မြွက်ဟကြေညာသည့်ဒီကရီ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြွက်ဟကြေညာသည့်ဒီကရီ တရားပြိုင် B က၊မှတ်ပုံတင်စာချုပ်အရအချင်းဖြစ်မြေကွက်ကြီး၏တောင်ဘက်ခြမ်းရှိမြေကို၊တရားလို A တို့အားရောင်းချခဲ့ရာ၊နောက်ပိုင်း၌စွဲဆိုသောအမွေစီမံခန့်ခွဲပေးစေလိုမှုတွင်အပြီးသတ်ချမှတ်သည့်ဒီကရီအရ၊ B ရောင်းချသည့်မြေ၏သုံးပုံတပုံသာရနိုင်သည့်အခြေအနေဆိုက်ရောက်သဖြင့်၊ဝယ်ယူသည့်အတိုင်းမြေတခြမ်းရရန်အလို့ငှါအဟန့်အတားဖြစ်နေသည့်ဒီကရီမှာပူးပေါင်းထိမ်ချန်၍လိမ်လည်ရယူထားသည့်ဒီကရီဖြစ်ကြောင်းမြွက်ဟကြေညာပေးစေရန်၊ A က B အပေါ်တရားစွဲဆိုခြင်းဖြစ်သည်။ A စွဲဆိုသောအမှုမှာ၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂တွင်ရည်ညွှန်းထားသည့်၊ပစ္စည်းနှင့်စပ်လျဉ်းသည့်မြွက်ဟဒီကရီရလိုမှုဖြစ်သည်။ ၁၉၂၈ခုနှစ်တွင်ဆုံးဖြတ်သော- A. I. R. 1928 Rangoon 256 Equivalent citation: 6 Ran 291 Mohammed Abdul Kader-Plaintiff. V. Finlay, Fleming & Co-Defendants. CHARI, J. အမှုတွင်၊ပုဒ်မ၄၂၌ရည်ညွှန်းထားသောပစ္စည်းနှင့်စပ်လျဉ်းသည့်အခွင့်အရေးသည်ပစ္စည်းတရပ်၌၊တဦးတယောက်သောသူ၏ပုဂ္ဂလိကအခွင့်အရေးဖြစ်ပြီး၊အခြားသူများနှင့်အတူပိုင်ဆိုင်သောယေဘုယျအခွင့်အရေးမ...