မူလတရားပြိုင်ကကြားဖြတ်အမိန့်တရပ်ကိုစောဒကဝင်နေစဉ်သေဆုံးခြင်း၊မူလရုံး၌အမှုတွဲမရှိခြင်း၊တရားလိုကလျှောက်ထားရန်တာဝန်ရှိ၊မရှိ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရန်လျှောက်ထားသည့်ကိစ္စ။
မူလတရားပြိုင်ကကြားဖြတ်အမိန့်တရပ်ကိုစောဒကဝင်နေစဉ်သေဆုံးခြင်း။
မူလရုံး၌အမှုတွဲမရှိခြင်း။
တရားလိုကလျှောက်ထားရန်တာဝန်ရှိ၊မရှိ။
————————————————
A.I.R. (1951) Hyderabad 55.
VENKAT NARSIMHAN REDDY
V.
KONDA REDDY (DECEASED) AND OTHERS
“အမှုတမှုကိုအယူခံတရားရုံးသို့ပို့လိုက်သည်နှင့်တပြိုင်နက်၊ယင်းအမှုသည်စီရင်လျက်ရှိသောတရားရုံးတွင်စစ်ဆေးဆဲအမှုမဟုတ်တော့။
အမှုတွင်ချမှတ်သောကြားဖြတ်အမိန့်များကိုတရားပြိုင်ကပြင်ဆင်မှုတက်သောအခါ၊အမှုသည်မူလတရားရုံးတွင်စစ်ဆေးဆဲဖြစ်သည်ဟုမပြောနိုင်တော့ချေ။
သို့ဖြစ်၍မူလတရားရုံးတွင်ကွယ်လွန်သူအမှုသည်နေရာ၌တရားဝင်ကိုယ်စားလှယ်ထည့်ရန်ပြဿနာမပေါ်ပေါက်တော့ချေ။
ထို့ကြောင့်ပြင်ဆင်မှုလျှောက်ထားဆဲတွင်လျှောက်ထားသူတဦးကွယ်လွန်သဖြင့်၎င်း၏အမည်ကိုပယ်ဖျက်လိုက်ပြီးနောက်၊ပြင်ဆင်မှုကိုကျန်လျှောက်ထားသူများနှင့်စပ်လျဉ်းသမျှခွင့်ပြုပြီးအမှုကိုအမှုသွားအမှုလာအရအဆုံးအဖြတ်ပေးရန်၊မူလတရားရုံးသို့ပြန်ပို့လိုက်သည့်အခါ၊ကွယ်လွန်သူ၏တရားဝင်ကိုယ်စားလှယ်ကိုထည့်သွင်းပေးရန်လျှောက်လွှာကိုသင့်တော်သည့်အချိန်အတွင်းတင်သွင်းနိုင်သည်။
ယင်းအချက်တွင်အမှုရပ်စဲမှုပေါ်ပေါက်စေသောကာလစည်းကမ်းသတ်ပြဿနာမပေါ်ပေါက်နိုင်။”ဟုအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“……..Where the defendants in the suit go in revision against interlocutory orders in the suit, the suit cannot be said to be pending in the original Court and therefore no question of substitution of legal representative of the deceased would arise in the original Court.
Where, therefore, one of the applicants in revision dies during the pendency of the revision and his name is struck off and the revision allowed in respect of the remaining applicants, and the case sent back to the original Court for trial on merits, an application for substitution of the legal representative of the deceased is maintainable in the original Court within reasonable time.
In such a case no question of limitation entailing abatement can arise."
—————————-
1963 BLR 956
ဒေါ်ချစ်ခင်(သေသူဦးဘိုးဒေါင်း၏တရားဝင်ကိုယ်စားလှယ်)
နှင့်
ဒေါ်လှမေပါ၂
တရားသူကြီးချုပ်ဦးဘိုကြီးရှေ့တွင်
အမှုတွင်၊မူလရုံး၏ကြားဖြတ်အမိန့်တခုနှင့်စပ်လျဉ်း၍တရားပြိုင်သည်တရားလွှတ်တော်တွင်စောဒကဝင်နေစဉ်အတွင်း၊၎င်းသည်၁၉၆၁ခုနှစ်၊နိုဝင်ဘာလ၁၄ရက်နေ့တွင်သေဆုံးခဲ့သည်။
တရားလွှတ်တော်သည်ထိုစောဒကမှုကိုပယ်ပြီးနောက်မူလရုံးသည်၁၉၆၂ခုနှစ်၊ဇွန်လ၁၄ရက်နေ့တွင်တရားလိုတို့သည်ကွယ်လွန်သူတရားပြိုင်၏တရားဝင်ကိုယ်စားလှယ်များကိုအမှုတွင်ထည့်သွင်းရန်လျှောက်ထားရာမူလရုံးကခွင့်ပြုခဲ့သည်။
ထိုအမိန့်ကိုမကျေနပ်၍စောဒကဝင်ရာ၊တရားသူကြီးချုပ်ဦးဘိုကြီးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-
“ယခုကဲ့သို့အမိန့်မျိုးကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅အရစောဒကဝင်နိုင်၊မဝင်နိုင်ဆိုသည့်အချက်နှင့်စပ်လျဉ်း၍ပညာရှိရှေ့နေကြီးများလျှောက်လဲခြင်းမပြုခဲ့ကြချေ။
အကယ်၍စောဒကဝင်နိုင်သည်ထားဘိဦး၊တရားလွှတ်တော်သို့စောဒကဝင်သည့်အချိန်အတွင်းတွင်မြို့နယ်တရားမရုံး၌အမှုတွဲမရှိ။
ထိုရုံးကလည်းမည်သို့မျှဆောင်ရွက်ခြင်းမပြုနိုင်သည်ဖြစ်ရကား၊ထိုရုံး၌ဦးဘိုးဒေါင်း၏တရားဝင်ကိုယ်စားလှယ်များကိုအမှုသည်များအဖြစ်ထည့်သွင်းရန်လျှောက်ထားခြင်းမပြုနိုင်ပေ။
အမှုတွဲကိုမြို့နယ်တရားမရုံး၌တရားလွှတ်တော်မှပြန်လည်ရရှိပြီးနောက်ဒေါ်လှမေနှင့်မောင်တင်ရွှေတို့အားအကြောင်းကြားပြီးမကြာမီ၊၎င်းတို့ကဦးဘိုးဒေါင်း၏တရားဝင်ကိုယ်စားလှယ်များကိုအမှုသည်များအဖြစ်ထည့်သွင်းရန်လျှောက်ထားကြလေသည်။
ဤအမှုအကြောင်းခြင်းရာများသည်၊ဗင်ကပ်နာဆီမန်ရဲဒီ နှင့် ကွန်ဒါရဲဒီ(အေ၊အိုင်၊အာ(ရ်)၊၁၉၅၁ခု၊ဟိုက်ဒရာဘတ်၊စာ၅၅)အမှုပါအကြောင်းခြင်းရာများနှင့်ထပ်တူထပ်မျှလိုပင်ဖြစ်သည်။
ထိုအမှုတွင်လည်းမူလရုံး၏ကြားဖြတ်အမိန့်ကိုတရားခံများစောဒကဝင်နေသည့်ကာလအတွင်း၊တရားမမှုသည်မူလရုံးတွင်ရှိနေသေးသည်ဟုမဆိုနိုင်ပေ။
ထို့ကြောင့်ထိုအတောအတွင်းတွင်မူလရုံး၌သေသူ၏တရားဝင်ကိုယ်စားလှယ်များကို၊အမှုတွင်ထည့်သွင်းရန်ပြဿနာမပေါ်ပေါက်ဟုဆုံးဖြတ်ခဲ့လေသည်။
ဤအမှုတွင်လည်းထိုနည်းအတိုင်းပင်။
စောဒကမှုတရားလွှတ်တော်တွင်ရှိနေစဉ်အတွင်းမြို့နယ်တရားမရုံးတွင်သေသူတရားခံဦးဘိုးဒေါင်း၏တရားဝင်ကိုယ်စားလှယ်များကိုအမှုတွင်ထည့်သွင်းရန်မဖြစ်နိုင်ပေ။”
————————————
1967 BLR ( C C ) 1
U KYAW HLA (APPELLANT)
V.
KO TUN KYINE AND FOUR OTHERS (RESPONDENTS).*
Before U Kyaw Zan U, J.
အမှုတွင်၊ပြင်ဆင်မှုတင်သွင်းဆဲ၌တရားလိုသေဆုံးပြီး၊မူလရုံးသို့အမှုတွဲပြန်ရောက်သောအခါကွယ်လွန်သူ၏တရားဝင်ကိုယ်စားလှယ်အဖြစ်လျှောက်ထားရာကာလစည်းကမ်းသတ်ကျော်လွန်သည်ဟုဆုံးဖြတ်ခဲ့သည်။
ယင်းအဆုံးအဖြတ်ကိုယခင်တရားရုံးချုပ်သို့တင်သွင်းသောအခါတရားသူကြီးဦးကျော်ဇံဦးက“ကွယ်လွန်သူတရားလို၏အမွေစားအမွေခံနှင့်တရားဝင်ကိုယ်စားလှယ်အဖြစ်ထည့်သွင်းပေးရန်လျှောက်လွှာကိုခရိုင်တရားမရုံးမှ၊မူလရုံးမှအမှုတွဲရရှိသည့်နေ့တွင်ပင်တင်သွင်းခဲ့သည်။
သို့ဖြစ်ရာလျှောက်လွှာသည်တရားမကျင့်ထုံးဥပဒေအမိန့်၂၂၊နည်း၉(၂)တွင်အကျုံးဝင်သည်ဖြစ်၍ကာလစည်းကမ်းသတ်ကျော်လွန်ပြီးနောက်၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၅အရလက်ခံသင့်သည်။”ဟုအောက်ပါအတိုင်းပြဆိုသည်-
“A suit for possession was instituted in the Subdivisional Court by the plaintiff who died during the pendency of the case on revision in the District Court.
On the day the record was received back by the trial court, the appellant applied to the court to substitute him as the plaintiff in the suit as heir and legal representative of the deceased plaintiff.
Held : The anplication for substitution as heir and legal representative of the deceased plaintiff was made on the day the proceedings were received back from the District Court by the trial court.
The application therefore falls under Order 22, Rule 9 (2) of the Code of Civil Procedure, and should have been admitted after the period of limitation by the trail Court under s. 5 of the Limitation Act.”
တရားသူကြီးဦးကျော်ဇံဦးကစီရင်ထုံးစာမျက်နှာ၃၊၄၊၅တို့တွင်အောက်ပါအတိုင်းဆက်လက်သုံးသပ်သည်-
“The learned District Judge in his judgment stated that the applicant did apply on 5th February 1965 for substitution in the revision case before him.
He was of the opinion that it was wrong to say that since substitution was made in the appellate Court there was no need to apply for substitution again in the trial Court, and that this wrong view would not save limitation under section 5 of the Limitation Act.
The learned Advocate for the appellant submitted before me that there was no laches on the part of the appellant in not applying for substitution under Order 22, Rule 3 of the Code of Civil Procedure, and that the failure was due to the fact that the proceedings were nat before the trial Court within the time required to enable him to apply.
He referred to me to ဒေါ်ချစ်ခင် နှင့် ဒေါ်လှမေပါ၂( 1 )1963 B.L.R. 956.
In that case the trial Court sent intimation to the plaintifis when it received the proceedings back from the Chief Court which heard the revision application arising out of the suit, but four days before the intimation was sent the plaintiff had applied to substitute the legal representatives of the deceised defendant.
The Court allowed the application but the opposite party being dissatisfied with the order came up to the Chief Court to revise it.
It was held:
“ယခုကဲ့သို့သောအမိန့်မျိုးကိုတရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၅အရ၊စောဒကဝင်နိုင်၊မဝင်နိုင်ဆိုသည့်အချက်နှင့်စပ်လျဉ်း၍ပညာရှိရှေ့နေကြီးများလျှောက်လဲခြင်းမပြုခဲ့ကြချေ။အကယ်၍စောဒကဝင်နိုင်သည်ထားဘိဦး၊တရားလွှတ်တော်သို့စောဒကဝင်သည့်အချိန်အတွင်းတွင်၊မြို့နယ်တရားမရုံး၌အမှုတွဲမရှိ၊ထိုရုံးကလည်းမည်သို့မျှဆောင်ရွက်ခြင်းမပြုနိုင်သည်ဖြစ်ရကား၊ထိုရုံး၌ဦးဘိုးဒေါင်း၏တရားဝင်ကိုယ်စားလှယ်များကိုအမှုသည်များအဖြစ်ထည့်သွင်းလျှောက်ထားခြင်းမပြုနိုင်ပေ။”
It followed Vankat Narsimhan Reddy v. Konda Reddy (deceased) and others (2) A.I.R. (1951) Hyderabad 55. which is very similar to the present case.
The law relating to substitution contemplates pending proceedings and since the proceedings were not before the trial Court they lost the character of pendency.
The trial Court had no seisin of the suit when Daw Nyo died.
It is true under Order 22, Rule 3(2) of the Code of Civil Procedure the suit shall abate so far as the deceased plaintiff is concerned where within the time limited by law no application is made for substitution under Rule 3(1) of the said Order, but, Rule 9(2) of the said Order says, " If it is proved that he was prevented by any sufficient cause from continuing the suit, the Court shall set aside the abatement or dismissal."
and sub-rule (3) says, " The provisions of sections 4 and 5 of the Limitation Act shall apply to the application under sub-rule (2)."
In view of the authorities shown above it must be held that the appellant had a good and " sufficient cause " in his failure to apply for substitution in the trial Court.
The very fact that he applied on the day the proceedings were received back from the District Court shows his diligence.
He was attentive to his duties.
In the circumstances the application must, and should have been admitted after the period of limitation by the trial Court under section 5 of the Limitation Act.
The headnote in Venkat Narsimhan Reddy v. Konda Reddy (deceased) and others (2) reads:
“…….Where the defendants in the suit go in revision against interlocutory orders in the suit, the suit cannot be said to be pending in the original Court and therefore no question of substitution of legal representative of the deceased would arise in the original Court.
Where, therefore, one of the applicants in revision dies during the pendency of the revision and his name is struck off and the revision allowed in respect of the remaining applicants, and the case sent back to the original Court for trial on merits, an application for substitution of the legal representative of the deceased is maintainable in the original Court within reasonable time.
In such a case no question of limitation entailing abatement can arise."
In view of the law and the authorities being in favour of the appellant the learned Advocate for the respondent did not press this point but he submitted that since no appeal lay to the District Court against the order of the trial Court under Order 22, Rule 3(2) of the Code of Civil Procedure this Second Appeal must fail.
It will be seen in Venkat Narsimhan Reddy's case quoted above the learned Judges gave relief to the appellant in the interest of justice by converting the appeal into a revision.
I do not understand why I should not give the appellant the same relief by converting this appeal into a revision if no appeal lay to the District Court.
The powers of revision under section 115 of the Code of Civil Procedure is discretionary.
If the appellant is left without remedy it is unquestionable that a grave risk of injustice is involved.
A person cannot be finally debarred from seeking his remedy unless the law deprives him of his right in clearest possible terms.
တရားသူကြီးဦးကျော်ဇံဦးကစီရင်ထုံးစာမျက်နှာ၇၌သေဆုံးသူတရားလို၏တရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်ထားခြင်းမပြုလျင်၊ကာလစည်းကမ်းသတ်ကျော်လွန်သောအခါအမှုမှာအလိုအလျောက်ရပ်စဲသွားသည်ဖြစ်၍တရားဝင်ကိုယ်စားလှယ်ထည့်သွင်းပေးရန်လျှောက်လွှာသည်အမိန့်၂၂၊နည်း၉(၂)အရတင်သွင်းသောလျှောက်လွှာဖြစ်သည်ဟုမချွတ်မလွဲသဘောထားရမည်ဖြစ်သည်ဟုအောက်ပါအတိုင်းပြဆိုသည်-
“No application having been made within time to bring up on the record the representative of the deceased plaintiff, the suit abated automatically and the application for substitution made after the expiry of the prescribed period must necessarily be considered an application under Order 22, Rule 9 (2) of the Code of Civil Procedure. "
————————————
Comments
Post a Comment