ဘုရားတန်ဆောင်းရှိကမ္ပည်းများကိုသက်သေခံအဖြစ်တင်ပြခြင်းကိစ္စ။[ Part One ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဘုရားတန်ဆောင်းများရှိကမ္ပည်းများကိုသက်သေခံအဖြစ်တင်ပြခြင်းကိစ္စ။ [ Part One ] —————————————- VOL. I. INDIAN LAW REPORTS. RANGOON SERIES. 102 ( 121 ) APPELLATE CIVIL Befere Sir Sydney Robinson , Kt., Chief Justice , and Mr. Justice May Oung. MAUNG PO KAN v. DAW AT AND OTHERS. Civil First Appeal No. 9 of 1922 from a judgment and decree of the District Court of Hanthawaddy dismissing the plaintiff’s suit. 1923 Mar. 7 အမှုကိုဆုံးဖြတ်ကြသူများမှာဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးချုပ် SIR S. M. ROBINSON, Kt., Barrister-at-Law နှင့် တရားဝန်ကြီး Mr. JUSTICE MAUNG MAY OUNG, M.A,, LL.M., Barrister-at-Law, တို့ဖြစ်ကြသည်။ တရားဝန်ကြီးချုပ် SIR S. M. ROBINSON, Kt ., Barrister-at-Law ကိုအောက်မြန်မာပြည်တရားရုံးချုပ်တွင် ၁၉၀၈ ခုနှစ်မှစ၍အင်္ဂလန်နိုင်ငံမှခေါ်ယူခန့်ထားခဲ့သည်။ 4 LBR စီရင်ထုံးစာအုပ်ရှိတရားသူကြီးများစာရင်းတွင်တရားဝန်ကြီး SIR S. M. ROBINSON ၏အမည်ကိုအောက်ပါအတိုင်းတွေ့မြင်နိုင်သည်- JUDGES OF THE CHIEF C...