Posts

Showing posts from March, 2025

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရလက်ရှိထားရာရောက်၊မရောက်ကိစ္စ။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အိမ်ရှင်၏သဘောတူညီမှုမရှိဘဲကန်ထရိုက်တာထံမှအခန်းဝယ်ယူသူသည်ဆောက်လုပ်ပြီးစီးခြင်းမရှိသေးသည့်တိုက်ခန်းကိုမိမိသဘောအလျောက်သော့ခတ်ပြီးနောက်၊အခန်းထဲ၌မိမိပစ္စည်းများကိုထားလျက်(၉)လကြာအောင်အသုံးပြုခဲ့ခြင်းသည်ထိုတိုက်ခန်းကိုသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရလက်ရှိထားရာရောက်၊မရောက်။ ——————————————- 2001 BLR ( SAB ) 121 ( 132 ) တရားမအထူးအယူခံမှု  တရားရုံးချုပ်၊ဒုတိယတရားသူကြီးချုပ်ဦးသန်းဦး၊တရားသူကြီးများဖြစ်ကြသောဒေါက်တာတင်အောင်အေးနှင့်ဦးမြင့်သိန်းတို့ရှေ့တွင် ဒေါ်ခင်ကြည်မြင့်ပါ၃ နှင့် ဦးစိုးလွင် အမှုတွင်တရားရုံးချုပ်အထူးအယူခံခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်- [ ဆုံးဖြတ်ချက်။    ။သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရစွဲဆိုသည့်အမှုတွင်အဓိကစဉ်းစားရန်အချက်မှာတရားလိုသည်မိမိလက်ရှိဖြစ်သောပစ္စည်းမှတရားဥပဒေအရမဟုတ်ဘဲ၊မိမိသဘောဆန္ဒနှင့်ဆန့်ကျင်လျှက်ဖယ်ရှားခြင်းခံရပြီးလက်လွတ်ဆုံးရှုံးခဲ့ရခြင်းရှိ၊မရှိဖြစ်သည်။ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရမရွှေ့မပြောင်းနိုင်သောဥပစာအတွင်းကျူးကျော်ဝင်ရောက်သူအားဖယ်ရှား၍ယင်းဥပစာကိုလက်ရောက်ရလိုကြောင်းစွဲဆိုမှုတွင်ပိုင်ဆိုင်ခွင့်ပြဿနာပေါ်...