Posts

Showing posts from September, 2024

၂၀၁၀ မတစ ၁ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၂၀၁၀ မတစ ၁ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။ 2010 BLR 1  ဒေါ်စိုးစံသိန်း             နှင့်  ဒေါ်ခင်မြင့်(ခ)ဒေါ်ထားထားညွန့်ပါ၂ တရားရုံးချုပ်တရားသူကြီးဦးခင်မြင့်ရှေ့တွင် တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်- “ဆုံးဖြတ်ချက်။  ။ဤအမှုကိုစွဲဆိုခြင်းမှာတရားရုံးမှဒီကရီအတည်ပြုရာတွင်၊အချင်းဖြစ်တိုက်ခန်းအားပညတ်ဝရမ်းစွဲကပ်မှုကြောင့်ဝရမ်းခွါပေးရန်ကန့်ကွက်လျှောက်ထားမှုတွင်၊၎င်း၏လျှောက်ထားချက်ကိုပယ်ကြောင်းချမှတ်သည့်အမိန့်အရစွဲဆိုခြင်းဖြစ်ကြောင်းထင်ရှားသည်။” စီရင်ထုံးစာမျက်နှာ၉နှင့်၁၀တွင်၊အောက်ပါအတိုင်းသုံးသပ်သည်- “ဤအယူခံတွင်ကာလစည်းကမ်းသတ်ကျော်လွန်နေကြောင်းနှင့်တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၆၃အရစွဲဆိုခြင်းမရှိဘဲ၊သီးခြားသက်သာခွင့်ဥပဒေပုဒ်မ၄၂အရမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုခွင့်မရှိဟုမူလတိုင်းတရားရုံး၏ဆုံးဖြတ်ချက်မှန်မမှန်စိစစ်ရန်ဖြစ်သည်။ အယူခံတရားလို(မူလရုံးတရားလို)၏ဆိုလွှာအရတရားလိုသည်အချင်းဖြစ်တိုက်ခန်းအားဦးခင်မောင်စိုး၏ဇနီးအယူခံတရားပြိုင်(၁)ဒေါ်ထားထားညွန့်(မူလရုံးတရားပြိုင်-၁)ထံမှ၂-၅-၉၅နေ့တွင်ဝယ်ယူခဲ့သော်လည်း၊ထိုတိုက်ခန်းသည်...

မူလတရားပြိုင်ကကြားဖြတ်အမိန့်တရပ်ကိုစောဒကဝင်နေစဉ်သေဆုံးခြင်း၊မူလရုံး၌အမှုတွဲမရှိခြင်း၊တရားလိုကလျှောက်ထားရန်တာဝန်ရှိ၊မရှိ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရန်လျှောက်ထားသည့်ကိစ္စ။ မူလတရားပြိုင်ကကြားဖြတ်အမိန့်တရပ်ကိုစောဒကဝင်နေစဉ်သေဆုံးခြင်း။ မူလရုံး၌အမှုတွဲမရှိခြင်း။ တရားလိုကလျှောက်ထားရန်တာဝန်ရှိ၊မရှိ။ ———————————————— A.I.R. (1951) Hyderabad 55. VENKAT NARSIMHAN REDDY                            V. KONDA REDDY (DECEASED) AND OTHERS “အမှုတမှုကိုအယူခံတရားရုံးသို့ပို့လိုက်သည်နှင့်တပြိုင်နက်၊ယင်းအမှုသည်စီရင်လျက်ရှိသောတရားရုံးတွင်စစ်ဆေးဆဲအမှုမဟုတ်တော့။ အမှုတွင်ချမှတ်သောကြားဖြတ်အမိန့်များကိုတရားပြိုင်ကပြင်ဆင်မှုတက်သောအခါ၊အမှုသည်မူလတရားရုံးတွင်စစ်ဆေးဆဲဖြစ်သည်ဟုမပြောနိုင်တော့ချေ။ သို့ဖြစ်၍မူလတရားရုံးတွင်ကွယ်လွန်သူအမှုသည်နေရာ၌တရားဝင်ကိုယ်စားလှယ်ထည့်ရန်ပြဿနာမပေါ်ပေါက်တော့ချေ။ ထို့ကြောင့်ပြင်ဆင်မှုလျှောက်ထားဆဲတွင်လျှောက်ထားသူတဦးကွယ်လွန်သဖြင့်၎င်း၏အမည်ကိုပယ်ဖျက်လိုက်ပြီးနောက်၊ပြင်ဆင်မှုကိုကျန်လျှောက်ထားသူများနှင့်စပ်လျဉ်းသမျှခွင့်ပြုပြီးအမှုကိုအမှုသွားအမှုလာအရအဆုံးအဖြတ်ပေးရန်၊မူလတရားရုံးသို့ပြန်ပို့လိုက်သည့်အခါ၊ကွယ်လွန်သူ၏တ...

စာချုပ်သည်တရားလိုအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်စာချုပ်ကိုပယ်ဖျက်ပေးစေလိုမှု။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စာချုပ်သည်တရားလိုအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်စာချုပ်ကိုပယ်ဖျက်ပေးစေလိုမှု။ စာချုပ်စာတမ်းတရပ်ကိုပယ်ဖျက်ပေးစေလိုမှုနှင့်ယင်းစာချုပ်မှာတရားလိုအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်းမြွက်ဟကြေညာပေးစေလိုမှုတို့သည်ကွဲပြားခြားနားသည်။ တရားလိုသည်မိမိပိုင်ဆိုင်မှုကိုအခိုင်အမာပြဆိုရာတွင်မိမိပါဝင်ချုပ်ဆိုခဲ့သောစာချုပ်သို့မဟုတ်မိမိလိုက်နာရန်တာဝန်ရှိသောစာချုပ်သို့မဟုတ်ဒီကရီသို့မဟုတ်မိမိပါဝင်ခဲ့သောအမှုတွင်ချမှတ်သည့်ဒီကရီကဲ့သို့သောမကျော်လွှားနိုင်သည့်အတားအဆီးကိုဖယ်ရှားခြင်းမပြုဘဲယင်းပိုင်ဆိုင်ခွင့်ကိုအခိုင်အမာပြဆိုနိုင်မည်မဟုတ်လျှင်၊ထိုဒီကရီကိုသို့မဟုတ်စာချုပ်ကိုပယ်ဖျက်ပေးရန်ဖြစ်စေ၊ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးရန်ဖြစ်စေ၊တရားစွဲဆိုရမည်ဖြစ်၍ထိုအမှုကိုမြွက်ဟကြေညာချက်ရလိုမှုအဖြစ်ရေးသားထားစေကာမူအနှစ်သာရအားဖြင့်ထိုဒီကရီသို့မဟုတ်ထိုစာချုပ်ကိုပယ်ဖျက်ပေးစေလိုမှုဖြစ်သည်။ တဖက်တွင်ပိုင်ဆိုင်မှုကိုအခိုင်အမာပြဆိုလိုသူတရားလိုသည်အခြားသူများအချင်းချင်းနှင့်သက်ဆိုင်သည့်ဒီကရီ၏သို့မဟုတ်အမှုကိစ္စ၏ခြိမ်းခြောက်ခြင်းခံရလျက်ရှိပြီးထိုဒီကရီကိုသို့မဟုတ်ထိုစာချုပ်ကိ...