ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်၊ပုဒ်မ၄၇တွင်အကျုံးမဝင်။


1938 Rangoon Law Reports 580


K. M. C. T. Chidambaram  Chettyar

                      V.

R. M. S. M. Somasundaram Chettyar.


Before Mr. Justice Baguley , and Mr. Justice Mosely.


————————

ဇာရီမှုကိုဆိုင်းငံ့သောအမိန့်သည်၊ပုဒ်မ၄၇တွင်အကျုံးမဝင်။


1959 BLR ( H C ) 257


Ma Tun v. Ma Ah Nyo.


Before U San Maung , J.


————————-

အကျုံးဝင်၊မဝင်ကိစ္စကိုအမှုတမှုစီတွင်ပေါ်ပေါက်သောအကြောင်းခြင်းရာနှင့်ပတ်ဝန်းကျင်အကြောင်းအချက်များအရဆုံးဖြတ်ရမည်။


ဇာရီမှုကိုရက်အကန့်အသတ်မရှိဆိုင်းငံ့ခြင်းကိုအယူခံဝင်နိုင်သည်။


1957 BLR ( H C ) 16


Maung Tha Saing v. Ma Ain Tha.


Before U San Maung , J.


———————

အထက်ဖော်ပြပါအမိန့်များအားအဆင့်မြင့်ရုံးသို့တက်ရောက်လာသောအယူခံမှုများ(တရားမပထမအယူခံ၊တရားမအထွေထွေအယူခံ၊တရားမပြင်ဆင်မှု)ကိုခြေခြေမြစ်မြစ်လေ့လာပြီး၊သက်ဆိုင်ရာပြဌာန်းချက်၊စီရင်ထုံးအပါအဝင်ထုံးသာဓကအကိုးအကားများနှင့်အကြောင်းအကျိုးဆက်စပ်စဉ်းစားဆင်ခြင်လျှင်၊ဥပဒေပြဿနာ၏အဖြေမှန်ကိုတွေ့ရှိနိုင်ပြီး၊မိမိဦးနှောက်ကိုလည်း”သွေး”ရာရောက်ပါသည်။

————————


1938 Rangoon Law Reports 580 


K. M. C. T. Chidambaram  Chettyar

                      V.

R. M. S. M. Somasundaram Chettyar.


Before Mr. Justice Baguley , and Mr. Justice Mosely.


အမှုတွင်၊ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်ကြောင်းအင်္ဂလိပ်တရားသူကြီးနှစ်ဦးဖြစ်သော၊ Baguley နှင့် Mosely တို့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


“An order refusing to stay execution proceedings under O.21, r.29 of the Civil Procedure Code is not appealable order, nor does it come within the purview of s.47 of the Code.


စီရင်ထုံးစာမျက်နှာ၅၈၀ခေါင်းစီးတွင်” Appellate Civil “ဟုဖော်ပြထားသည်။


စီရင်ထုံးစာမျက်နှာ၅၈၀အောက်ခြေမှတ်စုတွင်”Civil First Appeal No.133 of 1937 from the order of the Assistant District Court of Pegu in Civil Ex. No.21 of 1936.”


ဟုဖော်ပြထားချက်အရအဆင့်မြင့်ရုံးသို့တရားမပထမအယူခံအဖြစ်တက်ရောက်ခဲ့သောအမှုဖြစ်သည်။

—————————


1959 BLR ( H C ) 257 


Ma Tun v. Ma Ah Nyo.


Before U San Maung , J.


အမှုတွင်၊ဇာရီမှုကိုဆိုင်းငံ့သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်ကြောင်းတရားဝန်ကြီးဦးစံမောင်ကဆုံးဖြတ်ထားသောအမှုဖြစ်သည်။


စီရင်ထုံးစာမျက်နှာ၂၅၇တွင်ဖော်ပြထားသောခေါင်းစီးနှင့်အောက်ခြေမှတ်စုအရ၊တရားလွှတ်တော်သို့တရားမပြင်ဆင်မှုအဖြစ်တက်ရောက်ခဲ့သောအမှုဖြစ်သည်။

———————


1983 BLR 24 


ဒေါ်ညွန့်ကြည် နှင့် ဒေါ်တင်နွဲ့(၎င်း၏ကိုယ်စားလှယ်ဦးခက်မှတဆင့်)


ဥက္ကဌအဖြစ်ဦးမြကျော်၊အဖွဲ့ဝင်များအဖြစ်ဦးမွန်စံလှိုင်နှင့်ဦးသန့်စင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


အမှုတွင်၊တိုင်းတရားရုံးကဇာရီမှုကိုဆိုင်းငံ့ထားခြင်းမပြုနိုင်ဟုချမှတ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီမဟုတ်သည့်အပြင်၊တိုင်းတရားရုံး၏အမိန့်ကိုအဆိုပါဥပဒေပုဒ်မ၁၀၄(၁)အရဖြစ်စေ၊အမိန့်၄၃၊နည်းဥပဒေ၁အရဖြစ်စေဗဟိုတရားရုံး၌အယူခံဝင်ခွင့်မရှိကြောင်းဆုံးဖြတ်ထားသည်။


ဗဟိုတရားရုံးသို့တရားမအထွေထွေအယူခံမှုအဖြစ်တက်ရောက်လာသောအမှုဖြစ်သည်။

—————


1984 BLR 113 


ဦးကိုကိုလတ် နှင့် ဒေါ်တင်ညွန့်


ဥက္ကဌအဖြစ်ဦးခင်ဇာမုံ၊အဖွဲ့ဝင်များအဖြစ်ဦးလှဘုန်းနှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


အမှုတွင်၊ဇာရီမှုကိုဆိုင်းငံ့ထားရန်ဆုံးဖြတ်သောမြို့နယ်တရားရုံး၏အမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောဒီကရီမဟုတ်ချေ။ပုဒ်မ၁၀၄(၁)နှင့်အမိန့်၄၃၊နည်း၁တွင်အကျုံးဝင်သောအယူခံဝင်ခွင့်ရှိသည့်အမိန့်လည်းမဟုတ်ချေ။သို့ဖြစ်ရာမြို့နယ်တရားရုံးကချမှတ်သည့်အမိန့်ကိုရန်ကုန်တိုင်းတရားရုံးသို့အယူခံဝင်ရောက်ခြင်းမှာဥပဒေနှင့်မညီညွတ်သဖြင့်တိုင်းတရားရုံးကအယူခံကိုပလပ်လိုက်ခြင်းသည်မှန်ကန်သည်ဟုဆုံးဖြတ်ထားသည်။


ဗဟိုတရားရုံးသို့တရားမအထွေထွေအယူခံမှုအဖြစ်တက်ရောက်လာသောအမှုဖြစ်သည်။

—————


1984 BLR 208 


ဒေါ်အိ နှင့် မသောင်းကြည်ပါ၂


ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးခင်ဇာမုံနှင့်ဦးအေးမောင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


အမှုတွင်၊ဇာရီမှုတမှုကိုတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၂၉အရဆိုင်းငံ့ထားပေးရန်လျှောက်ထားသောအခါထိုလျှောက်လွှာကိုပလပ်သောအမိန့်သည်တရားမကျင့်ထုံးဥပဒေပုဒ်မ၂(၂)တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသောဒီကရီမဟုတ်ချေ။ပုဒ်မ၁၀၄(၁)နှင့်အမိန့်၄၃၊နည်း၁တွင်ဖော်ပြထားသောအယူခံဝင်ခွင့်ရှိသည့်အမိန့်မျိုးလည်းမဟုတ်ချေ။သို့ဖြစ်၍မြို့နယ်နှင့်တိုင်းတရားရုံးတို့၏အမိန့်များကိုအယူခံဝင်ခွင့်မရှိဟုဆုံးဖြတ်ထားသည်။


ဗဟိုတရားရုံးသို့တရားမအထွေထွေအယူခံမှုအဖြစ်တက်ရောက်လာသောအမှုဖြစ်သည်။

————-

1996 BLR 1


ဒေါ်ခင်ခင်မေ နှင့် အာဆူးဘီဘီ(ခ)မလှလှဝင်း


တရားရုံးချုပ်တရားသူကြီးဦးတင်အုံးရှေ့တွင်


အမှုတွင်၊ဒီကရီအတည်ပြုခြင်းကိုဆိုင်းငံ့သည့်အမိန့်ကိုဖြစ်စေ၊ဒီကရီအတည်ပြုခြင်းကိုဆိုင်းငံ့ရန်ငြင်းပယ်သည့်အမိန့်ကိုဖြစ်စေ၊အယူခံဝင်ခွင့်မရှိကြောင်း၊ဦးစံဝ နှင့် ဦးချစ်စံအမှု၊မထွန်း နှင့် မညိုအမှု၊ဦးကိုကိုလတ် နှင့် ဒေါ်တင်ညွန့်အမှုတို့ကိုရည်ညွှန်းဆုံးဖြတ်ထားသည်။


တရားရုံးချုပ်သို့တရားမအထွေထွေအယူခံမှုအဖြစ်တက်ရောက်လာသောအမှုဖြစ်သည်။


သို့သော်အမှု၏ထူးခြားချက်တရပ်မှာအယူခံတရားလို၏ရှေ့နေက၎င်းတက်ရောက်ခဲ့သောတရားမအထွေထွေအယူခံမှုကိုတရားမပြင်ဆင်မှုအဖြစ်ပြောင်းလဲကြားနာပေးရန်လျှောက်ထားသောအခါ၊တရားရုံးချုပ်တရားသူကြီးက၊ပြောင်းလဲသတ်မှတ်ပြီးကြားနာမည်ဖြစ်ကြောင်းရှေးဦးစွာအမိန့်ချမှတ်ပြီး၊အပြီးသတ်ဆုံးဖြတ်ချက်တွင်အယူခံကိုခွင့်ပြုခဲ့ခြင်းဖြစ်သည်။


1983 BLR 24 ၊ 1984 BLR 113 ၊ 1984 BLR 208 နှင့် 1996 BLR 1 စီရင်ထုံးများကိုပူးတွဲမှတ်သားထားပြီးယှဉ်တွဲလေ့လာရန်ဖြစ်သည်။


စီရင်ထုံးများကိုလေ့လာရာမှ ပညာ၏အရသာကိုခံစားရသောအခါရှေ့ကိုဆက်ဖတ်သွားရန်နှောင့်နှေးစရာအကြောင်းမရှိနိုင်တော့။

Comments