Posts

Showing posts from July, 2025

ဆန့်ကျင်လက်ရှိထားခြင်းကိစ္စသိ၊မသိသည်အဓိကအကြောင်းတရပ်ဖြစ်ပါသလော ?

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဆန့်ကျင်လက်ရှိထားခြင်းကိစ္စသိ၊မသိသည်အဓိကအကြောင်းတရပ်ဖြစ်ပါသလော ? —————————————— ကာလစည်းကမ်းသတ်ဆိုင်ရာဥပဒေပြဿနာကိုဆုံးဖြတ်ရာတွင်၊တရားမျှတမှုပြဿနာမပေါ်ပေါက်။ ကာလစည်းကမ်းသတ်ဥပဒေကိုယ်တိုင်သည်ပင်လျင်၊တရားမျှတမှုရှိသောဥပဒေဟုပြောဆိုရန်ခက်ခဲလှသည်။ အမှုအမျိုးမျိုးအတွက်၊စည်းကမ်းသတ်အမျိုးမျိုးကိုသင့်တော်မည်၊ကောင်းမည်ထင်သလိုသတ်မှတ်ထားသည်ကိုတွေ့မြင်နိုင်သည်။ လက်တွေ့လိုအပ်ချက်အရစည်းကမ်းသတ်ကာလကိုသတ်မှတ်ရခြင်းဖြစ်သည်။ တရားမျှတမှုနှင့်တိုက်ရိုက်သက်ဆိုင်ခြင်းမရှိ။ —————————- A. I. R. 1937 Rangoon 180 MYA BU AND BAGULEY, JJ. Munshi Bashir Ahmad — Appellant.                   V. Nederlandsche Handel Maatschappij - Respondent. Letters Patent Appeal No. 5 of 1936, Decided on 17th August 1936, from decree of High Court, D/- 25th March 1936. အမှုနှင့် 1961 BLR ( H C ) 111 ( 118 ) APPELLATE CIVIL. Before U San Maung and U Mya Thein, JJ. U AUNG THA (deceased) BY HIS LEGAL REPRESENTATIVES MA SEIN MYA AND FIVE OTHERS (APPELLANTS) ...

အများကိုကိုယ်စားပြု၍စွဲဆိုသောအမှုနှင့်မီးသေခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အများကိုကိုယ်စားပြု၍စွဲဆိုသောအမှုနှင့်မီးသေခြင်း ———————————- တဦးသို့မဟုတ်တဦးထက်ပိုသူများကမိမိတို့နှင့်အမှုတွင်အကျိုးတူသက်ဆိုင်ခွင့်ရှိသောသူများကိုယ်စားစွဲဆိုသောအမှုကိုအများကိုကိုယ်စားပြု၍စွဲဆိုသောအမှု[ Representative Suit ]ဟုခေါ်သည်။ သာဓကတရပ်မှာပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၃အရစွဲဆိုသောအမှုဖြစ်သည်။ ——————————————— အကျိုးခံစားခွင့်တရပ်တည်းတွင်သက်ဆိုင်သူအားလုံးအတွက်တဦးတယောက်ကတရားစွဲဆိုနိုင်ခြင်းသို့မဟုတ်ခုခံချေပနိုင်ခြင်း။ ———————————- တရားမကျင့်ထုံးဥပဒေအမိန့်၁၊နည်း၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- ၈။     ။( ၁ )တရားမမှုတမှုတွင်အကျိုးသက်ဆိုင်သူအများအပြားရှိရာ၌၎င်းတို့အနက်တဦးကဖြစ်စေ၊တဦးထက်ပိုသောသူတို့ကဖြစ်စေတရားရုံး၏ခွင့်ပြုချက်ဖြင့်အကျိုးသက်ဆိုင်သူအားလုံးအတွက်၊သို့မဟုတ်ထိုသို့အကျိုးသက်ဆိုင်သူအားလုံး၏အကျိုးငှါတရားစွဲဆိုနိုင်သည်၊သို့မဟုတ်တရားစွဲဆိုခြင်းခံနိုင်သည်၊သို့မဟုတ်ယင်းအမှုတွင်ခုခံချေပနိုင်သည်။ယင်းသို့စွဲဆိုသောအမှု၌အမှုစွဲဆိုထားကြောင်းအကြောင်းကြားစာကိုတရားရုံးကတရားလို၏စရိတ်ဖြင့်ထိုအကျိုးသက်ဆိုင်သူအားလုံးထံသို့အကြောင်းကြားစာလက်ထိလက်ရောက...