Posts

Showing posts from September, 2025

တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဧမောင်၏ဥပဒေပညာနှင့်အရေးအသား။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဧမောင်၏ဥပဒေပညာနှင့်အရေးအသား 1948 BLR 91 ( 97 ) APPELLATE CRIMINAL. Before Mr. Justice E Maung. MA MYA SEIN (APPLICANT)                      V. THE KING (RESPONDENT).* 1947 September 23. စီရင်ထုံးကို[ ၄-၁၁-၁၉၄၆ ]နေ့တွင်ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးဖြစ်သောဦးဧမောင်[ နောက်ပိုင်းတွင်ဒေါက်တာဧမောင် ]ကတရားဝန်ကြီးလုပ်သက်တနှစ်မပြည့်မီ[ ၂၃-၉-၁၉၄၇ ]နေ့တွင်ချမှတ်သောစီရင်ချက်တွင်ထုံးပြုသောစီရင်ထုံးဖြစ်သည်။ အမှုတွင်တရားဝန်ကြီးဦးဧမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်- [ ရာဇဝတ်ကျင့်ထုံးဥပဒေကို၁၉၂၃ခုနှစ်တွင်ပြင်ဆင်ပြီးနောက်ပိုင်း၌ရဲအရာရှိတဦးဦးကစာဖြင့်ရေးသားသောအစီရင်ခံစာတွင်အကြောင်းခြင်းရာများသည်ရဲအရေးပိုင်သောပြစ်မှုမြောက်သည်ဖြစ်စေ၊ရဲအရေးမပိုင်သောပြစ်မှုမြောက်သည်ဖြစ်စေ၊ရာဇဝတ်တရားသူကြီးကပုဒ်မ၁၉၀( ၁ )( ခ )အရ၊ရာဇဝတ်မှုကိုအရေးယူစီရင်နိုင်သည်။ Held: That after the amendment of the Code of Criminál Procedure in 1923, a Magistrate under s. 190 (b) of the Code can take cognizance of an offence u...

တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဧမောင်၏ရသမြောက်သောစီရင်ချက်။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဧမောင်၏ရသမြောက်သောစီရင်ချက်။ ———————————- 1950 BLR ( S C ) 17 ( 40 ) SUPREME COURT. TINSA MAW NAING (APPLICANT)                       V. THE COMMISSIONER OF POLICE, RANGOON AND ANOTHER (RESPONDENTS).* Present: U E MAUNG, Chief Justice of the Union of Burma, Mr. JUSTICE KYAW MYINT and U ON PE, J. 1950 February 18 အမှုတွင်၊နိုင်ငံရေးအရအဖမ်းခံရသောရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရန်နိုင်ကိုဖမ်းဆီးသဖြင့်လွှတ်ပေးရန်အတွက်ရှေ့တော်သွင်းစာချွန်တော်ထုတ်ပေးရန်၊၁၉၄၈ခုနှစ်၊ဇူလိုင်လ၂၁ရက်နေ့တွင်ပထမလျှောက်လွှာတင်သွင်းခဲ့ရာ၊၁၉၄၈ခုနှစ်၊ဩဂုတ်လ၁၁ရက်နေ့တွင်နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးဘဦးကငြင်းခဲ့သည်။ ဒုတိယလျှောက်လွှာကို၁၉၄၉ခုနှစ်၊ဒီဇင်ဘာလ၇ရက်နေ့တွင်တင်သွင်းသည်။ အမှုတွင်တရားလွှတ်တော်ချုပ်တရားဝန်ကြီးချုပ်ဦးဧမောင်ဦးဆောင်သောခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်- [ ဆုံးဖြတ်ချက်။   ။ဝမ်ရွှေဘီး နှင့် ရဲမင်းကြီးပါ၂၌ဆုံးဖြတ်ချက်မှာထပ်မံတင်သွင်းသောရှေ့တော်သွင်းစာချွန်တော်လျှောက်လွှာများကိုပထုတ်နိုင်သည...

တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဧမောင်၏စံလက်ရာစီရင်ထုံး။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဧမောင်၏စံလက်ရာစီရင်ထုံး။ ——————————————- မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်သုံးလအကြာတွင်တောခိုမှုများဖြစ်ပွါးခဲ့သည်။ ရောင်စုံသူပုန်ဟူသောစကားဖြစ်ထွန်းလာသည်။ အဖမ်းအဆီးများလည်းများလာရာရှေ့တော်သွင်းစာချွန်တော်လျှောက်ထားမှုအများအပြားပေါ်လာသည်။ အခြားစာချွန်တော်လျှောက်ထားမှုများလည်းအထိုက်အလျောက်ရှိလာရာ၊၁၉၄၈နှင့်၁၉၄၉ခုနှစ်စီရင်ထုံးများ၊စီရင်ချက်များတွင်စာချွန်တော်အကြောင်းစီရင်ထုံးများနေရာယူခဲ့သည်။ တရားလွှတ်တော်ချုပ်ကစာချွန်တော်များနှင့်စပ်လျဉ်းသောစီရင်ချက်အများအပြားကိုရေးခဲ့သည်။ ——————————————————— စာချွန်တော်ဆိုင်ရာဥပဒေသည်အင်္ဂလန်နိုင်ငံဥပဒေတွင်မြစ်ဖျားခံသည်။  မြန်မာနိုင်ငံလွတ်လပ်ရေးစတင်ရစဉ်ကနိုင်ငံတော်မငြိမ်မသက်သဖြင့်ဖမ်းဆီးမှုများရှိခဲ့ရာ၊ရှေ့တော်သွင်းစာချွန်တော်ထုတ်ဆင့်ပေးရန်၊တရားလွှတ်တော်ချုပ်တွင်လျှောက်ထားမှုအများအပြားရှိခဲ့သည်။ ၁၀ - ၅ - ၁၉၄၈ နေ့၌ချမှတ်သောစီရင်ချက်၌- 1948 BLR ( S C ) 199 ( 213 ) SUPREME COURT. G. N. BANERJI (APPLICANT)                     V. THE SUP...