ရှေ့နေရှေ့ရပ်တို့သည်ပြန်လှန်စစ်မေးခြင်းပညာတတ်မြောက်ရမည်
ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာ
စာမျက်နှာ - ကလ
ရှေ့နေရှေ့ရပ်တို့သည်သက်သေများကိုပြန်လှန်စစ်မေးခြင်းပညာတတ်မြောက်ရမည်။
မုဆိုးစိုင်သင်သလိုသင်ယူရသည့်ပညာမျိုးဖြစ်သည်။
ပြန်လှန်စစ်မေးခြင်း၏ အတိုင်းအတာကို 1946 RLR 229 ( 242 - 243 )တွင်ရှင်းပြထားသည်။
သက်သေကို ယိမ်းယိုင်သွားသည်အထိပြန်လှန်စစ်မေးနိုင်မှုမရှိခြင်းကိစ္စကို 4 Ran 518 ( 521 ) ( PC ) နှင့် 1966 BLR 1371 ( 1384 )တို့တွင်ပြဆိုထားသည်။
သက်သေကိုတဖက်မှပြန်လှန်စစ်မေးရန်ပျက်ကွက်လျှင် ၎င်း၏ထွက်ဆိုချက်ခိုင်လုံသည်ဟုကောက်ယူရန်ဖြစ်ကြောင်း 1952 BLR ( S. C .) 4 ( 9 ) တွင်ညွှန်ပြထားသည်။
တဖက်အမှုသည်ကိုပြန်လှန်စစ်မေးရန်ပျက်ကွက်ခြင်း၏ဆိုးကျိုးကို 1966 BLR 192 ( ပြစ်မှု ) နှင့် 1969 BLR 197 ( တရားမ )အမှုများတွင်ထုံးဖွဲ့ထားသည်။
ထိုထုံးသာဓကများကအောင်မြင်သောရှေ့နေရှေ့ရပ်ဖြစ်ရန်စီရင်ထုံးများကို မပျက်မကွက်လေ့လာဖို့လိုကြောင်းညွှန်ပြလျှက်ရှိသည်။
Comments
Post a Comment