Posts

Showing posts from May, 2025

စီရင်ထုံးကိုမှုခင်းနှင့်စပ်ဟပ်အဖြေထုတ်ယူရာတွင်သတိချပ်ရမည့်အချက်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စီရင်ထုံးကိုမှုခင်းနှင့်စပ်ဟပ်အဖြေထုတ်ယူရာတွင်သတိချပ်ရမည့်အချက်။ —————————— ကြောင်းကျိုးဆင်ခြင်သည့်ပညာ ကြောင်းကျိုးဆင်ခြင်ရာတွင်အတွေးခေါင်ခြင်းသည်အဟန့်အတားတရပ်ဖြစ်သည်။  ကြောင်းကျိုးဆင်ခြင်ရာတွင်အတွေးကျွံမသွားဖို့လိုပါသည်။ ကျွံလျှင်အမှန်သို့ရောက်မည်မဟုတ်။ အဖြေကိုဦးစွာထုတ်ပြီးထိုအဖြေသို့မရောက်ရောက်အောင်ဆင်ခြင်ယူရာ၌ကြောင်းကျိုးဆင်ခြင်မှုသည်သဘာဝယုတ္တိမဲ့တတ်သည်။ ယုတ္တိဗေဒအရကြောင်းကျိုးဆင်ခြင်ကာအဖြေမှန်ကိုရှာဖွေရန်ဖြစ်ပါသည်။ တရားစီရင်ရာ၌ကြောင်းကျိုးပြရခြင်းသည်အခြေခံသဘောတရားဖြစ်သည်။ တရားစီရင်ရာ၌ယုတ္တိယုတ္တာရှိသောကြောင်းကျိုးဆီလျော်သောအကြောင်းပြချက်အရအဆုံးအဖြတ်ပြုရန်ဖြစ်ချေသည်။ ကြောင်းကျိုးဆင်ခြင်ခြင်းသည်လက်တွေ့တွင်လွယ်သည်မဟုတ်။ စီရင်ထုံးများပါကြောင်းကျိုးဆင်ခြင်တရားစီရင်တတ်မှုကို၊လေ့လာမှတ်သားခြင်းသည်သာလျှင်အောင်မြင်မှုပန်းတိုင်သို့ ပို့ဆောင်ပေးနိုင်သည့်နည်းလမ်းမှန်ဖြစ်သည်။ ဥပဒေပညာရှင်တို့၏ကြောင်းကျိုးပြဆင်ခြင်သည့်ပညာကိုစီရင်ထုံးများမှသင်ယူရန်ဖြစ်သည်ကိုသတိပြုပါ။ စီရင်ထုံးများပါထုံးဖွဲ့ချက်တို့ကိုဆိုင်ရာအမှု၏ဖြစ်ရပ်တို့နှင့်ချိန်ထိုးလျှောက်လဲရာတွင်မိမိဦးနှော...