ဥပဒေပညာရှင်ဖြစ်ရန်မှာ
ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာအမှာစာမှ
ဥပဒေပညာရှင်ဖြစ်ရန်မှာ
ရှေ့နေစာမေးပွဲအောင်မြင်သူများနှင့်ဥပဒေဘွဲ့ရပုဂ္ဂိုလ်များသည်ကျောင်းပညာမျှဖြင့် လက်တွေ့ဘဝတွင်အောင်မြင်သောရှေ့နေရှေ့ရပ်များဖြစ်လာမည်ဟုတထစ်ချမျှော်လင့်၍မရနိုင်ပါ။ထိုလက်မှတ်များသည်ရှေ့နေလောကသို့ဝင်ခွင့်ရစေသည့်လက်မှတ် ( gate pass )မျှသာဖြစ်ချေသည်။ရှေ့နေလိုက်ရာ၌ဥပဒေပြဿနာတပုံတခေါင်းကြီးနှင့်မုချရင်ဆိုင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံထုတ်ဥပဒေကျမ်းများအနည်းအကျဉ်းသာရှိပါသည်။ အိန္ဒိယနိုင်ငံထုတ်ကျမ်းများကိုလည်းဖတ်ရန်ဖြစ်သည်။ စာရေးသူသည်မြို့ငယ်တခုတွင်ကြီးပြင်းခဲ့သူဖြစ်သည်။ စာရေးသူ၏ကျောင်းနေဖက်တဦးမှာအိန္ဒိယလူမျိုးရှေ့နေတဦး၏သား ဖြစ်သည်။တနေ့တွင်၎င်းကစာရေးသူအား၎င်း၏မိဘပိုင်အိမ်( တရားရုံးနှင့်မလှမ်းမကမ်းတွင်ရှိသည် )သို့ခေါ်သွားရာလက်ခုတ်တဖောင်ထိမြင့်သောဘီရိုကြီးများ၌ ဥပဒေစာအုပ်များအပြည့်ရှိနေသည်ကိုတအံ့တသြတွေ့ခဲ့ရပါသည်။
နောက်ပိုင်းစာရေးသူသည်သာယာဝတီမြို့တွင်အထက်တန်းပြဆရာအဖြစ် ဆောင်ရွက်စဉ်အထက်တန်းရှေ့နေတဦး၏သားကခေါ်၍၎င်းအိမ်သို့ရောက်သွားပြန်ရာတွင်လည်းအလားတူမြင့်သောဘီရိုများတွင်ဥပဒေစာအုပ်များအပြည့်တွေ့ရပြန်ပါသည်။ထိုခေတ်ကစီရင်ထုံးများနှင့်ကျမ်းများကိုရှေ့နေရှေ့ရပ်များကမိမိတို့လုပ်ငန်းအောင်မြင်ရေးအတွက်မရှိမဖြစ်စာအုပ်များအဖြစ်စုဆောင်းတတ်ကြောင်းစာရေးသူကြုံတွေ့ရသောဖြစ်ရပ်နှစ်ရပ်ကညွှန်ပြသည်။
Comments
Post a Comment