ပဏာမဒီကရီချမှတ်ပြီးနောက်ရုံးချိန်းပျက်ကွက်သည့်အတွက်အမှုကိုပလပ်ခြင်းမပြုနိုင်။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဏာမဒီကရီချမှတ်ပြီးနောက်ရုံးချိန်းပျက်ကွက်သည့်အတွက်အမှုကိုပလပ်ခြင်းမပြုနိုင်။

—————————

စာရေးသူသည်ဗဟိုတရားရုံးတရားမဌာန၌တာဝန်ယူဆောင်ရွက်စဉ်၊ဗဟိုတရားရုံးသို့ရောက်လာပြီးအဆုံးအဖြတ်ပေးလိုက်ရသော၊တွေ့ကြုံရခဲသည့်ဥပဒေပြဿနာတရပ်ကိုစတင်ဆွေးနွေးလိုပါသည်။


တိုင်းတရားရုံးတရုံးတွင်၊မောင်တယောက်ကအစ်ကို၊အစ်မနှင့်ကွယ်လွန်သွားပြီးဖြစ်သောအစ်ကို၏ဇနီး(မရီး)တို့အပေါ်အမွေမှုစွဲဆိုရာပဏာမဒီကရီရရှိပါသည်။


ပစ္စည်းစာရင်းကောက်ယူဆဲတွင်အမှုကြားနာရန်ချိန်းဆိုသည့်နေ့တနေ့၌၊တရားလိုသည်ရုံးချိန်းပျက်ကွက်သဖြင့်တိုင်းတရားရုံးကအမှုကိုပလပ်လိုက်ပါသည်။


ထိုအခါတရားပြိုင်တဦးဖြစ်သူတဦးကအမှုပြန်ဖွင့်ပေးရန်လျှောက်ထားပါသည်။


တိုင်းတရားရုံးကထိုလျှောက်လွှာကိုပလပ်လိုက်ပါသည်။


ထို့နောက်တရားလိုကအမှုပြန်ဖွင့်ပေးရန်လျှောက်ထားပါသည်။


သူလည်းအရေးနိမ့်သွားပါသည်။


တရားလိုသည်တိုင်းတရားရုံး၏အမိန့်ကိုအယူခံမဝင်ပါ။


ထို့နောက်ထိုအမှုမှတရားပြိုင်တဦးဖြစ်သူအမွေဆိုင်တဦးကတရားလိုပြုလုပ်၍ပထမအမှုမှတရားလိုနှင့်အခြားမောင်နှင့်ညီမများ၊အစ်ကို၏ဇနီး(ယောင်းမ)အပေါ်အမွေမှုစွဲဆိုပါသည်။


ပထမအမှုတွင်အဓိကအမှုဆိုင်သူမှာအမွေပစ္စည်းအချို့ကိုလက်ရှိထားသောအစ်ကို၏ဇနီးဖြစ်ပါသည်။


ဒုတိယအမှုတွင်လည်းသူပင်လျှင်အဓိကအမှုဆိုင်သူဖြစ်ပါသည်။


၎င်းကပထမအမှုတွင်ချမှတ်သောဒီကရီသည်မီးသေသွားပြီဖြစ်ကြောင်းထုချေပါသည်။


တိုင်းတရားရုံးကယင်းပြဿနာနှင့်စပ်လျဉ်း၍ပဏာမငြင်းချက်အဖြစ်ကြားနာပြီး၊မီးသေခြင်းမရှိဟုဆုံးဖြတ်ပါသည်။


ထိုအခါယောင်းမဖြစ်သူတရားပြိုင်ကဗဟိုတရားရုံးသို့ပြင်ဆင်မှုလျှောက်ထားပါသည်။


အကျဉ်းနည်းဖြင့်ပလပ်ခြင်းခံရပါသည်။


တိုင်းတရားရုံးကအမှုကိုဆက်လက်စစ်ဆေးပြီးနောက်ပဏာမဒီကရီချမှတ်ပါသည်။


ထိုသို့ချမှတ်ရာတွင်မည်သည့်ပစ္စည်းများသည်အမွေပစ္စည်းတွင်ပါဝင်သည်၊မည်သည့်အိမ်ထောင်တွင်ဖြစ်ထွန်းသည်စသည်ဖြင့်ပဏာမဒီကရီဘောင်ကိုကျော်လွန်၍ဆုံးဖြတ်သဖြင့်တရားလိုကတိုင်းတရားရုံး၏ဒီကရီကိုအယူခံဝင်သည်။


ယောင်းမဖြစ်သူကလည်းပထမအမှုတွင်ချမှတ်သောဆုံးဖြတ်ချက်သည်မီးသေခြင်းမရှိဟူသောတိုင်းတရားရုံး၏ကြားဖြတ်ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍၊တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၂အရတန်ပြန်ကန့်ကွက်လွှာတင်သွင်းသည်။


ထိုအယူခံကိုစာရေးသူစတင်လေ့လာသောအခါ၊အယူခံမှုနှင့်ပတ်သက်ခြင်းမရှိသည့်အတွေးတရပ်ဝင်လာပါသည်။


ယင်းကိစ္စမှာအခြားမဟုတ်။


ပထမအမှုတွင်ပဏာမဒီကရီချမှတ်ပြီးနောက်၊တရားလိုရုံးချိန်းပျက်သည့်အတွက်အမှုကိုပလပ်ခွင့်ရှိပါမည်လောဆိုသည့်ပြဿနာဖြစ်ပါသည်။


အမွေမှုနှင့်စပ်လျဉ်း၍၊စာရေးသူသိထားသောဥပဒေပြဿနာနှစ်ရပ်ရှိပါသည်။


1959 BLR ( H C ) 54 ( 57 )


APPELLATE CIVIL.


Before U Ba Thoung, J.


DAW NYEIN AYE (APPELLANT)


                     V.


U BA YAR (RESPONDENT). *


အမှုတွင်၊အမွေမှု၌ပဏာမဒီကရီချမှတ်ပြီးနောက်တရားရုံးသည်အပြီးသတ်ဒီကရီချမှတ်ရန်ကော်မရှင်နာခန့်၍ပစ္စည်းစာရင်းကောက်ယူပြီးစီမံခန့်ခွဲစေရန်ကိစ္စကိုဆောင်ရွက်ရန်တာဝန်ရှိသည်ဖြစ်၍၊ကော်မရှင်နာခန့်ထားပေးရန်လျှောက်ထားရန်ကိစ္စအတွက်ကာလစည်းကမ်းသတ်၊သတ်မှတ်ထားခြင်းမရှိကြောင်းအောက်ပါအတိုင်းထုံးဖွဲ့ပါသည်-


[ Administration suit— Application for appointment of Commissioner to administer and take accounts for final decree-Not governed by Limitation Act-Order rejecting such application- An appealable decree.


An application for the appointment of a Commissioner to administer and take accounts of the properties of a deceased person in an administration suit for the purpose of passing a final decree must be treated as a reminder to the Court to do a certain act which it was bound to perform suo motu under Rule 13, Order 20 of the Code of Civil Procedure and is therefore not governed by the Law of Limitation.


Madhabmani Dasi v. Lambert, I.L.R. 37 Cal. 796 at 806; Shanker Appaji Patil v. Gangaram Bapuji Nagude and others, I.L.R. 52 Bom. 36o, referred to.


An order rejecting such application tantamounts to a " decree" as defined in 8. 2 (2) of the Code of Civil Procedure and is therefore appealable. ]

——————————


တရားမကျင့်ထုံးဥပဒေအမိန့်၂၀၊နည်း၁၃အရအပြီးသတ်ဒီကရီချမှတ်ပေးရန်တရားရုံးကဆောင်ရွက်ပေးရန်တာဝန်ရှိသည်ဟုဆိုလျှင်၊တရားလိုရုံးချိန်းပျက်ကွက်ခြင်းကြောင့်အမှုကိုပလပ်ခြင်းတည်းဟူသောကြီးလေးသည့်ပြစ်ဒဏ်သတ်မှတ်နိုင်ပါမည်လား ?


တရားမကျင့်ထုံးဥပဒေကိုလေ့လာလျှင်၊အမှုမစစ်ဆေးမီအဆင့်၌၊တရားလိုရုံးချိန်းပျက်လျှင်အမှုကိုပလပ်ပစ်ရန်ကြီးလေးသည့်ပြစ်ဒဏ်ကိုအမိိန့်၉၊နည်း၈တွင်သတ်မှတ်ထားပြီး၊အမှုစစ်ဆေးသည့်အခါအမှုကိုပလပ်သင့်ကပလပ်ရန်သို့မဟုတ်ပါကအခြားသင့်တော်သည့်အမိန့်ချမှတ်ရန်အမိန့်၁၇၊နည်း၂တွင်ပြဌာန်းထားကြောင်းတွေ့မြင်ရပါမည်။


အတော်အတန်ခရီးရောက်ပြီးမှအမှုကိုပယ်သည်အထိပြင်းပြင်းထန်ထန်အရေးယူမည်ဆိုပါကသဘာဝကျမည်မဟုတ်ပါ။


သို့ဖြစ်ရာအမှုတမှုတွင်ပဏာမဒီကရီချပြီးသည်အထိခရီးပေါက်ခဲ့ပြီးကာမှ၊တရားလိုရုံးချိန်းပျက်သည်ကိုအကြောင်းပြုပြီးအမှုကိုပလပ်ခြင်းသည်မျှတပါမည်လား ?


ဥပဒေဟူသည်သဘာဝကျ၍တရားမျှတမှုကိုအခြေခံသည်မှာအခြေခံသဘောတရားတရပ်ဖြစ်ပါသည်။

———————————-


* A. I. R. 1933 Rangoon 318


DAS AND MYA BU, JJ.


A. T. K. P. L. M. Muthiah Chettyar—Appellant.


                        V.


Tha Zan Hla and others - Respondents.


Civil Misc. Appeal No. 199 of 1933, Decided on 20th June 1933, against order of Dist. Judge, Akyab, D/. 30th June 1932.


Equivalent citation = ILR Rgn Vol XI စာ-၄၄၆


စီရင်ထုံး၌၊ပဏာမဒီကရီ၊အပြီးသတ်ဒီကရီဟူ၍ဒီကရီနှစ်ရပ်ချမှတ်ရန်အဆင့်ဆင့်ခွဲ၍ဆောင်ရွက်ရသောအမှုများတွင်၊ပဏာမဒီကရီချမှတ်ပြီးနောက်အမှုသည်တဦးဦးကွယ်လွန်သွားစေကာမူရပ်စဲခြင်းမရှိကြောင်းအောက်ပါအတိုင်းထုံးဖွဲ့သည်-


The question to consider in this appeal is whether O. 22, R. 4 applies to a case where a preliminary decree has been passed, and whether, when no application has been made to add the legal representative of a deceased defendant within three months, the suit shall abate as against the deceased defendant. After a decree has been passed there can be no question of any right to sue surviving because the right to sue has already been merged in the decree. I don’t think that O. 22. R. 4 applies where a preliminary decree has been passed and the suit does not abate as against the deceased defendant. In this connection I may refer to the judgment of their Lordships of the Privy Council in the case of Lachmi Narain v. Balmakund ( AIR 1924 PC 198=81 IC 747=51 IA 321=4 Pat 61 ( PC )At. P.66 of the judgment their Lordships observed as follows:


“ After a decree has once been made in a suit, the suit cannot be dismissed unless the decree reversed on appeal. The parties have on the making of the decree acquired rights or incurred liabilities which are fixed, unless or until the decree is varied or set aside. After a decree any party can apply to have it enforced.”


————————————-


ထိုသို့ဆိုလျှင်တရားလိုရုံးချိန်းပျက်ခြင်းကြောင့်အမှုကိုပလပ်နိုင်ပါမည်လား ?

————————————


စာရေးသူတို့ဥပဒေသင်ကြားစဉ်က၊ဆရာများကမိမိသိလိုသောဥပဒေကိုရှိသည့်နေရာတွင်ရှာတတ်ဖို့ဦးတည်သင်ကြားပေးခြင်းဖြစ်ကြောင်းရှင်းပြပါသည်။


ထိုသို့ရှာဖွေရန်မှာခက်ခဲလှသောကိစ္စဖြစ်လိမ့်မည်မဟုတ်ဟုစာရေးသူထင်ခဲ့ပါသည်။


သို့ရာတွင်ဥပဒေလောကသို့ဝင်လာပြီးနောက်မိမိသိလိုသောဥပဒေအချက်အလက်ကိုလက်တွေ့ရှာကြည့်သောအခါမကြာခဏဒုက္ခလှလှတွေ့ရပါသည်။


ယခုအမှုတွင်စာရေးသူသိချင်သောဥပဒေကိုရှာတော့မှပို၍ဒုက္ခတွေ့ပါသည်။


တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁နှင့်အမိန့်၉၊နည်း၃တို့တွင်ရှာကြည့်ပါသည်။


ရသမျှအချိန်တွင်ရှိမည်ထင်သည့်နေရာများ၌ရှာကြည့်ရာ၊လချီ၍ကြာသော်လည်းရှာမတွေ့ပါ။


တနေ့တွင်တရားရေးဝန်ထမ်းမွမ်းမံသင်တန်း၌သင်ကြားရန်ပြင်ဆင်ရာမှ၊အမိန့်၉၊နည်း၈ခေါင်းစဉ်အောက်တွင်တိုက်ရိုက်စီရင်ထုံးကိုပက်ပင်းဝင်တိုးမိပါသည်။


ကံကောင်းသည်ဟုဆိုရပါမည်။


**AIR 1924 Privy Council 198


(FROM PATNA)


10th July, 1924.


LORDS SHAW AND PHILLIMORE.


SIR JOHN EDGE AND MR. AMEER ALI.


Lachmi Narayan Marwary and others-Appellants.


                       V.


Balmakund Marwary and another-Respondents.


P. C. A. No. 4 of 1923, from Patna Appeal No. 28 of 1920.


အမှုတွင်ပစ္စည်းခွဲဝေသည့်ပဏာမဒီကရီကိုအယူခံရုံးကချမှတ်ပြီးနောက်ပစ္စည်းခွဲဝေရန်အတွက်လိုအပ်သည်များကိုဆောင်ရွက်ရန်အမှုကိုမူလရုံးသို့ပို့လိုက်သည်။မူလရုံးကအမှုကိုကြားနာရန်ချိန်းဆိုပြီးနောက်အမှုသည်များထံအကြောင်းကြားစာများပေးပို့သည်။သို့ရာတွင်ရုံးချိန်းနေ့၌တရားလိုမလာသဖြင့်အမှုကိုပလပ်လိုက်သည်။ယင်းအမှုသည်နောက်ဆုံးတွင်ထိုစဉ်ကအဆင့်မြင့်ဆုံးတရားရုံးဖြစ်သည့်ပရီဗီကောင်စီသို့ရောက်သောအခါပရီဗီကောင်စီကမူလရုံးသည်တရားလိုရုံးချိန်းပျက်သည်ကိုအကြောင်းပြုပြီးအမှုကိုပလပ်ခွင့်မရှိကြောင်းအောက်ပါအတိုင်းထုံးဖွဲ့သည်-


[ After a decree has once been made in a suit, the suit cannot be dismissed unless the decree is reversed on appeal. The parties have, on the making of the decree, acquired rights or incurred liabilities which are fixed, unless or until the decree is varied or set aside. ]

—————————


ဒီကရီတရပ်ချမှတ်သည်ဆိုခြင်းသည်အမှုသည်တို့၏တာဝန်နှင့်ရပိုင်ခွင့်တို့ကိုသတ်မှတ်ပေးခြင်းဖြစ်သည်။


ထိုဒီကရီကိုပြောင်းလဲခြင်း၊ပယ်ဖျက်ခြင်းမပြုသေးသ၍အဆိုပါတာဝန်နှင့်ရပိုင်ခွင့်တို့မှာတည်နေမည်ဖြစ်သည်။


သာမန်အားဖြင့်ဒီကရီကိုအယူခံမှုတွင်သာပြောင်းလဲပယ်ဖျက်နိုင်သည်။


ပြန်လည်သုံးသပ်ပေးစေလိုမှုတွင်လည်းပယ်ဖျက်နိုင်သည်။


ပြင်ဆင်မှုတွင်ချမှတ်သောဒီကရီကိုအဆင့်မြင့်သောတရားရုံးကပြင်ဆင်မှုတွင်ပြောင်းလဲပယ်ဖျက်နိုင်သည်။


သို့ရာတွင်တရားလိုမလာခြင်းကြောင့်မူလရုံးကအမှုကိုပလပ်ခြင်းဖြင့်ဒီကရီတရပ်ကိုပယ်ဖျက်ခြင်းမပြုနိုင်ဆိုခြင်းမှာသဘာဝကျသောအမြင်ဖြစ်ပါသည်။


အကြောင်းမူဒီကရီမချမှတ်မီအဆင့်တွင်သာအမှုပလပ်ခြင်းဟူ၍ရှိနိုင်သည်။


စောဒကတက်ရန်အချက်တရပ်ရှိပါသည်။


တရားလိုသည်ရုံးခေါ်စာရပါလျက်ရုံးချိန်းပျက်ကွက်လျှင်လည်းရုံးသို့မလာမချင်းအမှုကိုစောင့်နေရမည်လား ?


ရုံးခေါ်စာကိုဆက်ကာဆက်ကာထုတ်ဆင့်ရမည်လား ?


ယင်းကိစ္စနှင့်စပ်လျဉ်း၍-


**AIR 1924 Privy Council 198


(FROM PATNA)


10th July, 1924.


LORDS SHAW AND PHILLIMORE.


SIR JOHN EDGE AND MR. AMEER ALI.


Lachmi Narayan Marwary and others-Appellants.


                       V.


Balmakund Marwary and another-Respondents.


P. C. A. No. 4 of 1923, from Patna Appeal No. 28 of 1920.


စီရင်ထုံးတွင်၊ပရီဗီကောင်စီကတရားရုံးသည်စည်းကမ်းထိန်းသိမ်းနိုင်ခွင့်ရှိရမည်ဖြစ်ကြောင်း၊သို့ဖြစ်၍တရားလိုမလာလျှင်မူလရုံးကအမှုကိုရက်အကန့်အသတ်မရှိရွှေ့ဆိုင်းကြောင်းအမိန့်ချမှတ်ပါကလျော်ကန်မည်ဖြစ်ကြောင်းအောက်ပါအတိုင်းသုံးသပ်သည်-


[ Their Lordships are fully sensible of the necessity of leaving the Judges in India with ample power of disci-pline, and means to check neglect and delay. If, for instance, the Subordinate Judge had made an order adjourning the proceedings sine die, with liberty to the plaintiff to restore the suit to the list on payment of all costs and Court-fees (if any) thrown away, it would have been a perfectly proper order. ]

———————————-


ဆက်လက်ဆွေးနွေးလိုသည့်ကိစ္စတရပ်ရှိသည်။


တိုင်းတရားရုံးကယခင်အမှုတွင်ချမှတ်သောစီရင်ချက်သည်မီးသေသောဆုံးဖြတ်ချက်မဟုတ်ဟုကြားဖြတ်အမိန့်ချမှတ်ခဲ့ရာ၊ယင်းအမိန့်ကိုတရားလို၏ယောင်းမဖြစ်သူကမကျေနပ်၍ဗဟိုတရားရုံးတွင်ပြင်ဆင်မှုလျှောက်ထားခဲ့သော်လည်းမအောင်မြင်ချေ။


တရားလိုကပဏာမဒီကရီကိုအယူခံဝင်သောအခါယောင်းမဖြစ်သူကလည်းယခင်အမှုတွင်ချမှတ်သောအမိန့်သည်မီးသေသောဆုံးဖြတ်ချက်ဖြစ်ကြောင်းအဆုံးအဖြတ်ပေးရန်တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၂အရတန်ပြန်ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း၊အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။


ယင်းကန့်ကွက်လွှာ၌ပြင်ဆင်မှုတင်သွင်းရာတွင်အရေးနိမ့်ခဲ့ပုံကိုဖော်ပြပြီးနောက်၊ပဏာမငြင်းချက်နှင့်စပ်လျဉ်း၍အမိန့်ချမှတ်စဉ်ကယခင်အမှုဖြစ်ရပ်များရုပ်လုံးမပေါ်သေးကြောင်း၊ပဏာမဒီကရီချမှတ်သည့်အဆင့်တွင်မှအချက်အလက်များပြည့်ပြည့်စုံစုံပေါ်လွင်လာပြီဖြစ်၍ဗဟိုတရားရုံးအနေဖြင့်ယခင်ဆုံးဖြတ်ချက်သည်မီးသေပြီဟုကောက်ယူသင့်ကြောင်းဖော်ပြထားသည်ကိုတွေ့ရပါသည်။


ပြင်ဆင်မှုကိုအကျဉ်းနည်းဖြင့်ပလပ်သောဗဟိုတရားစီရင်ရေးအဖွဲ့တွင်အဖွဲ့ဝင်သုံးဦးပါဝင်သည်။


ပဏာမဒီကရီနှင့်စပ်လျဉ်းသောအယူခံမှုကိုကြားနာစီရင်သည့်ဗဟိုတရားစီရင်ရေးအဖွဲ့တွင်လည်းအဖွဲ့ဝင်သုံးဦးပါဝင်သည်။


ဒုတိယအဖွဲ့သည်ပြင်ဆင်မှုကိုအကျဉ်းနည်းဖြင့်ပလပ်သောအမိန့်ကိုတရားမကျင့်ထုံးဥပဒေအမိန့်၄၇၊နည်း၁အရပြန်လည်သုံးသပ်ခြင်းမဟုတ်ချေ။


သို့ဖြစ်ရာအဖွဲ့ဝင်ဦးရေချင်းတူညီသောဒုတိယဗဟိုတရားစီရင်ရေးအဖွဲ့သည်ပထမဗဟိုတရားစီရင်ရေးအဖွဲ့၏ဆုံးဖြတ်ချက်ကိုပြင်ဆင်ပြောင်းလဲခွင့်ရှိမည်မဟုတ်ချေ။


နိုင်ရန်အကြောင်းမရှိဘဲကန့်ကွက်လွှာတင်သွင်းခြင်းဖြစ်သည်ဟုဆိုရပါမည်။

———————————-


1959 BLR ( H C ) 54 ( 57 )


APPELLATE CIVIL.


Before U Ba Thoung, J.


DAW NYEIN AYE (APPELLANT)


                     V.


U BA YAR (RESPONDENT). *


စီရင်ထုံးတွင်၊တရားဝန်ကြီးဦးဘသောင်းရည်ညွှန်းကိုးကားသောကာလကတ္တားစီရင်ထုံးနှင့်ဘုံဘေစီရင်ထုံးနှစ်ရပ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။


INDIAN LAW REPORTS. [VOL. XXXVII.


CALCUTTA SERIES. 796 ( 807 )


APPELLATE CIVIL.


Before Mr. Justice Mookerjee and Mr. Justice Carnduff.


MADHABMANI DASI


                  V.


LAMBERT.*


1910 May, 10.

—————————


INDIAN LAW REPORTS [VOL. LII


BOMBAY SERIES. 360 ( 369 )


APPELLATE CIVIL


Before Mr. Justice Patkar and Mr. Justice Baker.


SHANKAR APPAJI PATIL (ORIGINAL PLAINTIFF), APPELLANT


                            V.


GANGARAM BAPUJI NAGUDE AND OTHERS (ORIGINAL DETENDANTS), RESPONDENTS.*


1928 January 17.

————————————


၁၉၁၀ပြည့်နှစ်မေလ၁၀ရက်နေ့၌စီရင်သော-


INDIAN LAW REPORTS. [VOL. XXXVII.


CALCUTTA SERIES. 796 ( 807 )


APPELLATE CIVIL.


Before Mr. Justice Mookerjee and Mr. Justice Carnduff.


MADHABMANI DASI


                  V.


LAMBERT.*


1910 May, 10.


စီရင်ထုံး၌၊တရားသူကြီး MOOKERJEE AND CARNDUFF JJ.တို့ကစီရင်ထုံးစာမျက်နှာ-၈၀၇တွင်၎င်းတို့၏အမြင်ကိုအောက်ပါအတိုင်းဖော်ပြသည်-


[ ln our opinion Article 181 of the Limitation Act of 1908 does not govern an application for order absolute under order 34, rule 3 of the Civil Procedure Code of 1908. 


In this view also the application made by the appellant for order absolute of the decree nisi is not barred by limitation.


As the appellant is entitled to succeed on the first and second grounds taken on her behalf, it is needless to examine the third ground which raises a question of considerable nicety about the retrospective operation of the Civil Procedure Code and Limitation Act of 1908, whether they affect rights created by mortgage decrees made under the Transter of Property Act before the legislation of 1909 came into force: Kounsilla v. Ishri Singh (7). (1910) 7 ALL. L. J. 420.


The result, therefore, is that this appeal is allowed, the order of the Court below is discharged, and, as it is admitted that nothing has been paid to the decrec-holder in satisfaction of the mortgage-decree, an order absolute for foreclosure is made in her favour. 


The appellant is entitled to her costs both here and in the Court below.


Appeal allowed. ]

—————————————-


၁၉၂၈ခုနှစ်၊ဇန်နဝါရီလ၁၇ရက်နေ့၌စီရင်သော-


INDIAN LAW REPORTS [VOL. LII


BOMBAY SERIES. 360 ( 369 )


APPELLATE CIVIL


Before Mr. Justice Patkar and Mr. Justice Baker.


SHANKAR APPAJI PATIL (ORIGINAL PLAINTIFF), APPELLANT


                            V.


GANGARAM BAPUJI NAGUDE AND OTHERS (ORIGINAL DETENDANTS), RESPONDENTS.*


1928 January 17.


စီရင်ထုံးတွင်၊တရားသူကြီး Mr. Justice Patkar and Mr. Justice Baker.တို့ကအောက်ပါအတိုင်းစီရင်ဆုံးဖြတ်သည်-


[ Where a decree directs that mesne-profits be uscertained under Order XX, rule 12, clause (1) (c), Civil Procedure Code, 1908, it is a proceeding in the suit and it is the duty of the Court to pass a final decree in accordance with the result of the inquiry as laid down by Order XX, rule 12, clause (2). 


The Code does not contemplate an application being made for the uncertainment of mesne-profits and therefore even if on application in made, it is not governed by Article 181 of tho Indian Limitation Act, 1908. 


Bhatu Ram Modi v. Fogal Ram, (1925) 5 Pat. 223.


Thana Zalaji Shet v. Dhana Jawherji (1922) L. P. Appeal No. 60 of 1921 (decided on 29th September 1922).


Jawherjia and Lachmi Narain Marwari v. Banekund Marwari, (1924) L.R. 51 I.A. 321, a relied on. ]


စီရင်ထုံးစာမျက်နှာ-၃၆၁နှင့်၃၆၂တို့တွင်အယူခံတရားလို၏ရှေ့နေ J. G. Rele, for the appellant ကရုံးတော်သို့အောက်ပါအတိုင်းလျှောက်လဲတင်ပြသည်-


[ J. G. Rele, for the appellant : The preliminary objection is not well founded.. 


The order of the lower Court adjudicating that the application was barred under Article 181 of the Indian Limitation Act, finally decides the rights of the parties and it amounts to a decree :


Bhup Indar Bahadur Singh v. Bijai Bahadur Singh (1) (1900) 23 All. 152.


So the appeal lay to the lower Court and a second appeal is competent.


On the merits, there was a conflict of rulings on the question whether the determination of mesne profits was to be made in execution proceedings or in the suit.


Bombay High Court held the former view: 


Uttamram V. Kishordas; (1899) 24 Bom. 149.


Gangadhar v. Balkrishna Soiroba; (1920) 45 Bom. 819.


Yusuf Alli v. Papa Miya; (1923) 47 Bom. 778.


The Calcutta and Allahabad High Courts held that proceedings for determination of mesne profits were proceedings in continuance of the original suit: 


Puran Chand v. Roy Radha Kishen ; (1891) 19 Cal. 132 F.B.


Prayag Singh v. Raju Singh15; (1897) 25 Cal. 203.


Muhammad Umarjan Khan v. Zinut Begam ; (1903) 25 All, 385.


Narsingh Das v. Debi Prasad ; (1918) 40 All. 211.


Rudra Pratap Singh V. Sarda Mahesh Prasad Singh ; (1925) 47 All. 543.


This view is accepted under the present Civil Procedure Code, 1908, and it provides that where inquiry is directed under Clause (c) for mesne profits, the Court shall pass a final decree in accordance with the result of the inquiry. 


It is the duty cast upon the Court and the Court can proceed with the inquiry under Order XXVI, rule 9. 


In fact no application is required under rule.


In cases of mortgage decrees, an application is necessary under Order XXXIV, rule 5. 


So the application made by the decree-holder is not in reality an application under the Civil Procedure Code and is therefore not governed by Article 181 of the Indian Limitation Act. 


The law of limitation has no application so long as the suit is a pending suit. 


I rely on Bhatu Ram Modi v. Fogal Ram ; (1925) 5 Pat. 223.


Thana Zalaji Shet v. Dhana Jawherjia ; (1922) L. P. Appeal No. 60 of 1921 (decided 29th September 1922).


and Lachmi Narain Marwari v. Balmakund Marwari ; (1924) L. R. 51 I. A. 321. ]


စီရင်ထုံးစာမျက်နှာ-၃၆၆နှင့်၃၆၇တွင်၊တရားသူကြီး PATKAR, J.၏အောက်ပါသုံးသပ်ချက်မှာမှတ်သားဖွယ်ရာဖြစ်သည်-


[ The observations in Lachmi Narain Marwari v. Balmakund Marwaria (1924) L. R. 51 I. A. 321 would apply. 


In that case a preliminary decree for partition was made and the Subordinate Judge dismissed the suit on the ground that the plaintiff did not appear on the date fixed for consideration of the question how the partition was to be effected. 


Their Lordships of the Privy Council observed that after a decree had once been made in a suit, the suit could not be dismissed unless and until the decree was reversed or varied or set aside, and that after a decree any party could apply to have it enforced. 


If, therefore, the ascertainment of mesne profits is a proceeding in the suit, and it is the duty of the Court to pass a final decree in accordance with the result of the inquiry as laid down by Order XX, rule 12, clause (2), it was not then within the power of the lower Court in this case to decline to exercise the jurisdiction vested in it by law, and to dismiss the application for ascertainment of the mesne profits on the ground that it was beyond time under Article 181 of the Indian Limitation Act.


There is nothing in the Code requiring the plaintiff who has the conduct of a pending suit to make formal applications from time to time requesting the Court to proceed to judgment and decree. 


In this view it is not necessary to go into the question whether Article 181 applies to such an application, for the Code does not contemplate an application being made for the ascertainment of the mesne profits. 


We agree, however, with the view taken in Thana Zalaji Shet V. Dhana Jawherji (1922) L. P. Appeal No. 60 of 1921 ( decided on 29th September 1922. )


in which it was held that Article 181 did not apply to an application for the ascertainment of mesne profits.


The Indian Limitation Act does not apply to all applications. 


The preamble of the Indian Limitation Act shows that it is intended to apply to " certain applications." 


The applications covered by Articles 158 to 180 are applications specifically provided by the Code. 


Article 181 of the Indian Limitation Act would apply to applications specifically provided for by the Civil Procedure Code. 


See Bai Manekbai v. Manekji Kavasji (1880) 7 Bom. 213.


and Gnanamuthu Upadesi v. Vana Koilpillai Nadan (1893) 17 Mad. 379. ]

———————-

Comments

Popular posts from this blog

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]