Posts

Showing posts from September, 2019

ရှေ့နေရှေ့ရပ်တို့သည်ပြန်လှန်စစ်မေးခြင်းပညာတတ်မြောက်ရမည်

ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာ စာမျက်နှာ - ကလ ရှေ့နေရှေ့ရပ်တို့သည်သက်သေများကိုပြန်လှန်စစ်မေးခြင်းပညာတတ်မြောက်ရမည်။ မုဆိုးစိုင်သင်သလိုသင်ယူရသည့်ပညာမျိုးဖြစ်သည်။ ပြန်လှန်စစ်မေးခြင်း၏ အတိုင်းအတာကို 1946  RLR 229 ( 242 - 243 )တွင်ရှင်းပြထားသည်။ သက်သေကို ယိမ်းယိုင်သွားသည်အထိပြန်လှန်စစ်မေးနိုင်မှုမရှိခြင်းကိစ္စကို 4  Ran  518 ( 521 ) ( PC ) နှင့် 1966 BLR 1371 ( 1384 )တို့တွင်ပြဆိုထားသည်။  သက်သေကိုတဖက်မှပြန်လှန်စစ်မေးရန်ပျက်ကွက်လျှင် ၎င်း၏ထွက်ဆိုချက်ခိုင်လုံသည်ဟုကောက်ယူရန်ဖြစ်ကြောင်း 1952 BLR ( S. C .) 4 ( 9 ) တွင်ညွှန်ပြထားသည်။ တဖက်အမှုသည်ကိုပြန်လှန်စစ်မေးရန်ပျက်ကွက်ခြင်း၏ဆိုးကျိုးကို 1966  BLR 192 ( ပြစ်မှု ) နှင့် 1969 BLR 197 ( တရားမ )အမှုများတွင်ထုံးဖွဲ့ထားသည်။  ထိုထုံးသာဓကများကအောင်မြင်သောရှေ့နေရှေ့ရပ်ဖြစ်ရန်စီရင်ထုံးများကို မပျက်မကွက်လေ့လာဖို့လိုကြောင်းညွှန်ပြလျှက်ရှိသည်။ စီရင်ထုံးများကိုလေ့လာရာမှ ပညာ၏အရသာကိုခံစားရသောအခါရှေ့ကိုဆက်ဖတ်သွားရန်နှောင့်နှေးစရာအကြောင်းမရှိနိုင်တော့။

ဥပဒေပညာရှင်ဖြစ်ရန်မှာ

ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာအမှာစာမှ ဥပဒေပညာရှင်ဖြစ်ရန်မှာ ရှေ့နေစာမေးပွဲအောင်မြင်သူများနှင့်ဥပဒေဘွဲ့ရပုဂ္ဂိုလ်များသည်ကျောင်းပညာမျှဖြင့် လက်တွေ့ဘဝတွင်အောင်မြင်သောရှေ့နေရှေ့ရပ်များဖြစ်လာမည်ဟုတထစ်ချမျှော်လင့်၍မရနိုင်ပါ။ထိုလက်မှတ်များသည်ရှေ့နေလောကသို့ဝင်ခွင့်ရစေသည့်လက်မှတ် ( gate pass )မျှသာဖြစ်ချေသည်။ရှေ့နေလိုက်ရာ၌ဥပဒေပြဿနာတပုံတခေါင်းကြီးနှင့်မုချရင်ဆိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံထုတ်ဥပဒေကျမ်းများအနည်းအကျဉ်းသာရှိပါသည်။ အိန္ဒိယနိုင်ငံထုတ်ကျမ်းများကိုလည်းဖတ်ရန်ဖြစ်သည်။ စာရေးသူသည်မြို့ငယ်တခုတွင်ကြီးပြင်းခဲ့သူဖြစ်သည်။ စာရေးသူ၏ကျောင်းနေဖက်တဦးမှာအိန္ဒိယလူမျိုးရှေ့နေတဦး၏သား ဖြစ်သည်။တနေ့တွင်၎င်းကစာရေးသူအား၎င်း၏မိဘပိုင်အိမ်( တရားရုံးနှင့်မလှမ်းမကမ်းတွင်ရှိသည် )သို့ခေါ်သွားရာလက်ခုတ်တဖောင်ထိမြင့်သောဘီရိုကြီးများ၌ ဥပဒေစာအုပ်များအပြည့်ရှိနေသည်ကိုတအံ့တသြတွေ့ခဲ့ရပါသည်။  နောက်ပိုင်းစာရေးသူသည်သာယာဝတီမြို့တွင်အထက်တန်းပြဆရာအဖြစ် ဆောင်ရွက်စဉ်အထက်တန်းရှေ့နေတဦး၏သားကခေါ်၍၎င်းအိမ်သို့ရောက်သွားပြန်ရာတွင်လည်းအလားတူမြင့်သောဘီရိုများတွင်ဥပဒေစာအုပ်များအပြည့်တွေ့ရပြန်ပါသည်။ထိုခေတ်ကစီရင်ထုံးများနှင့်ကျမ်းမ...