ညွှန်းသည်။


[ human ]ဟူသောဝေါဟာရသည်၊မြန်မာဗုဒ္ဓဘာသာဝင်တို့ထက်ကျယ်ပြန့်သည်။


မငွေက၊ကဗ္ဗည်းထိုးတာဖြစ်မှာပါဟူသောဖြစ်နိုင်ချေသည်ပုဒ်မ ၁၁၄ ၏ဘောင်တွင်အကျုံးမဝင်သည်ကိုအလေးအနက်ဆင်ခြင်အပ်သည်။


ခုံရုံးက[ No one can say who ordered or authorized it, who executed the carving the carving, or when it was carved. ]ဟုမဟုတ်မမှန်ဘဲမရေးတန်ရာ။


ခုံရုံး၏စီရင်ချက်ရေးသူကမမှန်မကန်ပြုဦးတော့၊ကျန်ပညာရှင်တရားသူကြီးကအမှုတွဲကိုမစိစစ်ဘဲ၊တာဝန်မဲ့သဘောတူမည်မဟုတ်။


ထိုခေတ်ကတဦး၏စီရင်ချက်မမှန်ဟုယူဆလျှင်၊မမှန်ကြောင်းသုံးသပ်ပြီးအခြားနည်းစီရင်ချက်ရေးလေ့ရှိသည့်စီရင်ထုံးများကိုသတိပြုရန်လိုသည်။


မောင်ဖိုးကံသည်မငွေ၏ကိတ္တိမသားဟုဆုံးဖြတ်လျှင်၊တရားပြိုင်ဒေါ်အပ်၏မိခင်အရင်းမငွေကျန်ရစ်သောအမွေ၏တဝက်ကိုခွဲဝေပေးရမည်ဖြစ်ရာတရားရုံးများတွင်မည်မျှတာဝန်လေးသည်ကိုသတိချပ်သင့်ပါသည်။


လွယ်လွယ်စီရင်၍ရသောအမှုမျိုးမဟုတ်ပါ။


သားသမီးများရှိပါလျက်မောင်ဖိုးကံကိုကိတ္တိမသားအဖြစ်မွေးစားသည်ဆိုခြင်းသည်ဖြစ်ဘွယ်ရာအကြောင်းရှိ၊မရှိသည်လည်းဆင်ခြင်ဖို့လိုသည်။


အချင်းဖြစ်ကဗ္ဗည်းကိုမငွေရေးထိုးခိုင်းမှာပေါ့ဟု၊ယုန်ထင်ကြောင်ထင်၊ထင်စရာရှိသည်မှန်၏။


သို့သော်မငွေစေခိုင်းချက်အရရေးထိုးကြောင်းသက်သေခံချက်အလျဉ်းမရှိသည့်အခြေအနေတွင်ထင်ကြေးဖြင့်မောင်ဖိုးကံကိုအနိုင်ပေးပါက 1951 BLR ( S C ) 158 အမှုတွင်ညွှန်ပြသည့်အတိုင်း၊ထင်ကြေးအပေါ်အခြေခံဆုံးဖြတ်ရာရောက်ပါလိမ့်မည်။


မငွေခိုင်းစေသဖြင့်အချင်းဖြစ်ကဗ္ဗည်းကိုရေးထိုးသည်ဟုဆိုခြင်းသည်[ assumption ][ အမှန်အဖြစ်ယူဆချက်၊လက်ခံမှု ]ဖြစ်သည်။


သက်သေခံအက်ဥပဒေပုဒ်မ၁၁၄တွင်ခွင့်ပြုထားသော[ presumption ]မဟုတ်ပါ။


ထိုသို့မှတ်ယူနိုင်ရန်သက်သေခံအက်ဥပဒေပုဒ်မ ၁၁၄ ပါပြဌာန်းချက်များနှင့်ညီညွတ်ရန်လိုသည်။


ထင်ကြေးအရအမှုများကိုမဆုံးဖြတ်ရာဟု 1951 BLR ( S C ) 158 အမှုတွင်၊ယခင်တရားလွှတ်တော်ချုပ်ကထုံးဖွဲ့ထားခြင်းသည်၊အတ္တနောမတိ၊မိမိသဘောဖြင့်ပြဆိုခြင်းမဟုတ်။


စီရင်ထုံးကိုကိုးကားဆုံးဖြတ်ကြောင်းတွေ့မြင်နိုင်သည်။


တရားရုံးများသတိထားအပ်သောတရားစီရင်မှုကိုလွဲချော်စေသည့်ကြီးမားသောအန္တရာယ်တရပ်ဖြစ်သည်ကိုသတိမူကြရန်နှိုးဆော်လိုက်ပါသည်။


အချုပ်ဆိုရသော်ထင်ကြေးသည်၊သက်သေခံအက်ဥပဒေပုဒ်မ ၅ တွင်ရည်ညွှန်းသောသက်သေခံမဟုတ်။


အကြောင်းအရာတရပ်သည်ထင်ကြေးလားသို့မဟုတ်သက်သေခံအက်ဥပဒေပုဒ်မ ၆ နှင့်နောက်ပိုင်းပုဒ်မများတွင်အကျုံးဝင်သောသို့မဟုတ်ပိတ်ပင်ထားသော[ ဥပမာ၊ပုဒ်မ ၉၂ ]အကြောင်းခြင်းရာလား၊ဆန်းစစ်ရာ၌ VOL. I. INDIAN LAW REPORTS. RANGOON SERIES. 102 ( 121 ) ကဲ့သို့သောစီရင်ထုံးများ၏အကူအညီဖြင့်စိစစ်ရန်ဖြစ်သည်။


လွယ်ကူသည်မဟုတ်ပါ။


လက်ကျောတင်းတင်းလုပ်ဆောင်ရမည့်ကိစ္စဖြစ်ချေသည်။


————————-


1948 BLR ( H C ) 625 ( 651 )


APPELLATE CIVIL


Before U Tun Byu and U Aung Tha Gyaw, JJ.


MA E MAI AND ONE (APPELLANTS)


                       v.


MA KYI KYI AND ONE (RESPONDENTS).


Civil First Appeal No. 66 of 1947 arising out of Civil Suit No. 241 of 1940 of the High Court, Rangoon.


1948 July 5. 


အမှုသည် VOL. I. INDIAN LAW REPORTS. RANGOON SERIES. 102 ( 121 ) စီရင်ထုံးကိုကိုးကားလိုက်နာဆုံးဖြတ်သောအမှုဖြစ်သည်။


ကိတ္တိမသမီးအဖြစ်မွေးစားခြင်းဟုတ်၊မဟုတ်ဥပဒေပြဿနာအပေါ်စီရင်ထုံးစာမျက်နှာ-၆၃၅ မှ ၆၅၁ အထိရှုပ်ထွေးလှသောနှုတ်နှင့်စာသက်သေခံများအပေါ်အကျယ်တဝင့်သုံးသပ်ဆုံးဖြတ်သောအမှုဖြစ်သည်။


တရားလွှတ်တော်တရားဝန်ကြီးဦးထွန်းဖြူနှင့်ဦးအောင်သာကျော်တို့ရုံးထိုင်သောခုံရုံးကစီရင်ဆုံးဖြတ်ခြင်းဖြစ်ပြီး၊စီရင်ချက်ကိုတရားဝန်ကြီးဦးအောင်သာကျော်ကရေးသားသည်။


ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[  That courts are bound to insist upon strict proof of adoption. 


The intention to adopt as on heir  is the essential  criterion of keittima  adoption.


While no special  formalilies are required, there must be proof of intention  to adopt on heir by making  such intention public.


The fact that an orphan niece  lived with his childless  uncle and for 7 or 8 years uncle and aunt treated her with affection and that in an inscription on a”kyi-si" deceased by the uncle she was described as the daughter and on the death of the aunt in the obituary notice her name appeared as danghter are not anficient to prove keittima adoption.


It is common knowledge that the words "father " and " mother". " Son" and " daughter " are loosely used by the Burmese. ]


ခုံရုံးကစီရင်ထုံးစာမျက်နှာ-၆၃၈၌၊အောက်ပါအတိုင်းမြွက်ဆိုသည်-


[ There is, however, no evidence either direct or presumptive to support the appellant's contention that either U Ba Lat or Daw Shin had expressed any intention at the time that she was to be their daughter and heir.


But as was pointed out in the case of Maung Po Kan v. Daw At and others (1) 1 Ran. 102. this intention to adopt the appellant as their heir could be expressed by the adoptive parents at the later period or may be inferred from a long course of conduct making such intention public. 


It is in respect of this aspect of her case that the 1st appellant has put forward a number of facts which are more or less admitted on the record. ]


ခုံရုံးကစီရင်ထုံးစာမျက်နှာ-၆၅၀ နှင့် ၆၅၁ ၌၊အောက်ပါအတိုင်းသုံးသပ်၍အဆုံးအဖြတ်ပေးသည်-


[ The conduct of  both parties in the matter renders the existence of a relationship of father and daughter extremely improbable.


The 1st appeliant's allegation that she effected a reconciliation with her adoptive father some seven months after her elopement and that she was presented  on the occasion with a purse of Rs. 3,000 has remained unsupported by any reliable evidence. 


Consiciering that she had to make an application in Court with the help of a pleader to obtain the sum of Rs 2,500 from U Ba Lat out of the funds held by him as receiver of her natural father's estate, the story told by her is clearly unacceptable. 


In the absence of positive evidence of Adoption the significance of this latter fact is clear.


[See Maung Seik v. Ma Thet Pu (1)]. 9 B.L.T. 154


Besides, there is no proof whatever that the father and daughter had exchanged letters or presents at any time before the former's death. 


Above all the 1st appellant herself has admitted that she had no occasion to go and stop with her adoptive father at any time after her marriage.


Complete estrangement between the 1st appellant and her alleged adoptive father following her elopement with the 2nd appellant is clearly proved in the evidence despite her protestations to the contrary and her further allegation that during his last illness U Ba Lat sent for her both by telegram and by messenger would somewhat strain belief and can hardly be accepted as having any basis of truth.


On the appellant's behalf a belated claim has been made that if she be not allowed to succeed in her suit on the basis of her keittima adoption she might be held to have proved her appatittha status. 


In regard to tris alternative claim  the principle of law bearing on the matter may be briefly stated, " The principle underlying the definition of the terms seems to be that an appatittha adoption is a compassionate one which takes place in consequence of the child being destitute with no one in maintain it, through abandonment by, or she decease of, its natural parents or some such similar cause.”


[Tet Tun v. Ma Chein (1).] 5 L.B.R. 216 at p. 218.


In any case such in alternative claim does not appear to be permissible in view of the decision in Maung Ba Thein v. Ma Than Myint and others (2) I.L.R. 3 Ran. 483 where it was hold, “causes of action on which the ciaims to be a keiltima son and an appatittha son are based being widely different, the Court of appeal by allowing the amendment would be practically ordering a new suit to be commenced afresh and that should not be permitted." 


Thus when all the facts and circumstances brought out in the evidence on the record are pieced together and considered in the light of the principles of law applicable to the same, the effect obtained falls far short of a proof of claim of keiltima adoption set up by the appellants, and accordingly this appeal fails and will be dismissed with costs.


U TUN BYU, J.-I agree. ]

————————————



Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580