တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ
[ Cause of Action ]
——————————
၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေူအက်ဥပဒေပုဒ်မ၁၂(၁)(စ)အရစွဲဆိုထားသောအမှုကိုတရားလိုရုံးချိန်းပျက်ကွက်သဖြင့်ပလပ်ခဲ့ရာအိမ်ရှင်သည်နို့တစ်စာအသစ်ပေး၍အမှုကိုထပ်မံစွဲဆိုခွင့်ရှိ၊မရှိပြဿနာမှာလွယ်မယောင်နှင့်ထင်သလောက်မလွယ်ကြောင်းတွေ့ရသည်။
အိမ်ငှါးအားနှင်လိုမှုမစွဲဆိုမီသာမန်အားဖြင့်ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၁၀၆အရလိုအပ်သည့်နို့တစ်စာပေး၍ငှါးရမ်းမှုကိုရပ်စဲရန်လိုအပ်ကြောင်းမသိသူမရှိပါ။
အဆိုပါအမှုများတွင်နို့တစ်စာတရားမဝင်၍အိမ်ရှင်အရေးနိမ့်သောအမှုအများအပြားရှိခဲ့ဖူးပါသည်။
အိမ်ရှင်ကနို့တစ်အသစ်ပေး၍တရားတထုံးထပ်မံစွဲဆိုသောအခါအိမ်ငှါးကပထမအမှုကိုပလပ်သောဆုံးဖြတ်ချက်သည်မီးသေသွားပြီဟုအကြောင်းပြတတ်ပါသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍-
1955 BLR ( H C ) 75 ( 80 )
APPELLATE CIVIL.
Before U San Maung, J.
KIM SOON AND ONE BY AGENT CHIN KAN (APPELLANTS)
V.
CHIN HWET (a) MAUNG SEIN (RESPONDENT).*
1954 Sept. 28.
အမှုတွင်၊ထိုသို့သာနောက်ထပ်အမှုစွဲဆိုခြင်းမပြုနိုင်တော့ဟုဆိုလျှင်အိမ်ငှါးသည်မိမိလက်ရှိဖြစ်သောဥပစာ၏ပိုင်ရှင်အဖြစ်သို့ရောက်ရှိသွားပေလိမ့်မည်၊ထိုသို့ကောက်ယူခြင်းသည်တရားမျှတမှု၊ကျိုးကြောင်းဆီလျော်မှုနှင့်ညီညွတ်မှုမရှိဟုအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ Held: In the absence of a notice in writing by the lessor to the lessee to determine the lease, the lessor cannot sue for and obtain possession of the leased house. ]
စီရင်ထုံးစာမျက်နှာ-၇၆၌၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းသုံးသပ်သည်-
[ Therefore, one of the defences raised in the present suit was that it was barred by the principle of Res Judicata.
However, in our opinion this contention had been rightly rejected by the learned trial Judge Even if the present suit had been one under section 11 (1) (a) of the Urban Rent Control Act, it would be maintainable as to hold otherwise would mean that once a suit is dismissed for want of notice or defect in the notice required to be given under that section, no other suit can be filed the tenant would virtually become the owner of the premises of which he is in occupation.
Such a construction would not be in accord with justice and reason. ]
———————————-
အမှန်ဆိုသော်နို့တစ်စာသည်ဥပဒေနှင့်မညီညွတ်၍အမှုကိုပလပ်လိုက်ခြင်းသည်အမှုကိုအပြီးသတ်ဆုံးဖြတ်ရာမရောက်သဖြင့်မီးသေခြင်းဆိုင်ရာဥပဒေနှင့်သက်ဆိုင်ရန်အကြောင်းမရှိချေ။
တရားလိုရုံးချိန်းပျက်ကွက်သွားသည်ကိုအကြောင်းပြုပြီးပလပ်သောအမှုတွင်ပေါ်ပေါက်သည့်အချင်းဖြစ်အကြောင်းခြင်းရာအပေါ်အခြေခံ၍၊နောက်ထပ်တရားတထုံးစွဲဆိုခြင်းမပြုရဟုတရားမကျင့်ထုံးဥပဒေတွင်ပြဌာန်းထားသည်။
ယင်းဥပဒေတွင်အချင်းဖြစ်အကြောင်းခြင်းရာဆိုသောစကားရပ်ကိုအနက်အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိချေ။
——————————
1959 BLR ( H C ) 314 ( 316 )
APPELLATE CIVIL.
Before U San Maung, J.
U SAUNG (APPELLANT)
V.
U KHIN MAUNG AND ONE (RESPONDENTS).*
1959 Nov. 16.
အမှုတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၂၀(ဂ)ပါ[ အချင်းဖြစ်အကြောင်းခြင်းရာ ]ဆိုသောစကားရပ်ကိုအဓိပ္ပာယ်ဖွင့်ဆိုရာ၌၊တရားရုံး၏စီရင်ချက်ကိုရခွင့်ရှိကြောင်းထောက်ခံရန်အတွက်တဘက်မှငြင်းဆိုလျှင်တရားလိုကသက်သေပြရန်လိုအပ်သည့်အကြောင်းခြင်းရာအသီးသီးကိုဆိုလိုကြောင်း၊တနည်းအားဖြင့်တရားလိုသည်အမှုတွင်အနိုင်မရမီသက်သေပြရန်လိုအပ်သည့်အကြောင်းခြင်းရာစုဖြစ်ကြောင်းအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
[ "Cause of action” occurring in s. 20 (c) of the Civil Procedure Code means every fact which if traversed, it would be necessary for the plaintiff to prove in order to support his right to the judgment of the Court.
In other words, it is a bundle of facts which it is necessary for the plaintiff to prove before he can succeed in the suit. ]
စီရင်ထုံးစာမျက်နှာ-၃၁၅၌၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းမြွက်ဆိုသည်-
[ "Cause of action" means every fact which if traversed, it would be necessary for the plaintiff to prove in order to support his right to the judgment of the Court.
In other words, it is a bundle of facts which it is necessary for the plaintiff to prove before he can succeed in the suit. (See note to section 20 in the Code of Civil Procedure by D. F. Mulla, 12th Edition.) ]
———————————
၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(စ)အရစွဲဆိုသောအမှုတွင်၊အချင်းဖြစ်အကြောင်းခြင်းရာမှာအောက်ပါအတိုင်းဖြစ်သည်-
(က)တရားပြိုင်သည်တရားလို၏အိမ်ငှါးဖြစ်ခြင်း။
(ခ)ငှါးရမ်းခြင်းကိုပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေနှင့်အညီရပ်စဲသော်လည်းတရားပြိုင်သည်အငှါးချထားသည့်အိမ်မှဖယ်ရှားမပေးခြင်း။
(ဂ)အချင်းဖြစ်အိမ်ကိုတရားလိုကအကြောင်းအားလျော်စွာရိုးဖြောင့်သောသဘောဖြင့်မိမိကိုယ်တိုင်နေထိုင်ရန်ကိစ္စသက်သက်ရယူလိုခြင်း။
(ဃ)တရားလိုသည်အချင်းဖြစ်အိမ်ကို၁-၅-၄၅နေ့ကပိုင်ဆိုင်သူသို့မဟုတ်ထိုနေ့ရက်နောက်မှအမွေဆက်ခံခြင်းဖြင့်ပိုင်ရှင်ဖြစ်လာသူဖြစ်ခြင်း။
ရုံးချိန်းပျက်သဖြင့်နို့တစ်စာအသစ်ပေး၍၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(စ)အရအမှုသစ်စွဲဆိုရာတွင်နို့တစ်စာအသစ်ပေးခြင်းကြောင့်အထက်ဖော်ပြပါအချက်(၄)ရပ်အနက်အချက်(ခ)တွင်ကွဲလွဲမှုရှိမည်ဖြစ်သည်။
သို့ရာတွင်ကျန်အချက်(၃)ချက်နှင့်စပ်လျဉ်း၍ခြားနားမှုမရှိပါမူ၊နောက်စွဲသောအမှုတွင်အခြေခံသည့်အချင်းဖြစ်အကြောင်းခြင်းရာသည်တူသည်ဟုဆိုရမည်ဖြစ်၍အမိန့်၉၊နည်း၉ပါပြဌာန်းချက်များကပိတ်ပင်မည်ဖြစ်သည်။
ယင်းပြဿနာနှင့်စပ်လျဉ်း၍စီရင်ထုံးထွက်ပေါ်ခြင်းမရှိသေးချေ။
—————————————
သို့ရာတွင်-
1983 BLR 95 ( 97 )
ဥက္ကဌအဖြစ်ဦးလှဘုန်း၊အဖွဲ့ဝင်များအဖြစ်ဦးထွန်းရှိန်နှင့်ဦးခင်ဇာမုံတို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်
ဦးစိန်ရ နှင့် ဦးစိန်
အမှုတွင်ဦးစိန်သည်ဦးစိန်ရအပေါ်အချင်းဖြစ်အိမ်မှနှင်ထုတ်ပေးစေရန်မြို့နယ်တရားရုံးတွင်တရားစွဲဆိုပြီးနောက်အမှုကိုရုပ်သိမ်းပြီးနို့တစ်စာအသစ်ပေး၍၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(စ)အရထပ်မံတရားစွဲဆိုရာအောက်ရုံးများတွင်အနိုင်ရရှိသဖြင့်ဗဟိုတရားရုံးတွင်အယူခံဝင်သောအခါအိမ်ငှါးဘက်မှရှေ့နေကအိမ်ရှင်၏လျှောက်ထားချက်အရပထမအမှုကိုမြို့နယ်တရားရေးဦးစီးမှုးကရုပ်သိမ်းခွင့်ပြုခဲ့သည်ဖြစ်၍တရားမကျင့်ထုံးဥပဒေအမိန့်၂၃၊နည်း၁(၃)အရအမှုသစ်စွဲဆိုခွင့်မရှိကြောင်းတင်ပြရာ၊ဗဟိုတရားရုံးကအိမ်ရှင်သည်နို့တစ်အသစ်ပေး၍စွဲဆိုသည်ဖြစ်၍၊ယခင်အမှုတွင်ပေါ်ပေါက်ခဲ့သောအချင်းဖြစ်အကြောင်းအရာနှင့်မတူသောကြောင့်နောက်စွဲဆိုသောအမှုကိုအမိန့်၂၃၊နည်း၁(၃)ပါပြဌာန်းချက်များကပိတ်ပင်သည်ဟုကောက်ယူရန်မသင့်ကြောင်းဆုံးဖြတ်သည်။
ထိုသို့ဆိုလျင်နို့တစ်အသစ်ပေး၍စွဲဆိုသောအမှုတွင်အချင်းဖြစ်အကြောင်းခြင်းရာသစ်ပေါ်ပေါက်သည့်သဘောသက်ရောက်သည်ဖြစ်ရာအထက်တွင်ဖော်ပြခဲ့သည့်စာရေးသူ၏အမြင်မှာမှန်ကန်နိုင်ဖွယ်ရာမရှိပါ။
သို့ရာတွင်စောဒကတက်ရန်အချက်များရှိပါသည်။
ပထမအချက်မှာမြို့နယ်တရားရေးဦးစီးမှုးသည်အမှုကိုရုပ်သိမ်းရန်ခွင့်ပြုခွင့်ရှိပါမည်လား ?
နောက်တချက်မှာဗဟိုတရားရုံးတွင်တင်ပြသောပြဿနာကိုမူလရုံးတွင်တင်ပြခဲ့ခြင်းမရှိ၍၊ပထမအမှုကိုမည်သည့်အခြေအနေ၌၊ရုပ်သိမ်းခဲ့ကြောင်းမသိရချေ။
အမှုသစ်စွဲဆိုခွင့်ပြုခဲ့ခြင်းရှိမရှိလည်းမသိရချေ။
————————————
တရားစွဲဆိုရန်အကြောင်း၏အဓိပ္ပါယ်
ဦးဖိုးသီးနှင့်မောင်ကျော်ဆင့်၊၁၉၅၂ မတစ ( တရားလွှတ်တော် ) ၄၁၀အမှု
ဦးဆောင်းနှင့်ဦးခင်မောင်ပါ၂၊၁၉၅၉ မတစ ( တရားလွှတ်တော် ) ၃၁၄အမှုနှင့်
ရှမ်တီးလား( လ် )စူရပ်( ဂျ် )မား( လ် )မီတား နှင့် မာရီယမ်ဘီဘီ ပါ၇၊၁၉၆၀ မတစ ၃၅၉(၃၇၁)
အမှုအပါအဝင်အင်္ဂလိပ်ဘာသာဖြင့်ဆုံးဖြတ်သောစီရင်ထုံးများတွင်
[ Cause of action means every fact which , if traversed , will be necessary for the plaintiff to prove in order to support his right to the judgment of the Court. ]
ဟုတထပ်တည်းအဓိပ္ပာယ်ဖွင့်ဆိုသည်။
—————————————
1995 BLR 54 ( 60 )
တရားမပထမအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးအောင်မြင်ရှေ့တွင်
ဦးညွန့်သိန်းပါ-၅ နှင့် ဒေါ်အေဒါစန်းမောင်
၁၉၉၅ အောက်တိုဘာလ ၂၅ရက်။
အမှုတွင်၊မြန်မာဘာသာဖြင့်အဓိပ္ပါယ်ဖွင့်ဆိုထားချက်ကိုတရားရုံးများတွင်ကိုးကားတင်ပြလေ့ရှိသည်။
ထိုစီရင်ထုံးပါ[ တရားစွဲဆိုရန်အကြောင်း ]ဆိုရာ၌တဖက်မှငြင်းဆိုပါကတရားလိုအနေဖြင့်မိမိ၏အခွင့်အရေးကိုအထောက်အခံအဖြစ်သက်သေထင်ရှားပြရန်လိုအပ်သော အကြောင်းခြင်းရာအသီးသီးဖြစ်သည်ဟုအဓိပ္ပါယ်ဆောင်သည်၊ဟုအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုအင်္ဂလိပ်ဘာသာဖြင့်အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်နှိုင်းယှဉ်ဖတ်ရှုပါကအင်္ဂလိပ်ဘာသာအဓိပ္ပါယ်ဖွင့်ဆိုချက်ပါ[ to the judgment of the Court ]ဟူသောထုံးဖွဲ့ချက်ကျန်ရှိနေသဖြင့်မပြည့်စုံသည်ကိုတွေ့မြင်နိုင်သည်။
ဦးဆောင်းအမှုတွင်၊တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုတွင်အနိုင်မရနိုင်မီသက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုဖြစ်ကြောင်းအဓိပ္ပာယ်ဖွင့်ဆိုချက်သည်ပို၍ရှင်းလင်းသော်လည်းထိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတရားရုံးများ၌ကိုးကားလျှောက်လဲခြင်းမပြု၊ကိုးကားဆုံးဖြတ်သောတရားရုံးအရေအတွက်လည်းနည်းသေးသည်ကိုတွေ့ရသည်။
စီရင်ထုံးများပါ[ if traversed ][ ငြင်းလျှင် ]ဟူသောစကားရပ်အရတရားလို၏အဆိုပြုချက်များကိုတရားပြိုင်ကငြင်းလျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟု မှားယွင်းသောအယူအဆတရပ်ပေါ်ပေါက်လျှက်ရှိသည်။
တရားမကျင့်ထုံးဥပဒေအမိန့် ၇၊နည်း၁( င )နှင့်၁၁( က )ပါပြဌာန်းချက်များကိုသတ္တုချကြည့်လျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းရှိမရှိပြဿနာသည်အမိန့် ၇ အဆင့်ကိုကျော်ပြီးနောက်အမိန့်၈အဆင့်ရောက်မှတင်သွင်းရသောချေလွှာပါထုချေချက်နှင့်လုံးဝမသက်ဆိုင်သည်မှာပေါ်လွင်သည်။
ထိုသို့မသက်ဆိုင်ကြောင်း ၁၉၆၀ မတစ ( တရားလွှတ်တော် ) ၃၅၉အမှုတွင်ခုံရုံးကစီရင်ထုံးစာမျက်နှာ၃၇၁နှင့် ၃၇၂တွင်စီရင်ထုံးအကိုးအကားဖြင့်ရှင်းပြသည်။
အမှုနိုင်ရန်တရားလိုကသက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုသည်၊တရားစွဲဆိုရန်အကြောင်းဖြစ်သည်။
ထိုအကြောင်းခြင်းရာများကိုတရားပြိုင်ကငြင်းလျှင်အားလုံးကိုတရားလိုကသက်သေထင်ရှားပြရန်ဖြစ်သည်။
အချို့ကိုသာငြင်းလျှင်မူငြင်းသမျှကိုသက်သေထင်ရှားပြရန်တာဝန်ရှိသည်။
သို့ဖြစ်ရာတရားပြိုင်ကငြင်းလျှင်ဆိုခြင်းသည်တရားလိုကသက်သေထင်ရှားပြရန် လိုအပ်မှု၊မလိုအပ်မှုနှင့်သာလျှင်သက်ဆိုင်သည်။
တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ခြင်းနှင့်စပ်လျဉ်းမှုမရှိချေ။
——————————————————-
တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေခြင်းမရှိ၍အဆိုလွှာကိုပယ်ခြင်းနှင့်တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်၍အမှုကိုပလပ်ခြင်းတို့ကွဲပြားခြားနားခြင်း။
တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်၍အမှုပလပ်သည့်ထုံးသာဓကကို ဦးဆောင်း နှင့် ဦးခင်မောင် ပါ၂ ၊ ၁၉၅၉ မတစ ( တရားလွှတ်တော် ) ၃၁၄အမှုတွင်လည်းကောင်း၊လူမွဲအဖြစ်တရားစွဲဆိုခွင့်ပြုရန်လျှောက်လွှာနှင့်ပူးတွဲထားသောအဆိုလွှာသည် တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းသိသာထင်ရှားစေခြင်းမရှိဟုအကြောင်းပြကာလျှောက်လွှာကိုပယ်ခဲ့သည့်အခြားသာဓကကို ဦးဖိုးခ နှင့် မကြီး ၊ အေအိုင်အာ ၊ ၁၉၃၅ ရန်ကုန် ၄၉၇အမှုတွင်လည်းကောင်းတွေ့ရသည်။
တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆိုကာအမှုကိုဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်သည့်ထုံးသာဓကဟူ၍မရှိသေး။
အဆိုလွှာပါအဆိုပြုချက်များကတရားစွဲဆိုရန်အကြောင်းသိသာထင်ရှားခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရန်၊တရားမကျင့်ထုံးဥပဒေအမိန့် ၇၊နည်း ၁၁ ( က )တွင်ပြဌာန်းထားသည်။
တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေလျှင်မူအမှုကိုဆက်လက်စစ်ဆေးရန်ဖြစ်သည်။
ဤခြားနားချက်ကိုသတိပြုရန်လိုသည်။
တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်ရာ၌အမှုသွားအမှုလာအပေါ် အခြေခံဆုံးဖြတ်ရသည်။
အမိန့် ၇၊နည်း ၁၁ ( က )မှာကဲ့သို့တရားစွဲဆိုရန်အကြောင်းအဆိုလွှာကသိသာထင်ရှားစေခြင်းရှိမရှိမျှသာဆုံးဖြတ်ရန်မဟုတ်။
နောက်တဆင့်တက်၍တရားစွဲဆိုရန်အကြောင်းအမှန်တကယ်ပေါ်ပေါက်ခြင်း ရှိမရှိ ဦးဆောင်းအမှုနှင့်ဦးဖိုးခအမှုများမှာကဲ့သို့အမှု၏အကျိုးအပြစ်[ merits of the case ]ကိုသက်ဆိုင်ရာဥပဒေနှင့်ပေါင်းစပ်ပြီးစိစစ်ဆုံးဖြတ်ရန်ဖြစ်သည်။
တရားစွဲဆိုရန်အကြောင်းကိုအဓိပ္ပာယ်ဖွင့်ဆိုသော၊ဦးဖိုးသီးအမှု ၊ ၁၉၅၂ မတစ ( တရားလွှတ်တော် ) ၄၁၀ အပါအဝင်စီရင်ထုံးများကဆိုင်ရာအမှုတွင်တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုဆိုင်ရာတရားရုံးများကဖော်ထုတ်ရာ၌အထောက်အကူရနိုင်ရန်ပြဆိုသောလမ်းညွှန်ချက်မျှသာဖြစ်သည်။
စီရင်ချက်ပီသရန်ကိုးကားဖို့သက်သက်ရည်စူးခြင်းမရှိသည်ကိုတရားရုံးများကသတိမူမိပုံမပေါ်ကြောင်းအဆင့်ဆင့်သောစီရင်ချက်များသည်သာဓကပြနေသည်ကိုတွေ့ရသည်။
အမှန်စင်စစ်တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာနှင့် တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည့်နေ့ကိုအဆိုလွှာ၌ဖော်ပြရန်ညွှန်ကြားသော အမိန့်၇၊နည်း၁( င )ပါပြဌာန်းချက်များအရပင်တရားစွဲဆိုရန်အကြောင်း၏အဓိပ္ပါယ်ကိုမြင်သာစေသည်ဟုဆိုရမည်ဖြစ်သည်။
ထိုအကြောင်းခြင်းရာများကိုသက်သေထင်ရှားပြမှသာလျှင်တရားလိုသည်မိမိစွဲဆိုသောအမှု၌အနိုင်ရရှိမည်ဖြစ်သည်။
ထိုဥပဒေသဘောကိုဋီကာချဲ့ပြီးပြောဖို့လိုသည်မဟုတ်။
တရားလိုအဆိုပြုသောထိုအကြောင်းခြင်းရာများကိုတရားပြိုင်ကမငြင်းလျှင် သက်သေပြရန်လိုမည်မဟုတ်။
ငြင်းမှသာလျှင်သက်သေပြရန်ဖြစ်သည်ဆိုသော ဥပဒေသဘောကိုလည်းရှည်ရှည်ဝေးဝေးတွေးရန်အကြောင်းမရှိချေ။
သို့ဖြစ်ရာ တရားစွဲဆိုရန်အကြောင်း၏အဓိပ္ပာယ်မှာအမိန့် ၇၊နည်း၁( င )အရပင်ထင်ရှားသောအချက်ဖြစ်သည်။
သို့ဖြစ်၍လည်းထိုပြဌာန်းချက်အရလိုအပ်သည့်အတိုင်းအဆိုလွှာကိုရေးသားတရားစွဲဆိုလျက်ရှိသည်မှာမငြင်းနိုင်သောအချက်ဖြစ်သည်။
သို့သော်လက်တွေ့၌တရားစွဲဆိုရန်ဖြစ်မြောက်စေသောအကြောင်းခြင်းရာများကို အဆိုပြုရာ၌အမိန့် ၆၊နည်း၂အရလိုအပ်သည့်အတိုင်းအရေးပါသောအကြောင်းခြင်းရာများကိုသာအဆိုမပြု။
နည်း၂ပါပိတ်ပင်ချက်ကိုဘေးချိတ်ကာထိုအကြောင်းခြင်းရာများကိုသက်သေထင်ရှားပြရန်ဖြစ်သည့်သက်သေခံချက်များနှင့်ရောထွေးဖော်ပြအဆိုပြုခြင်းကြောင့်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုပီပီပြင်ပြင်အဆိုမပြုနိုင်ကြောင်းတွေ့ရသည်။
လိုအပ်သမျှတိုတိုတုတ်တုတ်ဖော်ပြထားသောအဆိုလွှာကတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းသိသာထင်ရှားစေခြင်းရှိမရှိတရားရုံးများကအဆုံးအဖြတ်ပေးရာ၌များစွာအထောက်အကူရစေသည်မှာယုံမှားဖွယ်မရှိချေ။
တရားမကျင့်ထုံးဥပဒေအမိန့် ၆၊နည်း၂နှင့်အညီမဟုတ်ဘဲရှည်လျားစွာရေးထားသောအဆိုလွှာ၌တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကို စိစစ်ဖော်ထုတ်ရသည့်အလုပ်သည်ကောက်ရိုးပုံတွင်အပ်ရှာရသည်နှယ်အချိန်ကုန်လူပမ်းဖြစ်ချေသည်ကိုအဆိုလွှာရေးသောရှေ့နေရှေ့ရပ်များသတိထားသင့်သည်။
—————————
အဆိုပြုချက်များကိုတရားပြိုင်ဘက်မှငြင်းလျှင်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်နိုင်သလော?
ဦးဖိုးသီးအမှုအပါအဝင်စီရင်ထုံးများပါ[ ငြင်းလျှင် ][ if traversed ]ဟူသောစကားရပ်ကိုအကြောင်းပြုပြီးအဆိုလွှာပါအဆိုပြုချက်များကိုတရားပြိုင်ဘက်မှငြင်းပါက တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုတရားရုံးချုပ်အပါအဝင်တရားရုံးများကဆုံးဖြတ်သည်ကိုဖတ်ရဖူးသည်။
တရားပြိုင်ဘက်မှချေလွှာတင်ရန်ပြဌာန်းထားသောတရားမကျင့်ထုံးဥပဒေအမိန့် ၈မတိုင်မီ၊ပုဒ်မ၂၀( ဂ )၊အမိန့်၂၊နည်း၂( ၃ )၊အမိန့်၇၊နည်း၁( င )နှင့်နည်း၁၁( က )တို့တွင်[ တရားစွဲဆိုရန်အကြောင်း ]စကားရပ်အားရည်ညွှန်းထားခြင်းကိုထောက်ချင့်ပါကတရားစွဲဆိုရန်အကြောင်းဟူသောစကားရပ်သည်ချေလွှာနှင့်မသက်ဆိုင်ကြောင်း မြင်သာသည်။
နည်း၁(င)ပါ[ facts constituting the cause of action ][ တရားစွဲဆိုရန်အကြောင်းကိုဖြစ်မြောက်စေသောအကြောင်းခြင်းရာများ ]ဟူသောစကားရပ်ကတရားစွဲဆို ရန်အကြောင်း၏အဓိပ္ပာယ်ကိုပေါ်လွင်စေသဖြင့်ထိုစကားရပ်ကိုတရားမကျင့်ထုံးဥပဒေတွင်သီးခြားအဓိပ္ပာယ်ဖွင့်ဆိုခြင်းမပြုဘဲချန်လှပ်ထားခြင်းဖြစ်တန်ရာသည်။
ဦးဆောင်းအမှု ၁၉၅၉ မတစ ( တရားလွှတ်တော် ) ၃၁၄တွင်တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုတွင်အနိုင်မရမီသက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာစုဟုပြဆိုခြင်းသည်နည်း၁( င )ပါပြဌာန်းချက်အဓိပ္ပာယ်ကိုပိုမိုရှင်းလင်းရာရောက်သည်။
စီရင်ထုံးပါအမှုတွင်အနိုင်မရမီဟူသောစကားရပ်သည်အမှုတွင်အနိုင်ရရန်
အဓိပ္ပာယ်ရသည်ဟုတနည်းဆိုနိုင်သည်။
———————————-
မူလတရားရုံးသည်ပဏာမငြင်းချက်ကိုဖြေဆိုဆုံးဖြတ်ရာ၌တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်ခွင့်ရှိသလော ?
တရားမကျင့်ထုံးဥပဒေအမိန့်၇၊နည်း၁( င )တွင်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကိုအဆိုလွှာ၌အဆိုပြုရမည်ဟူ၍လည်းကောင်း၊နည်း၁၁( က )တွင်[ The plaint shall be rejected where it does not disclose a cause of action ]ဟူ၍လည်းကောင်းပြဌာန်းထားရာစာရေးသူရေးသောတရားမကျင့်ထုံးဥပဒေဒုတိယတွဲရှိနည်း၁၁( က )ပါပြဌာန်းချက်များကိုအဆိုလွှာကတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းထင်ရှားသိသာစေခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရမည်ဟုဘာသာပြန်ထားခြင်းကမလိုလားအပ်သောပြဿနာကိုပေါ်ပေါက်စေကြောင်းတွေ့ရသည်။
တပ်မတော်နည်းဥပဒေများကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်ပြဌာန်းထားရာနည်း၄၈ ပါ[ it ( charge ) does not disclose an offence under the Act ]ဟူ၍လည်းကောင်း၊[ အက်ဥပဒေအရဖြစ်သောပြစ်မှုကိုကျူးလွန်ကြောင်းထင်ရှားသိသာစေသည့်စွဲချက်မဟုတ် ]ဟူ၍လည်းကောင်းပြဌာန်းထားသည်ကိုမှီး၍ဘာသာပြန်ခြင်းဖြစ်သည်။
နည်း၄၈၌[ ကျူးလွန်ကြောင်း ]ဟူသောစကားရပ်မပါသော်လည်းစကားချောမွေ့စေရန်ဖြည့်၍မြန်မာဘာသာပြန်သည့်နည်းတူတရားမကျင့်ထုံးဥပဒေအမိန့် ၇၊နည်း၁၁( က )ကိုဘာသာပြန်ရာ၌ချောမွေ့ပြေပြစ်စိမ့်သောငှာ[ ပေါ်ပေါက်ကြောင်း ]ဟူသောစကားရပ်ကိုထည့်၍ဘာသာပြန်ခြင်းသည်တရားခံဖြစ်နေသည်ကိုတွေ့ရသည်။
တရားမကျင့်ထုံးဥပဒေကိုအင်္ဂလိပ်ဘာသာဖြင့်ပြဌာန်းထားခြင်းဖြစ်သည်။
ရာဇသတ်ကြီးသည်[ The Penal Code ]၏တရားဝင်ပြဌာန်းချက်ဖြစ်သည်။
တရားမကျင့်ထုံးဥပဒေပါမူရင်းပြဌာန်းချက်အရတရားမမှုများကိုစီရင်ရာ၌အထောက်အကူရစေခြင်းငှာစာရေးသူကမြန်မာဘာသာပြန်ဆိုခြင်းဖြစ်သည်။
တရားရုံးများသည်တရားမကျင့်ထုံးဥပဒေပြဌာန်းချက်အရသာလျှင်အမှုများကိုဆုံးဖြတ်ရန်ဖြစ်သည်ကိုသတိချပ်သင့်သည်။
နည်း၁(င )ပါပြဌာန်းချက်များဖြစ်သည့်[ facts constituting a cause of action ]နှင့် ပူးတွဲဖတ်ရှုလျှင်နည်း၁၁( က )သည်[ The plaint shall be rejected where it does not disclose facts constituting a cause of action ]ဟုအဓိပ္ပာယ်ရသည်ဖြစ်ရာ အဆိုလွှာကတရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများကို ထင်ရှားသိသာစေခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရမည်ဟုအဓိပ္ပာယ်ရသည်မှာယုံမှားဖွယ်မရှိ။
စာရေးသူကထိုသို့ဘာသာမပြန်ရခြင်းသည်နည်း၁၁( က )ပါပင်ရင်းပြဌာန်းချက်တွင်မပါသည့်စကားရပ်များကိုဖြည့်စွက်လွန်းရာရောက်သွားခြင်းကိုရှောင်ရှားလိုခြင်းကြောင့်ဖြစ်သည်။
တရားစွဲဆိုရန်အကြောင်းဟူသည်တရားလိုအမှုနိုင်ရန်သက်သေထင်ရှားပြရမည့် အကြောင်းခြင်းရာများဖြစ်သည်။
နှစ်ဘက်တင်ပြသောသက်သေခံချက်များကို မရယူသေးမီတရားပြိုင်ဘက်မှမငြင်းသောအကြောင်းခြင်းရာများမှအပအဆိုလွှာပါကျန်အကြောင်းခြင်းရာများသည်သက်သေထင်ရှားခြင်းမရှိနိုင်သေးသည့်အလျောက်တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုမည်သို့ဆိုနိုင်ပါမည်နည်း။
———————————————-
တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆိုခြင်းသည်တရားလိုအမှုနိုင်ရန် သက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာများသက်သေထင်ရှားသည်ဟုဆိုရာရောက်သည်ဖြစ်၍သက်သေများကိုမစစ်ဆေးမီတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆိုနိုင်ပါမည်လား?
သက်သေခံချက်များမရယူမီအဆင့်တွင်အဆိုလွှာ၌အဆိုပြုသောအကြောင်းခြင်းရာများသည်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေခြင်းရှိမရှိသာလျှင်စိစစ်ဆုံးဖြတ်နိုင်သည်။
တနည်းဆိုရသော်ထိုအကြောင်းခြင်းရာများထင်ရှားခဲ့လျှင်တရားလိုသည်နိုင်ခြေရှိမရှိသာလျှင်ဆုံးဖြတ်ရန်ဖြစ်သည်။
ဦးဆောင်းအမှုမှာကဲ့သို့တရားလိုသည်တောင်းဆိုသောသက်သာခွင့်လုံးဝမရနိုင်သောအမှုမျိုးတွင်တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဟုအကြောင်းပြပြီးအမှုကိုပလပ်နိုင်သည်။
ဥပမာ - မြန်မာဗုဒ္ဓဘာသာဖခင်ကွယ်လွန်သွားသည်ကိုအကြောင်းပြုပြီးဩရသသမီးကမိခင်အပေါ်ဖခင်ကျန်ရစ်သောအမွေမှဩရသဝေစုရလိုကြောင်းတရားစွဲဆိုခွင့်မရှိသဖြင့်သမီးစွဲဆိုသောအမှုတွင်တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဟုအကြောင်းပြပြီးအမှုကိုပလပ်နိုင်သည်။သို့မဟုတ်သမီးသည်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရန်အခွင့်အရေး[ Locus standi ]မရှိခြင်းကြောင့်အမှုကိုပလပ်နိုင်သည်။
တဖက်တွင်ပဏာမငြင်းချက်ကိုဆုံးဖြတ်ရာ၌မူလတရားရုံးကတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုဆုံးဖြတ်ခွင့်မရှိ။
သက်သေခံအထောက်အထားမရှိသေးဘဲအမှုနိုင်ရန်တရားလိုသက်သေထင်ရှားပြရမည့်အကြောင်းခြင်းရာများသည်သက်သေထင်ရှားသည်ဟုဆုံးဖြတ်ရာရောက်သဖြင့်စီရင်ပိုင်ခွင့်အာဏာမရှိဘဲအထောက်အထားမဲ့ဆုံးဖြတ်ခြင်းဖြစ်သည်။
သို့ဖြစ်၍လည်းတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဖြစ်၍အမှုကိုဆက်လက်စစ်ဆေးနိုင်ကြောင်းပြဆိုသည့်ထုံးသာဓကမရှိခြင်းဖြစ်သည်။
အဆိုလွှာကတရားစွဲဆိုရန်အကြောင်းခြင်းရာများကိုထင်ရှားသိသာစေသည်ဟုအကြောင်းပြကာ[ ကျန်ငြင်းချက်များနှင့်စပ်လျဉ်း၍ ]အမှုကိုဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်းသာလျှင်ဆုံးဖြတ်ခွင့်ရှိသည်။
—————————————-
1952 BLR ( H C ) 410 ( 412 )
APPELLATE CIVIL.
Before U Aung Khine, J.
U PO THI AND ONE (APPLICANTS)
V.
MAUNG KYAW SINT (RESPONDENT).*
1952 Oct. 30.
အမှုတွင်တရားဝန်ကြီးဦးအောင်ခိုင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ Held: "Cause of action" means every fact which, if traversed, will be necessary for the plaintiff to prove in order lo support his right to the judgment of the Court.
The cause of action must be antecedent to the institution of the suit.
When the plaintiff files his suit for any relief before he is entitled to it, his suit is bound to fail for want of a cause of action..
Order 7 Rule 11 in very clear terms lays down that the plaint shall be rejected where it does not disclose a cause of action.
In re V. K. F. Chockalingam Ambalam v. Maung Tin and others, I.L.R. 14 Ran. 173 at 185, referred to. ]
——————————
1959 BLR ( H C ) 314 ( 316 )
APPELLATE CIVIL.
Before U San Maung, J.
U SAUNG (APPELLANT)
V.
U KHIN MAUNG AND ONE (RESPONDENTS).*
1959 Nov. 16.
အမှုတွင်တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ "Cause of action” occurring in s. 20 (c) of the Civil Procedure Code means every fact which if traversed, it would be necessary for the plaintiff to prove in order to support his right to the judgment of the Court.
In other words, it is a bundle of facts which it is necessary for the plaintiff to prove before he can succeed in the suit. ]
——————————————
1960 BLR ( H C ) 359 ( 376 )
APPELLATE CIVIL.
Before U Chan Tun Aung, C.J. and U San Maung, J.
SHANTILAL SURAJMAL MEHTA (APPELLANT)
V.
MARIAM BIBI AND SIX OTHERS (RESPONDENTS).*
1960 July. 25.
အမှုတွင်တရားဝန်ကြီးချုပ်ဦးချန်ထွန်းအောင်ကစီရင်ထုံးစာမျက်နှာ-၃၇၀၊၃၇၁၊၃၇၂၌၊အောက်ပါအတိုင်းကျယ်ကျယ်ပြန့်ပြန့်သုံးသပ်သည်-
[ Regarding the third point raised having reference to the expression " cause of action" in a suit founded on contract; we shall have to, first of all, clear what the expression "cause of action" in a suit really means and in so ascertaining its meaning we must have reference to the substance rather than the form of claim made out in the plaint, although it has been compendiously defined to mean every fact which would he necessary for the plaintiff to prove if traversed in order to support his right to the judgment of the Court" , as per Bragg, J. in Cooke v Gill (1) (1873) 8 C.P. 107: and by Esher in Read v. Brown_(2). (1889) 22. Q.B.D. 128. [See also Ma Pwa Shin v. U Po Sin and another (3).(1937) 1.C. 946 ]
But, we should also note that, in ascertaining what the real cause of action in a suit is, we are not to be influenced by what the defendant may set up in his defence; it should be determined only with reference to main substance rather than the form of action, or in other words, the media upon which the plaintiff asks the Court to arrive at the conclusion in his favour.
In the enunciation of this principle the following observation of Lord Watson in delivering the judgment of their Lordships of the Privy Council in Chand Kour and another v. Partab Singh (4) (1889) I.L.R. 16 Cal. 98 at 102. is most illuminating:
"Now the cause of action has no relation whatever to the defence which may be set up by the defendant, nor does it depend upor the character of the relief prayed for by the plaintift. It refers entirely to the grounds set forth in the plaint as the cause of action, or, in other words, to the media upon which the plaintiff asks the Court to arrive at a conclusion ig his favour."
Prinsep, J., in the Full Bench case of Duncan Brotheis & Co. v. Jeetmull Greedharee Lall (5) (1892) I.L.R.[ 19 Cal. 372 at 379. also expressed the view that the term " cause of action" is to be construed with reference to substance rather than to the form of action.
In Ma Pwa Shin's case (3)(1937) 1.C. 946. the late High Court of Judicature at Rangoon also accepts the view that the cause of action in a suit consists of facts upon which the plaintiff is entitled to base a claim in a suit with reference to the subject-matter of the suit; that the claim the plaintift makes is not material; and that the deciding factor in determining the cause of action is the claim which the plaintiff is entitled to make.
Now, with the guidance we have in the light of the definition of "cause of action" as enunciated in those decisions, when we examine the plaintiff's suit in the form it has been framed, we have not the slightest doubt. that the real substance of his claim is damages for breach of contract, inasmuch as the defendant-appellant has, in reply to Exhibit " A" demand notice sent by the plaintiff, refused the redemption of the pledged articles.
If the plaintiff's suit is in substance a suit based upon breach of contract, then the cause of action in such a suit, as pointed out by the learned trial Judge, arises in any of the following places:
(I) The place where the contract was made.
(2) The place where the contract was to be per-formed.
(3) The place where in performance of the contract any money to which the suit relates was expressly or impliedly payabie., ]
—————————————-
1995 BLR 54 ( 60 )
တရားမပထမအယူခံမှု
တရားရုံးချုပ်တရားသူကြီးဦးအောင်မြင်ရှေ့တွင်
ဦးညွန့်သိန်းပါ-၅ နှင့် ဒေါ်အေဒါစန်းမောင်
၁၉၉၅ အောက်တိုဘာလ ၂၅ရက်။
အမှုတွင်၊တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ ဆုံးဖြတ်ချက်။ ။အဆိုလွှာအရတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ဟုသိသာထင်ရှားစေခြင်းရှိ၊မရှိသုံးသပ်ရာတွင်တရားစွဲဆိုရန်အကြောင်း[ cause of action ]ဟူသောစကားရပ်၏သဘောအဓိပ္ပာယ်ကိုလည်းကြည့်ရှုရန်လိုမည်
ဖြစ်သည်။
[ တရားစွဲဆိုရန်အကြောင်း ]ဆိုရာ၌၊တဘက်မှငြင်းဆိုပါကတရားလိုအနေဖြင့်မိမိ၏အခွင့်အရေးကိုအထောက်အခံအဖြစ်သက်သေထင်ရှားပြရန်လိုအပ်သောအကြောင်းခြင်းရာအသီးသီးဖြစ်သည်ဟုအဓိပ္ပာယ်ဆောင်သည်။ ]
ထိုစီရင်ထုံးပါ[ တရားစွဲဆိုရန်အကြောင်း ]ဆိုရာ၌တဖက်မှငြင်းဆိုပါကတရားလိုအနေဖြင့်မိမိ၏အခွင့်အရေးကိုအထောက်အခံအဖြစ်သက်သေထင်ရှားပြရန်လိုအပ်သော အကြောင်းခြင်းရာအသီးသီးဖြစ်သည်ဟုအဓိပ္ပါယ်ဆောင်သည်၊ဟုအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုအင်္ဂလိပ်ဘာသာဖြင့်အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်နှိုင်းယှဉ်ဖတ်ရှုပါကအင်္ဂလိပ်ဘာသာအဓိပ္ပါယ်ဖွင့်ဆိုချက်ပါ[ to the judgment of the Court ]ဟူသောထုံးဖွဲ့ချက်ကျန်ရှိနေသဖြင့်မပြည့်စုံသည်ကိုတွေ့မြင်နိုင်သည်။
——————————————————-
ဥပဒေအပြောကျယ်သည်မှာမှန်ပါသည်။
သို့ရာတွင်နိုင်ငံ၏အမြင့်ဆုံးတရားရုံးတွင်လိုက်ပါသောရှေ့နေရှေ့ရပ်များသည်ယုတ်စွအဆုံးမြန်မာနိုင်ငံစီရင်ထုံးများကိုအပြည့်အစုံလေ့လာပြီးဖြစ်ပါမှတာဝန်ကျေမည်ကိုသတိပြုသင့်သည်။
—————————
Comments
Post a Comment