သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရလက်ရှိထားရာရောက်၊မရောက်ကိစ္စ။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


အိမ်ရှင်၏သဘောတူညီမှုမရှိဘဲကန်ထရိုက်တာထံမှအခန်းဝယ်ယူသူသည်ဆောက်လုပ်ပြီးစီးခြင်းမရှိသေးသည့်တိုက်ခန်းကိုမိမိသဘောအလျောက်သော့ခတ်ပြီးနောက်၊အခန်းထဲ၌မိမိပစ္စည်းများကိုထားလျက်(၉)လကြာအောင်အသုံးပြုခဲ့ခြင်းသည်ထိုတိုက်ခန်းကိုသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရလက်ရှိထားရာရောက်၊မရောက်။

——————————————-


2001 BLR ( SAB ) 121 ( 132 )


တရားမအထူးအယူခံမှု 


တရားရုံးချုပ်၊ဒုတိယတရားသူကြီးချုပ်ဦးသန်းဦး၊တရားသူကြီးများဖြစ်ကြသောဒေါက်တာတင်အောင်အေးနှင့်ဦးမြင့်သိန်းတို့ရှေ့တွင်


ဒေါ်ခင်ကြည်မြင့်ပါ၃ နှင့် ဦးစိုးလွင်


အမှုတွင်တရားရုံးချုပ်အထူးအယူခံခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ဆုံးဖြတ်ချက်။    ။သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရစွဲဆိုသည့်အမှုတွင်အဓိကစဉ်းစားရန်အချက်မှာတရားလိုသည်မိမိလက်ရှိဖြစ်သောပစ္စည်းမှတရားဥပဒေအရမဟုတ်ဘဲ၊မိမိသဘောဆန္ဒနှင့်ဆန့်ကျင်လျှက်ဖယ်ရှားခြင်းခံရပြီးလက်လွတ်ဆုံးရှုံးခဲ့ရခြင်းရှိ၊မရှိဖြစ်သည်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရမရွှေ့မပြောင်းနိုင်သောဥပစာအတွင်းကျူးကျော်ဝင်ရောက်သူအားဖယ်ရှား၍ယင်းဥပစာကိုလက်ရောက်ရလိုကြောင်းစွဲဆိုမှုတွင်ပိုင်ဆိုင်ခွင့်ပြဿနာပေါ်ပေါက်ခြင်းမရှိပေ။ထို့ကြောင့်အဆိုပါဥပစာ၏ပိုင်ဆိုင်မှုကိုတရားရုံးကစိစစ်ရန်မလိုချေ။တရားရုံးကစိစစ်ရန်တခုတည်းသောပြဿနာမှာလက်ရှိထားသည့်ပြဿနာပင်ဖြစ်သည်။တရားလိုသည်အချင်းဖြစ်ဥပစာမှတရားနည်းလမ်းအတိုင်းမဟုတ်ဘဲဖယ်ရှားခံရကြောင်းမိမိအဆိုပြုချက်များကိုသက်သေထင်ရှားပြနိုင်လျှင်တရားပြိုင်သည်တရားလိုထက်သာသောပိုင်ဆိုင်မှုရှိစေကာမူတရားလို၏အမှုကိုအောင်မြင်စွာခုခံနိုင်မည်မဟုတ်ပေ။


ထပ်မံဆုံးဖြတ်ချက်။     ။သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉တွင်၊တရားဥပဒေအရမှတပါး၊တဦးတယောက်သောသူအားထိုသူ၏သဘောတူညီချက်မရဘဲ၊မရွှေ့မပြောင်းနိုင်သောပစ္စည်းမှဖယ်ရှားလျှင်ဟူ၍သာပြဌာန်းထားသည်။တရားဥပဒေနှင့်အညီလက်ဝယ်ရှိသောပစ္စည်းမှဖယ်ရှားလျှင်ဟူ၍ပြဌာန်းထားခြင်းမရှိပေ။


အိမ်ရှင်၏သဘောတူညီမှုမရှိဘဲကန်ထရိုက်တာထံမှအခန်းဝယ်ယူသူသည်၊ဆောက်လုပ်ပြီးစီးခြင်းမရှိသေးသည့်တိုက်ခန်းကိုမိမိသဘောအလျောက်သော့ခတ်ပြီးနောက်အခန်းထဲ၌မိမိပစ္စည်းများကိုထားလျက်၉လခန့်ကြာအောင်အသုံးပြုခဲ့ခြင်းသည်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရလက်ရှိထားခြင်းဖြစ်သည်။အခန်းဝယ်သူသည်အချင်းဖြစ်အခန်းကိုတိတ်တဆိတ်သော့ခတ်သည်ဆိုစေဦးတော့ထိုအချိန်မှစ၍တရားဥပဒေအရမဟုတ်ဘဲဖယ်ရှားခြင်းခံရချိန်ထိ၉လခန့်ကြာအောင်လက်ရှိဖြစ်ခဲ့ကြောင်းထင်ရှားသဖြင့်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရလက်ရှိထားသည်ဟုဆိုရပေမည်။


အယူခံတရားပြိုင်ဦးစိုးလွင်၏လက်ရှိဖြစ်သည့်အခန်းကိုလက်ရှိဖြစ်သူ၏သဘောတူခွင့်ပြုချက်မရှိဘဲအယူခံတရားလိုတို့ကသော့ဖျက်ဝင်ရောက်ကြောင်းအငြင်းမပွါးပေ။အယူခံတရားလိုတို့ကဤသို့သော့ဖျက်ဝင်ရောက်ခြင်းသည်လက်ရှိဖြစ်သူအယူခံတရားပြိုင်ဦးစိုးလွင်အားဥပဒေလမ်းကြောင်းအရမဟုတ်ဘဲအချင်းဖြစ်အခန်းကိုလက်လွတ်စေရာရောက်သည်။


သို့ဖြစ်၍သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရဦးစိုးလွင်၏စွဲဆိုမှုကိုပလပ်သောတိုင်းတရားရုံး၏အမိန့်ကိုပယ်ဖျက်ပြီးဦးစိုးလွင်စွဲဆိုသည့်အတိုင်းတရားရုံးချုပ်ကဒီကရီချမှတ်ခဲ့ခြင်းသည်မှားယွင်းခြင်းမရှိပေ။ ]


ခုံရုံးကစီရင်ထုံးစာမျက်နှာ၁၃၀၊၁၃၁၊၁၃၂တို့၌အောက်ပါအတိုင်းသုံးသပ်သည်-


[ အချင်းဖြစ်အခန်းကိုအယူခံတရားပြိုင်ဦးစိုးလွင်ကအိမ်ရှင်သဘောတူညီချက်မရှိဘဲကန်ထရိုက်တာထံမှဝယ်ယူခဲ့သည်ဆိုခြင်းကြောင့်ပိုင်ဆိုင်ခွင့်ရနိုင်၊မရနိုင်ဆိုသည့်အချက်မှာယင်းအခန်းနှင့်စပ်လျဉ်းသည့်ပိုင်ရေးပိုင်ခွင့်ကိုဆုံးဖြတ်ရာတွင်ထည့်သွင်းစဉ်းစားရမည့်အချက်သာဖြစ်ပေသည်။ယခုအမှုမှာပိုင်ရေးပိုင်ခွင့်ကိုဆုံးဖြတ်ပေးခြင်းမဟုတ်ဘဲလက်ရှိထား၊မထားကိုသာသုံးသပ်ခြင်းဖြစ်သည်။


လက်ရှိထားမထားဆိုသည့်အချက်ကိုသုံးသပ်ရာတွင်လည်းအချင်းဖြစ်အခန်းပါဝင်သည့်တိုက်ဆောက်လုပ်ပြီးစီးခြင်းရှိမရှိသည်လည်းအရေးပါသည့်အချက်မဟုတ်ပေ။ယင်းအခန်းကိုမူလရုံးကတရားလိုကလက်ရှိထားမထားဆိုသည့်အချက်ကိုသာသုံးသပ်ရမည်ဖြစ်သည်။


စည်ပင်သာယာရေးအဖွဲ့မှထုတ်ပေးသောအဆောက်အအုံဆောက်လုပ်ပြီးစီးကြောင်းလက်မှတ်မရှိဘဲနေထိုင်ပါက၊စည်ပင်သာယာဥပဒေအရအရေးယူခြင်းခံရနိုင်သော်လည်းယင်းကဲ့သို့နေထိုင်သူအားလက်ရှိထားသူမဟုတ်ဟုဆိုနိုင်မည်မဟုတ်ပေ။


နေအိမ်အပေါ်ထပ်ကိုသော့ခတ်၍လက်ရှိထားသူသည်အဆိုပါနေအိမ်အပေါ်ထပ်ကိုလက်ရှိထားရာရောက်ကြောင်း၊ဦးလှသိန်း နှင့် ဦးကံညောင်အမှု၊၁၉၆၆ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၁၀၉၁တွင်ညွှန်ပြထားသည်။


ထို့ကြောင့်အချင်းဖြစ်အခန်းကိုသော့ခတ်ရုံသာမကပစ္စည်းများထားလျက်အသုံးပြုနေသူအယူခံတရားပြိုင်ဦးစိုးလွင်သည်ယင်းအခန်းကိုလက်ရှိဖြစ်သည်ဟုကောက်ယူရမည်ဖြစ်သည်။


အယူခံတရားလို၏ရှေ့နေတင်ပြသည့်အမှု၊အေ အိုင် အာ ၁၉၂၈ခုနှစ် ပတ္တနား၊စာ-၁၂၄မှာ၊ကျူးကျော်သူသည်မိမိဖယ်ရှားသူနှင့်စပ်လျဉ်း၍၊အချင်းဖြစ်ပစ္စည်းကိုလက်ရှိထားသည်ဟုမဆိုနိုင်ကြောင်း၊ဖယ်ရှားခံရသူကကျူးကျော်သူအားအဓမ္မပြန်လည်ဖယ်ရှားစေကာမူကျူးကျော်သူသည်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရတရားမစွဲဆိုနိုင်ကြောင်းညွှန်ပြထားခြင်းဖြစ်သည်။


အယူခံတရားပြိုင်ဦးစိုးလွင်သည်အယူခံတရားလိုဒေါ်ခင်ကြည်မြင့်ကိုဖယ်ရှားပြီးအချင်းဖြစ်ဥပစာကိုလက်ရှိထားခြင်းမဟုတ်သောကြောင့်အဆိုပါအမှုဖြစ်ရပ်နှင့်တူညီခြင်းမရှိပေ။


ဦးမောင်မောင်မြင့် နှင့် ဦးခင်မောင်ကြီးပါ၂အမှု[ ၁၉၉၆ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာ-၄၉ ]တွင်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရစွဲဆိုသောအမှု၌၊တရားဝင်အားဖြင့်လက်ရှိထားသည့်ပစ္စည်းဖြစ်ရမည်ဟူ၍ပြဌာန်းထားခြင်းမရှိကြောင်းအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


“သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉တွင်တဦးတယောက်သောသူအားမရွှေ့မပြောင်းနိုင်သောပစ္စည်းမှဖယ်ရှားလျှင်ဟူ၍သာပြဌာန်းထားပါလျက်မူလရုံးကတရားဥပဒေနှင့်အညီတရားဝင်အားဖြင့်လက်ရှိထားသောပစ္စည်းဖြစ်ရန်လိုကြောင်းသုံးသပ်ခြင်းမှာပြဌာန်းထားခြင်းမရှိသည့်အချက်ကိုမိမိသဘောဖြင့်တိုးချဲ့ကောက်ယူရာရောက်ပေသည်။”


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉တွင်တရားဥပဒေအရမှတပါးတဦးတယောက်သောသူအားထိုသူ၏သဘောတူညီချက်မရရှိဘဲမရွှေ့မပြောင်းနိုင်သောပစ္စည်းမှဖယ်ရှားလျှင်ဟူ၍ပြဌာန်းထားခြင်းမရှိပေ။


အိမ်ရှင်၏သဘောတူညီမှုမရှိဘဲကန်ထရိုက်တာထံမှအခန်းဝယ်သူသည်ဆောက်လုပ်ပြီးစီးခြင်းမရှိသေးသည့်တိုက်ခန်းကိုမိမိသဘောအလျောက်သော့ခတ်ပြီးနောက်အခန်းထဲ၌မိမိပစ္စည်းများကိုထားလျက်၉လခန့်ကြာအောင်အသုံးပြုခဲ့ခြင်းသည်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရလက်ရှိထားခြင်းဖြစ်သည်။အခန်းဝယ်ယူသူသည်တိတ်တဆိတ်သော့ခတ်သည်ဆိုစေဦးတော့ထိုအချိန်မှစ၍တရားဥပဒေအရမဟုတ်ဘဲဖယ်ရှားခြင်းခံရချိန်ထိ၉လခန့်ကြာအောင်လက်ရှိဖြစ်ခဲ့ကြောင်းထင်ရှားသဖြင့်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရလက်ရှိထားသည်ဟုဆိုရပေမည်။


အယူခံတရားပြိုင်ဦးစိုးလွင်၏လက်ရှိဖြစ်သည့်အခန်းကိုလက်ရှိဖြစ်သူ၏သဘောတူခွင့်ပြုချက်မရှိဘဲအယူခံတရားလိုတို့ကသော့ဖျက်ဝင်ရောက်ကြောင်းအငြင်းမပွါးပေ။အယူခံတရားလိုတို့ကဤသို့သော့ဖျက်ဝင်ရောက်ခြင်းသည်လက်ရှိဖြစ်သူအယူခံတရားပြိုင်ဦးစိုးလွင်အားဥပဒေလမ်းကြောင်းအရမဟုတ်ဘဲအချင်းဖြစ်အခန်းကိုလက်လွတ်စေရာရောက်သည်။ ]

————————————————


THE INDIAN LAW REPORTS


PATNA SERIES.


VOL. VI. 794 [ 802 ]


APPELLATE CRIMINAL.


Before Mullick, A. C. J., and Wort, J.


KING-EMPEROR


              V.


BANDHU SINGH.*


1927. May, 24.


အမှုတွင်တရားသူကြီး MULLICK, A. C. J.ကစီရင်ထုံးစာမျက်နှာ၇၉၈နှင့်၇၉၉တို့တွင်အောက်ပါအတိုင်းသုံးသပ်သည်-


[ In my opinion it is quite clear that the trustees were in possession.


"A mere trespasser" said Lord Donman, "cannot, by the very act of trespass, immediately and without acquiescence, give himself what the law understands by possession against the person whom he ejects, and drive him to produce his title if he can, without delay, reinstate himself in his former possession." [Browne v. Dawson ( 1 ) (1840) 12 A. & Е. 624. 


It depends on the facts in each case what can be considered to be reasonable delay.


The owner may, if he does not acquiesce re-enter upon the land and reinstate himself provided he does not use more force than is necessary. 


He must not commit a breach of the peace so as to render him-self liable for an indictment under the Statutes of forcible entry and this entry will be viewed as a resistance to an intrusion upon a possession which he had never lost.


Therefore, possession being with him, he may, in India, prosecute the intruder for committing criminal trespass within the meaning of section 441 of the Indian Penal Code provided the necessary intention exists and he may also if he secures a conviction apply to the Court for the ejectment of the intruder under section 522 of the Code of Criminal Procedure.


He may also resort to the preventive sections of the Code of Criminal Procedure, namely, sections 107 and 145 of that Code.


If he takes the risk of a forcible entry and uses more violence than is necessary he will not be able to plead the right of private defence; but he cannot be sued by the trespasser who has entered by force or fraud either for recovery of possession under section 9 of the Specific Relief Act or for ejectment upon the strength of his temporary prior possession Section 9 requires legal possession and the owner who re-enters without delay has in law never lost possession. 


And when two persons are on a field each claiming it, he who has title is in law deemed to be in possession.


If the true owner acquiesces or acts otherwise, so that legal possession vests in the trespasser, then he must resort to the Civil Court and bring a suit either under section 9 or in ejectment, or in trespass for damages. 


The continuance in possession of the trespasser is a recurring wrong and constitutes a new entry every time that the true owner goes upon the land or as near to it as he dares, to make a claim to it.


There is a fresh cause of action each time he is resisted although the point from which limitation will run may depend on the express provisions of the law of limitation. 


This I think is the law both in India and England. ]

————————————————-


1996 BLR 49 ( 55 )


တရားမပထမအယူခံမှု


တရားရုံးချုပ်တရားသူကြီးဦးတင်အုံးရှေ့တွင်


ဦးမောင်မောင်မြင့် နှင့် ဦးခင်မောင်ကြီးပါ၂


အမှုတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ဆုံးဖြတ်ချက်။   ။သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရစွဲဆိုသည့်အမှုတွင်အဓိကစဉ်းစားရန်အချက်မှာတရားပြိုင်သည်ပစ္စည်းလက်ရှိဖြစ်သူတရားလိုအား၎င်း၏သဘောတူညီမှုလည်းမရှိ၊တရားရုံး၏အမိန့်အရလည်းမဟုတ်ဘဲလက်မဲ့ဖြစ်စေခဲ့သလားဆိုသည့်အချက်ဖြစ်သည်။


ဤပုဒ်မပါပြဌာန်းချက်သည်ပုဒ်မ၈ပါပြဌာန်းချက်နှင့်ခြားနားသည်။


ပုဒ်မ၈အရမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းတရပ်ကိုပိုင်ဆိုင်ခွငိ့ရှိသူသည်မိမိပိုင်ဆိုင်မှုကိုအကြောင်းပြ၍အဆိုပါပစ္စည်းကိုလက်ရောက်ရယူခွင့်ရှိသည်။


ပုဒ်မ၉မှာပစ္စည်းလက်ရှိဖြစ်ခဲ့သူတဦး၏နစ်နာမှုကိုအချိန်တိုအတွင်းသက်သာခွင့်ရစေရန်ရည်ရွယ်ခြင်းဖြစ်သည်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉တွင်တဦးတယောက်သောသူအားမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းမှဖယ်ရှားလျှင်ဟူ၍သာပြဌာန်းထားပါလျက်မူလရုံးကတရားဥပဒေနှင့်အညီတရားဝင်အားဖြင့်လက်ရှိထားသောပစ္စည်းဖြစ်ရန်လိုကြောင်းသုံးသပ်ခြင်းမှာပြဌာန်းထားခြင်းမရှိသည့်အချက်ကိုမိမိသဘောဖြင့်တိုးချဲ့ကောက်ယူရာရောက်ပေသည်။ ]

———————————————


1965 BLR ( CC ) 5 ( 11 )


CIVIL MISCELLANEOUS


Before U San Maung, J.


DAW EIN TINT (APPELLANT)


                  V.


U SAN HLA AND SIX OTHERS (RESPONDENTS).*


အမှုတွင်တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ In a suit under s. 9 of the Specific Relief Act, the question of title is not involved and therefore the decision in it cannot operate as resjiudicata in a subsequent suit involving title. ]

————————————————


1966 BLR 1091 ( 1096 )


နိုင်ငံတော်တရားရုံးချုပ်


ရာဇဝတ်ပြင်ဆင်မှု


တရားသူကြီးဦးချစ်ရှေ့တွင်


ဦးလှသိန်း နှင့် ဦးကံညောင်


အမှုတွင်တရားသူကြီးဦးချစ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ဆုံးဖြတ်ချက်။   ။အိမ်အပေါ်ထပ်ကိုသော့ခတ်ထား၍ထိုသော့ကိုလက်ရှိရှိသူတဦးဖြစ်သဖြင့်ထိုကဲ့သို့သော့ကိုလက်ရှိထားခြင်းအားဖြင့်လျှောက်ထားခံရသူသည်၊တရားဝင်ပိုင်ဆိုင်ခြင်းအနေမျိုးမဟုတ်ဘဲ၊ကိုယ်ထိလက်ရောက်ပိုင်ထားသူတယောက်ဖြစ်သည်ဟုယူဆရန်အကြောင်းရှိသည်။ထိုကဲ့သို့သောအခြေအနေမျိုး၌လျှောက်ထားသူက၎င်း၏ပိုင်နက်ကိုကျူးကျော်၍ဝင်ရောက်နေပြီးဖယ်မပေးသောကြောင့်၎င်းမှာစိတ်အနှောက်အယှက်ဖြစ်မည်ဖြစ်ကြောင်းပေါ်လွင်သဖြင့်၊လျှောက်ထားခံရသူကလျှောက်ထားသူအပေါ်အိမ်ကျော်နင်းမှုနှင့်တရားစွဲဆိုနိုင်သည်။ ]


————————-

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ