ပဏာမဒီကရီချမှတ်ပြီးနောက်ရုံးချိန်းပျက်ကွက်သည့်အတွက်အမှုကိုပလပ်ခြင်းမပြုနိုင်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပဏာမဒီကရီချမှတ်ပြီးနောက်ရုံးချိန်းပျက်ကွက်သည့်အတွက်အမှုကိုပလပ်ခြင်းမပြုနိုင်။ ————————— စာရေးသူသည်ဗဟိုတရားရုံးတရားမဌာန၌တာဝန်ယူဆောင်ရွက်စဉ်၊ဗဟိုတရားရုံးသို့ရောက်လာပြီးအဆုံးအဖြတ်ပေးလိုက်ရသော၊တွေ့ကြုံရခဲသည့်ဥပဒေပြဿနာတရပ်ကိုစတင်ဆွေးနွေးလိုပါသည်။ တိုင်းတရားရုံးတရုံးတွင်၊မောင်တယောက်ကအစ်ကို၊အစ်မနှင့်ကွယ်လွန်သွားပြီးဖြစ်သောအစ်ကို၏ဇနီး(မရီး)တို့အပေါ်အမွေမှုစွဲဆိုရာပဏာမဒီကရီရရှိပါသည်။ ပစ္စည်းစာရင်းကောက်ယူဆဲတွင်အမှုကြားနာရန်ချိန်းဆိုသည့်နေ့တနေ့၌၊တရားလိုသည်ရုံးချိန်းပျက်ကွက်သဖြင့်တိုင်းတရားရုံးကအမှုကိုပလပ်လိုက်ပါသည်။ ထိုအခါတရားပြိုင်တဦးဖြစ်သူတဦးကအမှုပြန်ဖွင့်ပေးရန်လျှောက်ထားပါသည်။ တိုင်းတရားရုံးကထိုလျှောက်လွှာကိုပလပ်လိုက်ပါသည်။ ထို့နောက်တရားလိုကအမှုပြန်ဖွင့်ပေးရန်လျှောက်ထားပါသည်။ သူလည်းအရေးနိမ့်သွားပါသည်။ တရားလိုသည်တိုင်းတရားရုံး၏အမိန့်ကိုအယူခံမဝင်ပါ။ ထို့နောက်ထိုအမှုမှတရားပြိုင်တဦးဖြစ်သူအမွေဆိုင်တဦးကတရားလိုပြုလုပ်၍ပထမအမှုမှတရားလိုနှင့်အခြားမောင်နှင့်ညီမများ၊အစ်ကို၏ဇနီး(ယောင်းမ)အပေါ်အမွေမှုစွဲဆိုပါသည်။ ပထမအမှုတွင်အဓိကအမှုဆိုင်သူမှာအမွေပစ္စည်းအချို့ကိုလက်ရှိထာ...