တရားပြိုင်ကသမ္မာန်စာချအပ်ခြင်းကိုငြင်းဆန်လျှင်၊သို့မဟုတ်၊တရားပြိုင်ကိုမတွေ့ရှိလျှင်ဆောင်ရွက်ရန်လုပ်ထုံးလုပ်နည်း။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားပြိုင်ကသမ္မာန်စာချအပ်ခြင်းကိုငြင်းဆန်လျှင်၊သို့မဟုတ်၊တရားပြိုင်ကိုမတွေ့ရှိလျှင်ဆောင်ရွက်ရန်လုပ်ထုံးလုပ်နည်း
တရားမကျင့်ထုံးဥပဒေ၊အမိန့်၅၊နည်း၁၇တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
"တရားပြိုင်ကဖြစ်စေ၊၎င်း၏ကိုယ်စားလှယ်ကဖြစ်စေ၊အထက်၌ဆိုခဲ့သည့်အခြားသူကဖြစ်စေသမ္မာန်စာလက်ခံရရှိကြောင်းလက်မှတ်ရေးထိုးရန်ငြင်းဆန်လျှင်သော်လည်းကောင်း၊သမ္မာန်စာချအပ်သည့်ဝန်ထမ်းကအကြောင်းအားလျော်စွာထိုက်သင့်သည့်လုံ့လဝီရိယစိုက်ထုတ်၍ရှာဖွေသော်လည်းတရားပြိုင်ကိုမတွေ့ရှိလျှင်သော်လည်းကောင်း၊၎င်း၏ကိုယ်စားသမ္မာန်စာလက်ခံခွင့်ရှိသည့်ကိုယ်စားလှယ်မရှိသည့်အပြင်၊ချအပ်သည့်သမ္မာန်စာကိုလက်ခံနိုင်မည့်အခြားသူတဦးတယောက်မျှလည်းမရှိလျှင်သော်လည်းကောင်း၊သမ္မာန်စာချအပ်သောဝန်ထမ်းသည်သမ္မာန်စာတစောင်ကိုတရားပြိုင်အမြဲနေထိုင်ရာ၊သို့မဟုတ်၊ကိုယ်ကျိုးအမြတ်အစွန်းအတွက်အလုပ်လုပ်ကိုင်ရာနေအိမ်၏အပြင်ဘက်တံခါး၊သို့မဟုတ်၊အများမြင်သောအခြားနေရာတွင်ကပ်ထားရမည်။ထို့နောက်အဆိုပါဝန်ထမ်းသည်အစီရင်ခံစာကိုမူရင်းသမ္မာန်စာပေါ်တွင်ရေးသား၍ဖြစ်စေ၊မူရင်းသမ္မာန်စာနှင့်ပူးတွဲ၍ဖြစ်စေ၊ယင်းမူရင်းသမ္မာန်စာအားသမ္မာန်စာထုတ်ပေးသောတရားရုံးသို့ပြန်လည်ပေးပို့ရမည်။ယင်းအစီရင်ခံစာတွင်သမ္မာန်စာချအပ်သောဝန်ထမ်းသည်မိတ္တူကိုထိုကဲ့သို့ကပ်ခဲ့ကြောင်း၊ယင်းသို့ကပ်ခဲ့ရသည့်အခြေအနေ၊အဆိုပါနေအိမ်ကိုလိုက်လံပြသသူရှိလျှင်၎င်း၏အမည်လိပ်စာနှင့်မည်သူ၏ရှေ့မှောက်တွင်အဆိုပါမိတ္တူကိုကပ်ခဲ့ကြောင်းရေးသားရမည်။"
Cohen And Anr. Vs Nursing Dass Auddy on 7 April , 1892
Equivalent citation : ( 1892 ) ILR 19 Cal 291
အမှုတွင်အောက်ပါအတိုင်းညွှန်ပြသည်-
"သင်သည်တဦးတယောက်၏အိမ်ကိုသွားသည်မှန်၏။၎င်းအားမတွေ့သည်မှန်၏။သို့သော်ထိုမျှလောက်ဖြင့်၎င်းအားရှာဖွေရန်အားထုတ်သည်ဟုမဆိုနိုင်။သင်သည်၎င်း၏အိမ်သို့သွားကာစုံစမ်းမှုပြုသင့်သည်။လိုအပ်လျှင်၎င်းနောက်သို့လိုက်သင့်သည်၊အိမ်သို့မည်သည့်အချိန်တွင်ပြန်ရောက်တန်ရာသည်ကိုသိရှိအောင်စုံစမ်းရမည်။၎င်းအားတွေ့နိုင်သည့်အချိန်တွင်၎င်း၏အိမ်သို့ထပ်မံသွားရမည်။နည်း၁၇အရချအပ်ခြင်းအတည်ဖြစ်နိုင်ရန်တရားပြိုင်အားမည်သည့်နေရာတွင်မည်သည့်အချိန်၌တွေ့နိုင်မည်ကိုသိရှိအောင်သင့်သလိုအားထုတ်ရမည်။၎င်း၏အိမ်သို့ဝတ္တရားကြေသွားပြီးမရှိကြောင်းတွေ့ရသည့်အခါသမ္မာန်စာမိတ္တူကိုတရားပြိုင်၏အိမ်အပြင်တံခါးတွင်ကပ်ထားခြင်းမျိုးမဟုတ်"
( 1917 - 1920 ) 3 UBR 123
Maung Maung Than vs. L. K. S. M. Somasundran Chetty.
Before L. H. Saunders , Esq., I. C. S.
အမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-
Held , - that Rule 17 , O. V , of the Civil Procedure Code is intended for cases in which the summons should be affixed in the way required by that rule after a proper attempt has been made to find Defendant.
စီရင်ထုံးစာမျက်နှာ၁၂၄တွင်၊ I. L. R., 19 Cal., 201.စီရင်ထုံးကိုကိုးကားညွှန်ပြပြီးအောက်ပါအတိုင်းသုံးသပ်သည်-
"It is true that you may go to a man's house and not find him , but that is not attempting to find him. You should go to his house , make enquiries , and if necessary , follow him. You should make enquiries to find out when he is likely to be at home , and go to the house at a time when he can be found. Before service like this can be effected it must be shown that proper efforts have been made to find out when and where the Defendant is likely to be found , not as seems to be done in this country to go to his house in a perfunctory way , and because he has not been found there , to affix a copy of the summons on the outer door of his house."
မြန်မာနိုင်ငံတော်အထက်ပိုင်းစီရင်ထုံးများ။
၁၉၁၇ခုနှစ်က။၁၉၂၀ပြည့်နှစ်ထိ။
တတိယတွဲ။
စာမျက်နှာ၈၁
L. H. Saunders , Esq., I. C. S. ရှေ့တော်
မောင်မောင်သန့် နှင့် ဆောမဆွန်ဒရွန်ချစ်တီး
အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၂နှင့်၈၃တို့တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်-
"တရားမကျင့်ထုံးဥပဒေအမိန့်၅။နည်းဥပဒေ၁၇အရရည်သန်ခြင်းမှာ။တရားခံကိုတွေ့ရှိအောင်လုံ့လစိုက်ထုတ်သင့်သလောက်စိုက်ထုတ်ပြီးနောက်မှ။၎င်းနည်းဥပဒေပြဌာန်းသည့်နည်းလမ်းအတိုင်းသမ္မာန်စာစွဲကပ်ခြင်းကိုရည်သန်ခြင်းဖြစ်သည်။လူတယောက်ကိုတွေ့ရအောင်သူ၏အိမ်သို့သွားရာ။ထိုသူကိုမတွေ့သည်မှာ။ထိုသူကိုတွေ့ရအောင်လုံ့လထုတ်ရာမရောက်။ထိုသူ၏အိမ်ကိုသွားပြီးနောက်မေးမြန်းကြည့်၍။၎င်းနောက်သို့လိုက်ရန်လိုလျှင်လိုက်ရမည်။ထိုသူမည်သည့်အခါအိမ်မှာရှိမည်ကိုမေးမြန်းကြည့်၍။၎င်းကိုတွေ့ရမည့်အခါသွားရောက်ရမည်။တရားခံကိုမည်သည့်အခါမည်သည့်နေရာ၌တွေ့ရမည်ကို။လုံ့လစိုက်ထုတ်သင့်သလောက်စိုက်ထုတ်ခြင်းမပြုဘဲ။ယခုနည်းဥပဒေအရသမ္မာန်စာအတည်မပြုမလုပ်နိုင်။ဤနိုင်ငံ၌ပြုလုပ်လေ့ရှိသည့်နည်းလမ်းအတိုင်းမပြုမလုပ်ရ။ဤနိုင်ငံ၌ပြုလုပ်လေ့ရှိသည်မှာ။တရားခံ၏အိမ်သို့မင်းတိုင်းကြေသွားရောက်၍။တရားခံကိုမတွေ့လျင်။အိမ်ပြင်ဘက်တံခါးတွင်သမ္မာန်စာကိုကပ်ထားလေ့ရှိသည်။ဤကဲ့သို့သမ္မာန်စာချအပ်ခြင်းမှာ။ကောင်းသောချအပ်ခြင်းမမြောက်ကြောင်းလူအများသိသင့်သည်။ယခုအမှုမှာကဲ့သို့သမ္မာန်စာချအပ်သည့်နည်းကိုအမှီပြုပြီးလျင်။အမှုများကိုတဘက်သတ်ပြုလုပ်၍စီရင်သင့်သည်မဟုတ်။"
အထက်ဖော်ပြပါ၊မြန်မာဘာသာပြန်ဆိုချက်မှာ၊၁၉၂၁ခုနှစ်ကဖြစ်သည်။
Comments
Post a Comment