တန်ပြန်တောင်းဆို[ counter-claim ]မှုများ[ ၁ ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တန်ပြန်တောင်းဆို[ counter-claim ]မှုများ[ ၁ ]

————————————


စာရေးသူသည်တန်ပြန်တောင်းဆိုမှုများကိုစီရင်ခွင့်မရခဲ့ပါ။


မြန်မာရှေ့နေများသည်ထိုအမှုမျိုးစွဲရမှန်းသိပုံမပေါ်။


တရားမကျင့်ထုံးဥပဒေအမိန့်၈၊နည်း၆အရငွေခုနှိမ်ပေးရန်တရားပြိုင်ကအရေးဆိုရာ၌ပြဌာန်းချက်နှင့်အညီပီပီပြင်ပြင်ချေပနိုင်ခြင်းမရှိသောအမှုမျိုးကိုကြုံတွေ့ရဖူးပါသည်။


စာရေးသူသည်မြန်မာနိုင်ငံတရားဌာနဝန်ထမ်း[ အကြီးတန်း ]အဖြစ်၊တရားရေးလောကအတွင်းဝင်ရောက်လာသောအခါ၊ရာထူးဝန်အဖွဲ့ကကြီးမှုးကျင်းပသောဌာနဆိုင်ရာစာမေးပွဲ၊လပိုင်းအတွင်းဖြေဆိုခဲ့ရပါသည်။


စာမေးပွဲတွင်ပျမ်းမျှ ၆၀ ရာခိုင်နှုန်းရမှတ်ရပါမှအောင်မည်ဖြစ်သည်။


အမြဲတန်းခန့်ထားခြင်းခံရမည်။


အဖြေများကိုတရားလွှတ်တော်တရားဝန်ကြီးတဦးကစစ်ဆေးသည်။


မေးခွန်းများတွင်စီရင်ထုံးများအပေါ်အခြေခံသောမေးခွန်းများပါဝင်သည်ဆိုငဖြင့်ထိုစဉ်ကထွက်ပေါ်ပြီးဖြစ်သောစီရင်ထုံးပေါင်းချုပ်တို့ကိုအပြေးအလွှားဖတ်ရှုမှတ်သားရသည်။


မြို့ပိုင်တရားမရုံးတွင်သုံးလတရားစီရင်ခွင့်ရပြီးနောက်၊နယ်ပိုင်တရားမရုံးတွင်အလုပ်ဝင်စဲ၌၊ထိုဌာနဆိုင်ရာစာမေးပွဲကိုဖြေဆိုခဲ့ရသဖြင့်၊တရားစီရင်ရေးတဖက်ဆောင်ရွက်ရင်းစီရင်ထုံးများကိုတက်သုတ်ရိုက်ကာလေ့လာရသည်မှာရင်မောစရာဖြစ်ခဲ့သည်။


တမှုတည်းသောတန်ပြန်တောင်းဆိုမှုအကြောင်းဖော်ပြထားသည့်-


VOL. II. INDIAN LAW REPORTS, RANGOON SERIES 276 ( 277 )


APPELLATE CIVIL.


Before Mr. Justice Young and Mr. Justice Heald.


SAYA BYA AND ONE.


              V.


MAUNG KYAW SHUN.


 Special Civil Second Appeal No. 41 of 1923 against the decree of the Divisional Court of Myaungmya in Civil Appeal No. 10 of 1922.


1924 April 7.


အမှုကိုဖတ်ခဲ့ရသည်။


အမှု၌၊တရားလိုကမြေနှစ်ကွက်ကိုပိုင်ဆိုင်သူအနေဖြင့်လက်ရောက်ရလိုမှုကိုမြို့နယ်တရားရုံးသို့မဟုတ်နယ်ပိုင်တရားမရုံးတွင် ၁၉၂၀ ပြည့်နှစ်၊ကာလအတွင်းတရားစွဲဆိုဟန်တူသည်။


တရားပြိုင်များကကြွေးမြီနှင့်ငွေတိုးအတွက်တရားလိုကအချင်းဖြစ်မြေကွက်များကိုမိမိတို့အားလက်ရောက်ပေးအပ်၊အပြတ်ရောင်းချခဲ့ခြင်းဖြစ်၍မိမိတို့အားနှင်ထုတ်ပါကသာနာညီမျှမှုသို့မဟုတ်တရားလိုကတရားပြိုင်တို့အလိုရှိသည့်အခါမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ပေးမည်ဟုကတိပြုသော်လည်း၊နေ့ရွှေ့ညရွှေ့၊ရွှေ့ဆိုင်းသည်ဟုထုချေပြီးသဘောတူညီသည့်အတိုင်းဆောင်ရွက်ပေးစေရန်တန်ပြန်တောင်းဆိုသည်။


မူလတရားရုံးကတရားလို၏အမှုကိုပလပ်ပြီး၊တရားပြိုင်တို့၏တန်ပြန်တောင်းဆိုချက်ကိုခွင့်ပြုသည်။


အယူခံတရားရုံးကတရားလိုရရှိထားသောငွေကိုပြန်ပေးပါကမြေကွက်များကိုလက်ရောက်ပေးစေဟုပြင်ဆင်ဒီကရီချမှတ်သည်။


ဟိုက်ကုတ်လွှတ်တော်အယူခံတွင်တရားလိုများ[ အယူခံတရားပြိုင် ]ဘက်မှတန်ပြန်တောင်းဆိုချက်အကြောင်းတရားမကျင့်ထုံးဥပဒေတွင်မပါကြောင်းတင်ပြရာခုံရုံးကအောက်ပါအတိုင်းပြဆိုသည်-


[ This is strictly speaking correct, but there is nothing to prevent a judge treating the counter-claim as the plaint in a cross suit and hoaring the two together if he is so disposed and if the counter-claim is properly stamped. The learned trial Judge did so exercise his option, and heard the two suits together and there is nothing to prevent him from adopting this course. ]


ဟိုက်ကုတ်လွှတ်တော်ကအောက်အယူခံတရားရုံး၏အဆုံးအဖြတ်ကိုအတည်ပြုပါသည်။


စီရင်ထုံးကိုစာဖတ်သူဥပဒေပညာရှင်များအပြည့်အစုံဖတ်ရှုလေ့လာနိုင်ရန်အတွက်အောက်ပါအတိုင်းဖော်ပြလိုက်ပါသည်-


[  YOUNG and HEALD, JJ.-In this suit the plaintifis scek to recover possession of two plots of lands, rcly-ing on their title. 


The defendants plead that they were put in possession of the same in exchange lor the cancellation of a debt of Rs. 1,850 and for the payment of a further sum of Rs. 50 that it was an outright sale, and that it would be incquitable to eject them. 


They say that the plaintiff promised to give them a registered deed whenever they wanted it but put them off from time to time.


They accordingly counter-claimed for specific performance of the alleged agreement. 


The trial Court dismissed the plaintiffs' suit and allowed the defendant's counter-claim.


The Appellate Court modified the decree and allowed the plaintiffs to recover possession on payment of Rs. 1,900.


The defendants appeal.


The respondents urged that the counter-claim was a form of suit unknown to the Code of Civil Procedure and would not lie.


This is strictly speaking correct, but there is nothing to prevent a judge treating the counter-claim as the plaint in a cross suit and hoaring the two together if he is so disposed and if the counter-claim is properly stamped. The learned trial Judge did so exercise his option, and heard the two suits together and there is nothing to prevent him from adopting this course.


With regard to the appeal, it appeared that the. appellants who seek to have their counter-claim allowed and a decree passed for the specific performance of the alleged contract to sell the land out-right, had themselves put in evidence extracts from Register No. 1, in which the transaction was described as a temporary and not an outright sale and did not call the Revenue Surveyor to explain how such an entry came to be made.


This alone would prevent us from granting the appellants the equitable and discretionary relief of specific performance of an alleged contract of outright sale.


We confirm the decree of the lower Appellate Court and dismiss the appeal with costs.

———————————-


1963 BLR ( C C ) 672 ( 682 )


APPELLATE CIVIL


Before U Bo Gyi, C.J., and U San Maung,J.


KO KYI SHEIN (APPELLANT)


                   V.


KO SOE SAN AND ONE (RESPONDENTS).*


 Civil First Appeal No. 6 of 1963, against the decree of the Judge City Civil Court of Rangoon in Civil Regular Suit No. 1053 of 1958, dated 9th November 1962.


C. C. 1963 Oct. 29.


အမှုကိုတရားရုံးချုပ်တရားသူကြီးချုပ်ဦးဘိုကြီးနှင့်၁၉၄၈ခုနှစ်၊နှစ်ဆန်းမှစ၍မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့ကဖွဲ့စည်းတည်ထောင်သောအသစ်စက်စက်တရားလွှတ်တော်တွင်တရားဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်လာသောသမ္ဘာရင့်တရားဝန်ကြီးဦးစံမောင်တို့ပါဝင်သောခုံရုံးကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


အမှုတွင်ကိုကြည်ရှိန်ကအချင်းဖြစ်မြေကိုဝယ်ယူထားသည်ဟုဆိုကာမြေလက်ရှိဖြစ်သူကိုစိုးစံတို့အပေါ်မြေလက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်သည်။


ကိုကြည်ရှိန်ကသက်သေခံ(က)အဖြစ်တင်ပြသောမှတ်ပုံတင်စာချုပ်ကိုအယောင်ဆောင်သူကချုပ်ဆိုကြောင်း၊စီရင်ထုံးစာမျက်နှာ၆၇၈၌-


[ Now, regarding the deed of sale, Exhibit " က " in favour of the plaintiff Ko Kyi Shein we have very little doubt that it was executed by an imposter. ]


စသည်ဖြင့်သက်သေခံချက်တို့ကိုစိစစ်ပြသည်။


တရားလွှတ်တော်ခုံရုံးကကိုကြည်ရှိန်သည်မြေပိုင်ရှင်မဟုတ်ဟုဆုံးဖြတ်ပြီး၎င်း၏အမှုကိုပလပ်သည်။


တဖက်တွင်တရားပြိုင်ကိုစိုးစံတို့ကအချင်းဖြစ်မြေကိုမိမိတို့ဝယ်ယူပြီးလက်ရှိဖြစ်သည်ဟုဆိုကာ၎င်းတို့ပိုင်ဖြစ်ကြောင်းမြွက်ဟကြေညာပေးရန်တန်ပြန်တရားစွဲဆိုသည်။


အချင်းဖြစ်မြေကိုရောင်းချသောချစ်တီးယားဖမ်းကထိုမြေကိုကွယ်လွန်သူပိုင်ရှင်၏သားများထံမှဝယ်ယူလက်ရှိထားခဲ့ရာမှ၊၁၂နှစ်ကြာပြီးနောက်ကိုစိုးစံတို့အားမှတ်ပုံတင်စာချုပ်ချုပ်ဆိုရောင်းချကြောင်းဖြင့်၊ကိုစိုးစံတို့ဘက်မှအထောက်အထားများတင်ပြသည်။


ကိုကြည်ရှိန်ဘက်မှတရားရုံးချုပ်ခုံရုံးတွင်မူလပိုင်ရှင်အမျိုးသမီး၏အမွေကိုဟိန္ဒူဥပဒေအရသားများအမွေဆက်ခံခွင့်မရှိ၊သမီးကသာလျှင်အမွေဆက်ခံခွင့်ရှိသည်ဖြစ်၍ပိုင်ရှင်၏သားများထံမှမြေဝယ်ယူပြီးကိုစိုးစံတို့အားချစ်တီးယားဖမ်းကရောင်းချခွင့်မရှိကြောင်းဖြင့်ကိုစိုးစံတို့မြေပိုင်ရှင်မဖြစ်နိုင်ပုံကိုလျှောက်လဲတင်ပြရာ၊တရားရုံးချုပ်ခုံရုံးက-


[ ချစ်တီးယားဖမ်းအနေဖြင့်သားများထံမှမြေကိုဝယ်ယူသည်ဖြစ်၍အစ၌၎င်း၏ဆိုင်ရေးဆိုင်ခွင့်ချွတ်ယွင်းသည်ဟုယူဆနိုင်စေဦး၊ချစ်တီးယားဖမ်းက၁၉၄၁ခုနှစ်မှစ၍မြေကိုလက်ရှိထားခဲ့သည်ဖြစ်ရာလက်ရှိထားပိုင်ခွင့်ရရှိသည်ဖြစ်၍အချိန်တန်သော်[ ဆိုလိုသည်မှာ၁၂နှစ်ကျော်သော် ]ထိုလက်ရှိထားပိုင်ခွင့်သည်[ prescriptive title ][ ကာလစည်းကမ်းသတ်အရရရှိသောဆိုင်ရေးဆိုင်ခွင့် ]အဖြစ်ရောက်ရှိသွားသည် ]


ဟုစီရင်ထုံးအမြောက်အမြားကိုကိုးကားပြီးအောက်ပါအတိုင်းထုံးဖွဲ့သည်-


[ Assuming that the sons only of " D.M." and not her daughters having Conveyed the suit land to the Chettyar firm the title of that form was defective at its inception; that firm had been in possession since 1941. 


It therefore had possessory title which in course of time ripened into prescriptive title.


Narayana Row v. Dharmachar, I.L.R. 26 Mad. 5I5; Ma Saw v. Maung Shwe Gan and Ma Bar, XI L. B.R. 415; Ma Pwa Zon and two v. Ma Pan I and one, I.L.R. 5 Ran. 154; and Mg Mya Than and anothey v. U. Thor Tia, Civil Second Appeal No. 44 of 1962 of the Chief Court, referred to.


Accordingly, the defendants clearly have a better title to the suit land. ]


စီရင်ထုံးစာမျက်နှာ-၆၈၁ တွင်တရားလွှတ်တော်ခုံရုံးက-


[ အယောင်ဆောင်တဦးထံမှအချင်းဖြစ်မြေကိုလက်ရောက်ရခဲ့သောတရားလိုကိုကြည်ရှိန်နှင့်ချစ်တီးယားဖမ်းထံမှအချင်းဖြစ်မြေကိုဝယ်ယူသောကိုစိုးစံတို့အချင်းချင်းတွင်၊ကိုစိုးစံတို့ကအချင်းဖြစ်မြေ၌သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိသည် ]


ဟုအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


[ Assuming that the sons only of D. Masaramma and not her daughter having conveyed the suit land to R.M.PL.S.Chettyar firm for the debt due by their mother, the title of that firm to the suit land was defective at its inception the Chettyar firm had since 1941 till the date of the transfer of the suit land to the defendants on the 14th of December 1954, been clearly in possession of it through their tenants who were paying regularly rent and ground rent to the firm.


The Chettyar firm therefore had possessory title which in course of time ripened into prescriptive title.


In this connection, it is only necessary to refer to Narayana Row v.Dharmachar (3),  I.L. R. 26 Mad. 515. Ma Saw v. Maung Shwe Gan and Ma Ban (4) XI L.B.R. 415., Ma Pwa Zon and two v. Ma Pan I and one (5) I.L.R. 5 Ran. 154. and to the latest decision of this Court in Maung Mya Than and another v. U Tun Tin (6). Civil Second APpeal No.44 of 1962 of the Chief Court.


Accordingly as between the plaintiff who had obtained possession of the suit land since the 16th of January 1958 from an impositer who called herself D. Masaramma, and the defendants who had purchased the suit land from a Chettyar firm which had been in possession since the year 1941 pursuant to the registered deed of sale dated the 22nd of May 1941 (Exhibit 7), impugned as invalid, the defendants clearly have a better title to the suit land. ]


အထက်ပါထုံးဖွဲ့ချက်က၁၂နှစ်ကျော်ဆန့်ကျင်လက်ရှိထားခြင်းကြောင့်ချစ်တီးယားဖမ်းသည်ဆန့်ကျင်လက်ရှိထားသည့်မြေတွင်[ prescriptive title ]ရရှိပြီး၊ပိုင်ရှင်အနေဖြင့်မြေကိုကိုစိုးစံတို့အားရောင်းချခွင့်ရှိသည်ဖြစ်၍၊ကိုစိုးစံတို့သည်ကိုကြည်ရှိန်ထက်သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိသည်ဟုဆုံးဖြတ်ခြင်းဖြစ်သည်။


သို့ဖြစ်ရာ1963 BLR ( C C ) 672 (ကိုကြည်ရှိန်စီရင်ထုံး)သည်၊ဆန့်ကျင်လက်ရှိထားခြင်းကြောင့်၁၂နှစ်ကျော်သောအခါ[ prescriptive title ]တည်းဟူသောအကြွင်းမဲ့ပိုင်ရေးပိုင်ခွင့်တမျိုးအဖြစ်သို့ရောက်ရှိသွားကြောင်းပြဆိုသည့်ထုံးသာဓကဖြစ်သည်။

————————————————-


1979 BLR 48 ( 50 )


တရားမပြင်ဆင်မှု


ဥက္ကဌအဖြစ်ဦးတင်အောင်၊အဖွဲ့ဝင်များအဖြစ်ဦးထွန်းရှိန်နှင့်ဦးသန့်စင်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင်


ဒေါ်ထွေးခင် နှင့် ဒေါ်တင်မြ


၁၉၇၉ ဧပြီလ ၂၈ ရက်


အမှုတွင်၊ဗဟိုတရားစီရင်ရေးအဖွဲ့ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ဆုံးဖြတ်ချက်။      ။တရားမကျင့်ထုံးဥပဒေ အမိန့် ၈၊ နည်း ၆ တွင်ဖော်ပြထားသောခုနှိမ်ခွင့်သည်ငွေရရန်စွဲဆိုမှု၌တောင်းဆိုသောငွေထဲမှငွေကြေးတစုံတရာခုနှိမ်ခွင့်ကိုဆိုလိုသည်။


အမွေပုံပစ္စည်းများကိုအုပ်ချုပ်ထိန်းသိမ်းစီမန်ခန့်ခွဲပေးစေလိုမှု၌ခွဲဝေပေးရန်စာရင်းပေးထားသည့်အိမ်သည်ကွယ်လွန်သူအမွေရှင်လုံးလုံးလျားလျားပိုင်ဆိုင်သည့်အိမ်မဟုတ်ပါ။


ကွယ်လွန်သူနှင့်မိမိတို့တယောက်တဝက်စီပိုင်သည့်အိမ်ဖြစ်၍ခွဲဝေရာတွင်မိမိပိုင်ဆိုင်သည့်တဝက်ကိုထည့်သွင်းခွဲဝေခြင်းမပြုမိစေရန်ထိုအိမ်တွင်မိမိတဝက်ပိုင်ဆိုင်ခွင့်ရှိကြောင်းတရားရုံးမှမြွက်ဟကြေငြာပေးပါရန်တောင်းဆိုခြင်းသည်ပြန်လှန်တောင်းဆိုခြင်းသာဖြစ်၍ခုနှိမ်ခွင့်ပြုရန်တောင်းဆိုခြင်းမဟုတ်ပေ။


တရားမကျင့်ထုံးဥပဒေ အမိန့် ၈၊ နည်း ၆ သည်ပြန်လှန်တောင်းဆိုခြင်းနှင့်မသက်ဆိုင်၊ပြန်လှန်တောင်းဆိုခြင်းကိုပိတ်ပင်ခြင်းလည်းမပြုချေ။


ထို့ကြောင့်ဤဥပဒေအရအမွေဆိုင်ပစ္စည်းများကိုအုပ်ချုပ်ထိန်းသိမ်းစီမံခန့်ခွဲပေးစေလိုမှုတွင်ပြန်လှန်တောင်းဆိုခြင်းမပြုနိုင်ဟုကောက်ယူဆုံးဖြတ်ခြင်းသည်မှားယွင်းပေသည်။ ]



Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580