မြွက်ဟကြေညာသည့်ဒီကရီ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြွက်ဟကြေညာသည့်ဒီကရီ
တရားပြိုင် B က၊မှတ်ပုံတင်စာချုပ်အရအချင်းဖြစ်မြေကွက်ကြီး၏တောင်ဘက်ခြမ်းရှိမြေကို၊တရားလို A တို့အားရောင်းချခဲ့ရာ၊နောက်ပိုင်း၌စွဲဆိုသောအမွေစီမံခန့်ခွဲပေးစေလိုမှုတွင်အပြီးသတ်ချမှတ်သည့်ဒီကရီအရ၊ B ရောင်းချသည့်မြေ၏သုံးပုံတပုံသာရနိုင်သည့်အခြေအနေဆိုက်ရောက်သဖြင့်၊ဝယ်ယူသည့်အတိုင်းမြေတခြမ်းရရန်အလို့ငှါအဟန့်အတားဖြစ်နေသည့်ဒီကရီမှာပူးပေါင်းထိမ်ချန်၍လိမ်လည်ရယူထားသည့်ဒီကရီဖြစ်ကြောင်းမြွက်ဟကြေညာပေးစေရန်၊ A က B အပေါ်တရားစွဲဆိုခြင်းဖြစ်သည်။
A စွဲဆိုသောအမှုမှာ၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂တွင်ရည်ညွှန်းထားသည့်၊ပစ္စည်းနှင့်စပ်လျဉ်းသည့်မြွက်ဟဒီကရီရလိုမှုဖြစ်သည်။
၁၉၂၈ခုနှစ်တွင်ဆုံးဖြတ်သော-
A. I. R. 1928 Rangoon 256
Equivalent citation: 6 Ran 291
Mohammed Abdul Kader-Plaintiff.
V.
Finlay, Fleming & Co-Defendants.
CHARI, J.
အမှုတွင်၊ပုဒ်မ၄၂၌ရည်ညွှန်းထားသောပစ္စည်းနှင့်စပ်လျဉ်းသည့်အခွင့်အရေးသည်ပစ္စည်းတရပ်၌၊တဦးတယောက်သောသူ၏ပုဂ္ဂလိကအခွင့်အရေးဖြစ်ပြီး၊အခြားသူများနှင့်အတူပိုင်ဆိုင်သောယေဘုယျအခွင့်အရေးမဟုတ်ဟု၊တရားသူကြီး Chari ကအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-
Section 42, Specific Relief Act enacts that any person entitled to a legal character or right to property may institute a suit against any person denying or interested to deny his title to such character or right.
No statutory provision is more liable to abuse than S. 42 Specific Relief Act.
Attempts are so constantly made to induce the Courts to apply that section for purposes for which it was never intended that the note of warning sounded by Sir Lawrence Jenkins in the case of Deokali v. Kedarnath (2),[ 1912 ] 39 Cal. 704= 15 I. C. 427= 16 C. W. N. 838. is not uncalled for and should always be borne in mind by Courts in granting relief under that section.
The Court in which a declaratory suit is filed must not be misled by mere forms, but must look through the form at the real substance of the plaintift's claim and, after careful scrutiny, must satisfy itself that the reliefs claimed are such as are contemplated and provided for by S. 42 of the Act.
In the Calcutta case the learned Judge analyzed the reliefs sought and showed how they did not conform with the provisions of S. 42, and an analysis of the reliefs sought in this case leads to a similar result.
These reliefs do not obviously affect any legal character of the plaintiff, and the plaintiff cannot maintain his suit unless they are concerned with some right of his to property.
The right to property referred to in S. 42 is the plaintift's individual right in a particular property and not a general right which he possesses in common with all or some of his fellow citizens.
ဒေါ်တင်မော်ပါ၂ နှင့် ဦးမြင့်သိန်းပါ၂ [ ၂၀၀၄ မတစ ၈၉(အထူးအယူခံခုံရုံး) ]စီရင်ထုံးအရ၊ရောင်းသူ B ပိုင်သမျှသာလျှင်၊အချင်းဖြစ်မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အရ၊ A ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်သည်။
B ပိုင်ဆိုင်ခွင့်သည်၎င်း၏အမွေရခွင့်အပေါ်တည်သည်ဖြစ်ရာအမွေစီမံခန့်ခွဲပေးစေလိုမှုအဆုံးအဖြတ်ခံယူရမည့်ကိစ္စဖြစ်သည်။
ဤအခြေအနေတွင် B အပါအဝင်အမွေဆိုင်များတရားစွဲဆိုကြသည့်အမှုတွင်၊ A သည်အမွေပစ္စည်းများ၌တိုက်ရိုက်အကျိုးသက်ဆိုင်ခွင့်ရှိသူများမဟုတ်သဖြင့်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရတရားစွဲဆိုခွင့်ရှိသူများမဟုတ်ချေ။
စွဲဆိုသောအမှုမှာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂တွင်အကျုံးမဝင်။
A. I. R. 1928 Rangoon 256
Equivalent citation: 6 Ran 291
Mohammed Abdul Kader-Plaintiff.
V.
Finlay, Fleming & Co-Defendants.
CHARI, J.
အမှုတွင်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂၌အတိအကျအကျုံးဝင်မှသာလျှင်မြွက်ဟဒီကရီချမှတ်နိုင်သည်ဟုပြဆိုထားရာ၊ယနေ့တိုင်ဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိ။
ထို့အပြင်အမွေပုံပစ္စည်းကိုစီမံခန့်ခွဲသည့်ဒီကရီကိုအမွေဆိုင်မဟုတ်သူများကပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုခွင့်ရှိကြောင်းပြဆိုသောထုံးသာဓကလည်းမရှိ။
A သည်မှတ်ပုံတင်စာချုပ်အရဝယ်ယူသည့်အတိုင်းမြေလက်ဝယ်မရဘဲ၊သုံးပုံတပုံသာရခြင်းကြောင့်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၉၇တွင်သတ်မှတ်ထားသည့်ကာလအတွင်းအရောင်းအဝယ်ယိုယွင်းသည့်ခြေက်ပုံတပုံအတွက်ပေးချေထားသောအဖိုးငွေကိုရလိုကြောင်းတရားစွဲဆိုခွင့်ရှိနေသည်။
ထို့အပြင်၊ဒေါ်ခင်စန်းမြင့်(ခ)ညိုညိုစန်း နှင့် ဒေါ်ကေကေစန်း(ခ)မတွတ်[ ၂၀၁၁ မတစ ၂၄ ]စီရင်ထုံးအရလျော်ကြေးရလိုမှုစွဲဆိုနိုင်သည်။
ဤကဲ့သို့သောအခြေအနေတွင်တရားရုံး၏သဘောအတိုင်းခွင့်ပြုသောမြွက်ဟဒီကရီကိုရရန်မျှော်လင့်ချက်မရှိနိုင်။
အနီးစပ်ဆုံးသာဓကဖြစ်သည့်-
Saburdas Mahasukhram Gandhi
vs
Gopalji Nandas Patel
on 30 November, 1942
Equivalent citations: (1943)45BOMLR526,
AIR 1943 BOMBAY 283
JUDGMENT , Lokur, J.
အမှု၌ချမှတ်ထားသောဒီကရီတွင်အမှုသည်အဖြစ်မပါသောသူတစိမ်းသည်ပူးပေါင်းရရှိထားသည်ဆိုသောဒီကရီမှာမိမိ၏အကျိုးသက်ဆိုင်ခွင့်ကိုမထိခိုက်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုနိုင်သည်ဟုအောက်ပါအတိုင်းပြဆိုသည်-
4. It is urged for the plaintiff that in this case he was not a, stranger at the date of the suit since he had acquired a charge on the property affected by the decree.
But a stranger means a stranger to the decree sought to be impeached, i.e. one who is not a party to the decree.
He does not cease to be a stranger merely because he is affected by the decree or is interested in challenging it.
Even in the Society's case cited above, the Society had purchased the property and was interested in impugning the charge created by the award decree.
In the more recent case of Krishnaji Kondo v. Narayan Anant (1941) 44 Bom. L.R. 158 Wassoodew J. further clarified the position by holding that the decree based on an unregistered award creating a charge on immoveable property is valid though it is unregistered, unless it is impeached in a proper proceeding, such as an appeal, review or revision.
A stranger to the proceeding cannot challenge its validity or underrate its effect on the ground that the decree was founded upon an award which ought not to have been admitted in. evidence.
We, therefore, hold that the plaintiff, who was not a party to the defendants' award decrees, cannot assail them on the ground that they were founded on unregistered awards which ought not to have been admitted in evidence.
A အရေးဆိုသောအမွေစီမံခန့်ခွဲသည့်အပြီးသတ်ဒီကရီကအချင်းဖြစ်မြေ၏သုံးပုံတပုံသည်၎င်းအားရောင်းချသော B ၏ဝေစုဖြစ်သည်ဟုအဆုံးအဖြတ်ပြုသောဒီကရီဖြစ်သည်။
ဤအခြေအနေတွင်တရားလို A သည်၊၂၀၀၄ မတစ ၈၉(အထူးအယူခံခုံရုံး)စီရင်ထုံးအရ၊အချင်းဖြစ်မြေ၏သုံးပုံတပုံတွင်သာလျှင်အကျိုးခံစားခွင့်ရှိသည်ဖြစ်၍၊ထိုဒီကရီသည် A ၏အကျိုးခံစားခွင့်ကိုလုံးလုံးလျားလျားထိခိုက်သည်ဟုမဆိုနိုင်။
တောင်းဆိုသောမြွက်ဟဒီကရီမရနိုင်ပါဘဲလျက်မြွက်ဟဒီကရီရလိုကြောင်းဆိုင်ရာထုံးသာဓကများကိုမလေ့လာဘဲတရားစွဲဆိုကြောင်းမြင်သာသည်။
A သည်လိမ်လည်ရယူသွားသည်ဆိုသောဒီကရီတွင်အမှုသည်အဖြစ်မပါသည့်အလျောက်၊ထိုဒီကရီကိုပယ်ဖျက်ပေးရန်တရားစွဲဆိုခွင့်မရှိ။
Saburdas Mahasukhram Gandhi
vs
Gopalji Nandas Patel
on 30 November, 1942
Equivalent citations: (1943)45BOMLR526,
AIR 1943 BOMBAY 283
JUDGMENT , Lokur, J. စီရင်ထုံးကိုကြည့်ပါ။
ပယ်ဖျက်မှပျက်မည့်ဒီကရီမျိုးမှာပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးစေရန်တရားစွဲဆိုခြင်းမပြုနိုင်။
တရားပြိုင် B ဘက်မှလိုက်သောရှေ့နေသည်၊ဤဥပဒေပြဿနာများကိုတင်ပြထုချေကာ၊ပဏာမငြင်းချက်အရအမှုကိုလွယ်လွယ်အနိုင်ယူရန်ဖြစ်ပါလျက်၊လေ့လာမှုအားနည်းခြင်းကြောင့် A စွဲဆိုသောအမှုမှာအထူးအယူခံမှုအထိသက်ဆိုးရှည်ခဲ့သည်။
ဤအမှုကရှေ့နေရှေ့ရပ်များသည်မြန်မာစီရင်ထုံးများလေ့လာရုံမျှဖြင့်ခရီးလမ်းဆုံးမရောက်နိုင်သေး။
အိန္ဒိယနိုင်ငံစီရင်ထုံးများ၊ကျမ်းများကိုလည်းလေ့လာရန်လိုကြောင်းသာဓကပြလျက်ရှိသည်။
————————————————
Comments
Post a Comment