၂၀၁၀ မတစ ၁ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၂၀၁၀ မတစ ၁ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။
2010 BLR 1
ဒေါ်စိုးစံသိန်း
နှင့်
ဒေါ်ခင်မြင့်(ခ)ဒေါ်ထားထားညွန့်ပါ၂
တရားရုံးချုပ်တရားသူကြီးဦးခင်မြင့်ရှေ့တွင်
တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
“ဆုံးဖြတ်ချက်။ ။ဤအမှုကိုစွဲဆိုခြင်းမှာတရားရုံးမှဒီကရီအတည်ပြုရာတွင်၊အချင်းဖြစ်တိုက်ခန်းအားပညတ်ဝရမ်းစွဲကပ်မှုကြောင့်ဝရမ်းခွါပေးရန်ကန့်ကွက်လျှောက်ထားမှုတွင်၊၎င်း၏လျှောက်ထားချက်ကိုပယ်ကြောင်းချမှတ်သည့်အမိန့်အရစွဲဆိုခြင်းဖြစ်ကြောင်းထင်ရှားသည်။”
စီရင်ထုံးစာမျက်နှာ၉နှင့်၁၀တွင်၊အောက်ပါအတိုင်းသုံးသပ်သည်-
“ဤအယူခံတွင်ကာလစည်းကမ်းသတ်ကျော်လွန်နေကြောင်းနှင့်တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၆၃အရစွဲဆိုခြင်းမရှိဘဲ၊သီးခြားသက်သာခွင့်ဥပဒေပုဒ်မ၄၂အရမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုခွင့်မရှိဟုမူလတိုင်းတရားရုံး၏ဆုံးဖြတ်ချက်မှန်မမှန်စိစစ်ရန်ဖြစ်သည်။
အယူခံတရားလို(မူလရုံးတရားလို)၏ဆိုလွှာအရတရားလိုသည်အချင်းဖြစ်တိုက်ခန်းအားဦးခင်မောင်စိုး၏ဇနီးအယူခံတရားပြိုင်(၁)ဒေါ်ထားထားညွန့်(မူလရုံးတရားပြိုင်-၁)ထံမှ၂-၅-၉၅နေ့တွင်ဝယ်ယူခဲ့သော်လည်း၊ထိုတိုက်ခန်းသည်ရန်ကုန်တိုင်းတရားရုံး၊တရားမကြီးမှုအမှတ်၆၄၅/၉၆တွင်ကွယ်လွန်သူဦးခင်မောင်စိုး၏အမွေပုံပစ္စည်းဖြစ်ကြောင်းဒီကရီချမှတ်သဖြင့်၊အယူခံတရားပြိုင်(၂)ဒေါ်ရွှေလုံး(ခ)ဒေါ်စန်းမြကဒေါ်ထားထားညွန့်အပေါ်ဒီကရီအတည်ပြုရာတွင်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၅၄အရပညတ်ဝရမ်းထုတ်ဆင့်ကြောင်း၊တရားလိုကအဆိုပါပညတ်ဝရမ်းခွါပေးရန်တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၅၈အရရန်ကုန်တိုင်းတရားရုံးတရားမအထွေထွေမှုအမှတ်၃၅၃/၂၀၀၅တွင်လျှောက်ထားရာ၊တရားလို၏လျှောက်ထားမှုကိုတိုင်းတရားရုံးကနည်းဥပဒေ၆၁အရပယ်ခဲ့၍၊တရားရုံးချုပ်၊တရားမပြင်ဆင်မှုအမှတ်၄၂၅/၂၀၀၆တွင်ပြင်ဆင်မှုလျှောက်ထားသော်လည်း၂၉-၁-၀၇နေ့တွင်ပလပ်ခံရသဖြင့်ထိုနေ့မှစ၍တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုပြု၍ဤအမှုကိုစွဲဆိုခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍အယူခံတရားလိုကဤအမှုကိုစွဲဆိုခြင်းမှာတရားရုံးမှဒီကရီအတည်ပြုရာတွင်အချင်းဖြစ်တိုက်ခန်းအားပညတ်ဝရမ်းစွဲကပ်မှုကြောင့်ဝရမ်းခွါပေးရန်လျှောက်ထားမှုတွင်၎င်း၏လျှောက်ထားချက်ကိုပယ်ကြောင်းချမှတ်သည့်အမိန့်အရစွဲဆိုခြင်းဖြစ်ကြောင်းထင်ရှားသည်။”
ယခုအမှုတွင်ဝရမ်းကပ်ရန်မလိုအပ်ဘဲဝရမ်းကပ်ခြင်းဖြစ်သည်။
ဝရမ်းကပ်ခြင်း၏ရည်ရွယ်ချက်သည်၊ပစ္စည်းကိုတနည်းနည်းလွှဲပြောင်းမည်ကိုဟန့်တားရန်အတွက်ဖြစ်သည်။
အမွေမှုဖြစ်သဖြင့်ဝရမ်းကပ်ရန်မလို။
တနည်းနည်းဖြင့်လွှဲပြောင်းခဲ့လျှင်လည်း၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်ငြိစွန်းမည်ဖြစ်သည်။
အမှန်မှာဝရမ်းကပ်ခြင်းသည်၊အချင်းဖြစ်ပစ္စည်းမဟုတ်သည်တို့ကိုသာဝရမ်းကပ်ခြင်းဖြစ်သည်။
ယခုအမှုကိုသီးခြားသက်သာခွင့်ဥပဒေပုဒ်မ၄၂အရစွဲဆိုခြင်းကိုတရားရုံးကစွဲဆိုခွင့်မရှိဟုပြောခွင့်ရှိပါသလား ?
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၆၁တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
61. Where the Court is satisfied that the property was, at the time it was attached, in the possession of the judgment-debtor as his own propery and not on account of any other person, or was in the possession of some other person in trust for him, or in the occupancy of a tenant or other person paying rent to him, the Court shall disallow the [ claim ].
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၆၃တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
63. Where a claim or an objection is preferred, the party against whom an order is made may institute a suit to establish the right which he claims to the property in dispute, but, subject to the result of such suit, if any, the [ order ] shall be conclusive.
နည်းဥပဒေ၆၃ပါ[ order ]သည်၊နည်းဥပဒေ၆၁ပါ[ claim ]ကိုရည်ညွှန်းခြင်းဖြစ်သည်။
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၅၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
“58. (1) Where any [ claim ]is preferred to, or any [ objection is made to the attachment ]of, any property attached in execution of a decree on the ground that such property is not liable to such attachment. the Court shall proceed to investigate the claim or objection with the like power as regards the examination of the claimant or objector, and in all other respects, as if he was a party to the suit :
Provided that no such investigation shall be made where the Court considers that the claim or objection was designedly or unnecessarily delayed.”
နည်းဥပဒေ၅၈ပါ[ claim ]သည်၊ကြားလူကတောင်းဆိုခြင်းဖြစ်သည်။
နည်းဥပဒေ၅၈ပါ[ objection is made to the attachment ]သည်၊တရားရှုံးကကန့်ကွက်ခြင်းဖြစ်သည်။
တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၁၂၊၁၃၊၁၄တွင်အောက်ပါအတိုင်းသုံးသပ်သည်-
“အယူခံတရားလိုကရန်ကုန်တိုင်းတရားရုံး၊တရားမအထွေထွေမှုအမှတ်၃၅၃/၂၀၀၅၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၅၈အရလျှောက်ထားချက်ကိုနည်းဥပဒေ၆၁အရ၂၅-၉-၀၆နေ့တွင်ပလပ်ခံရပြီးတရားရုံးချုပ်၊တရားမပြင်ဆင်မှုအမှတ်၄၂၅/၂၀၀၆တွင်ပြင်ဆင်မှုဝင်ရောက်ရာ၂၉-၁-၀၇နေ့တွင်ပလပ်ခံရသဖြင့်ဤအမှုကို၂၄-၉-၀၈နေ့တွင်စွဲဆိုခြင်းမှာသတ်မှတ်ထားသည့်စည်းကမ်းသတ်ကာလကျော်လွန်နေကြောင်းထင်ရှားသည်။
အယူခံတရားလိုကသီးခြားသက်သာခွင့်ဥပဒေပုဒ်မ၄၂အရပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာပေးစေရန်စွဲဆိုခွင့်ရှိကြောင်းတင်ပြသည်။
အယူခံတရားလိုကဤအမှုကိုစွဲဆိုသည်မှာဝရမ်းကပ်ခံရသောပစ္စည်းကိုမိမိပိုင်ဆိုင်ကြောင်းတောင်းဆိုချက်အပေါ်ဆန့်ကျင်အမိန့်ချမှတ်ခံရသဖြင့်ထိုပစ္စည်းအပေါ်မိမိပိုင်ထိုက်ကြောင်းအခိုင်အမာပြဆိုစေရန်စွဲဆိုခြင်းဖြစ်ကြောင်းဆိုလွှာအရပေါ်ပေါက်သည်။
တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၆၃တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
ဝရမ်းကပ်သည့်ပစ္စည်းကိုပိုင်ဆိုင်ကြောင်းတောင်းဆိုချက်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ပစ္စည်းဝရမ်းကပ်ခြင်းကိုကန့်ကွက်ချက်နှင့်စပ်လျဉ်း၍ဖြစ်စေဆန့်ကျင်သည့်အမိန့်တရပ်ရပ်ချမှတ်ခံရသူသည်အငြင်းပွါးသောပစ္စည်းအပေါ်တွင်မိမိပိုင်ထိုက်ကြောင်းအခိုင်အမာပြဆိုစေရန်တရားတထုံးစွဲဆိုနိုင်သည်။ထိုအမှုစွဲဆိုခဲ့လျှင်ယင်းအမှု၏ရလဒ်ကိုအထောက်အထားပြု၍အမိန့်သည်အပြီးသတ်ဖြစ်ရမည်။
အယူခံတရားလိုသည်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၆၁အရ၎င်း၏အကျိုးနှင့်ဆန့်ကျင်သည့်အမိန့်ချမှတ်ခံရသဖြင့်၊အမိန့်၂၁၊နည်းဥပဒေ၆၃အရတရားတထုံးစွဲဆိုရန်ဖြစ်သည်။ထိုသို့အမှုစွဲဆိုခဲ့လျှင်ယင်းအမှု၏ရလဒ်ကိုအထောက်အထားပြု၍အမိန့်သည်အပြီးသတ်တည်ဖြစ်သွားပေမည်။
မစိန်ဌေး နှင့် မောင်မြအမှု( အေ အိုင် အာ၊၁၉၃၅ခုနှစ်၊ရန်ကုန်၊စာ၁၆၁ )တွင်၊မစိန်ဌေးကတရားရှုံးမောင်ကျော်ဇံ၏ပစ္စည်းအဖြစ်အိမ်နှင့်မြေကိုဝရမ်းကပ်ရာမောင်မြကမောင်ကျော်ဇံထံမှမှတ်ပုံတင်စာချုပ်အရဝယ်ယူထားသည်ဟုဆိုကာဝရမ်းခွါပေးရန်လျှောက်ထားသည်။
ဇာရီရုံးကမောင်ကျော်ဇံလက်ရှိပစ္စည်းဖြစ်၍လျှောက်လွှာကိုပလပ်လိုက်သည်။
မောင်မြသည်နည်းဥပဒေ၆၃အရအမှုစွဲဆိုခြင်းမပြုပေ။
မစိန်ဌေးကအိမ်နှင့်မြေကိုဝယ်ယူပြီးနောက်လက်ရောက်ရရန်လျှောက်ထားရာတွင်မောင်မြကခုခံတားဆီးသဖြင့်မစိန်ဌေးကတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၁၀၃အရတရားစွဲဆိုရာတရားလွှတ်တော်ကမောင်မြသည်ပစ္စည်းပိုင်ရှင်ဖြစ်ကြောင်းပြောဆိုခွင့်မရှိကြောင်းဆုံးဖြတ်သည်။
နည်းဥပဒေ၅၈အရလျှောက်ထားမှုတွင်ချမှတ်သောအမိန့်သည်နည်းဥပဒေ၆၃တွင်ပြဌာန်းထားသည့်အတိုင်းအပြီးသတ်အတည်ဖြစ်သွားပြီဖြစ်သည်။
နည်းဥပဒေ၅၈အရလျှောက်ထားမှုတွင်ချမှတ်သောအမိန့်ကြောင့်နစ်နာသူသည်နည်းဥပဒေ၆၃အရတရားစွဲဆိုရန်လမ်းဖွင့်ထားသည်။
နည်းဥပဒေ၆၃အရအမှုမစွဲဆိုလျှင်ဖြစ်စေ၊စွဲဆိုရာ၌အရေးနိမ့်လျှင်ဖြစ်စေ၊နည်းဥပဒေ၅၈အရလျှောက်ထားမှုတွင်ချမှတ်သောအမိန့်သည်အပြီးသတ်အတည်ဖြစ်သည်။
အဆိုပါအမိန့်သည်အမိန့်တွင်ပါဝင်သူများအပေါ်တွင်သာမက၊၎င်းတို့၏အခွင့်အရေးကိုဆက်ခံသူများအပေါ်တွင်လည်းအတည်ဖြစ်ကြောင်း၊ ၁၉၂၄ အေ အိုင် အာ ၉၇ တွင်ညွှန်ပြထားသည်။
အမှုစွဲဆိုသည့်အချိန်တွင်အယူခံတရားလိုသည်တရားဝင်အခြေအနေသို့မဟုတ်ပစ္စည်းနှင့်စပ်လျဉ်းသည့်အခွင့်အရေးရှိပါကသီးခြားသက်သာခွင့်ဥပဒေပုဒ်မ၄၂အရတရားစွဲဆိုခွင့်ရှိမည်ဖြစ်သည်။
သို့သော်လည်းအယူခံတရားလိုသည်ပစ္စည်းကိုဝရမ်းကပ်ခံရ၍တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၅၈အရဝရမ်းခွါပေးရန်လျှောက်ထားချက်အပေါ်ဆန့်ကျင်အမိန့်ချမှတ်ခံရသူဖြစ်၍နည်းဥပဒေ၆၃အရတရားတထုံးမစွဲဆိုပါကထိုပစ္စည်းနှင့်ပတ်သက်၍၎င်းအပေါ်နည်းဥပဒေ၅၈အရချမှတ်သည့်အမိန့်သည်အပြီးသတ်အတည်ဖြစ်မည်ဖြစ်သောကြောင့်ထိုအမိန့်အတည်ဖြစ်နေစဉ်အယူခံတရားလိုအနေဖြင့်ပစ္စည်းနှင့်စပ်လျဉ်းသည့်အခွင့်အရေးရှိသည်ဟုအဆိုပြုကာသီးခြားသက်သာခွင့်ဥပဒေပုဒ်မ၄၂အရတရားစွဲဆိုခွင့်ရှိမည်မဟုတ်ပေ။”
ယခုအမှုတွင်ကာလစည်းကမ်းသတ်ကျော်၊မကျော်စဉ်းစားရန်မလို။
တရားစွဲဆိုခွင့်မရှိဟုသုံးသပ်ပြီးအမှုကိုပယ်ရန်ဖြစ်သည်။
Cause of Action မတူလျှင်ကာလစည်းကမ်းသတ်ဥပဒေပထမဇယားအပိုဒ်၁၂၀နှင့်သက်ဆိုင်မည်ဖြစ်သည်။
————————-
A. I. R. 1935 Rangoon 161
BA U, J.
Ma Sein Htay-Appellant.
V.
Maung Mya and another — Respondents.
စီရင်ထုံးစာမျက်နှာ၁၆၂တွင်၊တရားဝန်ကြီးဦးဘဦးကအောက်ပါအတိုင်းသုံးသပ်သည်-
In other words it means that if an objector or a claimant wants to get rid
of an order that has been passed against him in the removal of attachment case.
He must do so by instituting a suit within the time allowed by law and asking for a declaration of his title to the property in suit.
He must impeach the validity of the order directly as a plaintiff and indirectly as a defendant.
I am fortified in this view not only by the case law hearing on this point but by the history relating to the enactment of this order.
The first Code of Civil Procedure was Act 8 of 1859.
This section in that Code corresponding to O.21, R 63, was S. 246.
After prescribing the method as to how an objection or claim preferred should be dealt with, that section provided:
“The order which may be passed by the Court under the section shall not be subject to appeal, but the party against whom the order may be given shall be at liberty to bring a suit to establish his right at any time within one year from the date of the order.”
Be it noted that the words "the order shall be conclusive “ which have found their place in O.21, R.63, were not there.
All it said was that the ordershould not be subject to appeal.
That was interpreted by the Allahabad Hight Court in 1 All 381( Badri Prasad v. Mahommad Yusuf,(1878-78)1 All 381(FB) as meaning that the order was, until and unless it was set aside by a regular suit to be treated as final.
I may quote what the majority of the learned Judges who composed the Full Bench said in that case.
Their Lordship said :
“Now it appears to us that when an enquiry has been duly held under S. 246, and an order passed therein, so long as the order remains unquestioned by the procedure directed in the Code, it is final and conclusive on all persons who are parties to it, as any other final order or decree of a Court of justice.
Until it has been overruled in a regular suit, brought in virtue of the permission expressly given by the Code, no Court is liberty afterwards to go behind the order, and inquired whether the Court, which disallowed the objection, had correctly appreciated the evidence as to possession, or had come to the conclusion erroneously, that possession was with the judgment-debtor.”
————————————————-
စီရင်ထုံးစာမျက်နှာ၁၄တွင်ရည်ညွှန်းကိုးကားသော၊၁၉၂၄ အေ အိုင်အာ ၉၇ အမှု၊ရည်ညွှန်းချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။
'Azizullah Khan v. Ghulam Hussein', AIR 1924 Sind 97’
————————————
Nagappa Gowda And Ors.
vs
Doddamane Gurupadappa And Anr.
on 6 November, 1952
Equivalent citations: AIR1954KANT39,
AIR1954MYS39,
ILR1953KAR408,
(1954)32MYSLJ,
AIR 1954 MYSORE 39
အမှုတွင်အောက်ပါအတိုင်းသုံးသပ်သည်-
5. Mr. Krishnamurthi, learned counsel for the appellants, has contended before us that the order of the Subordinate Judge in the claim case was that the plaintiff could not validly attach before judgment the suit property as belonging to his judgment-debtors Benavannagowda and his brothers;,that as that order had not been set aside within the time allowed by law, as required under Order 21, Rule 63, Civil P. C., it had become conclusive.
The plaintiff could not in this suit put forward or claim the identical right which had been negatived in the miscellaneous ease.
Mr.Sadanandaswamy, learned counsel for respondent 1, has urged that the attachment effected by his client was one before judgment and not in execution of a decree, and that consequently neither Order 21, Rule 63 which requires a suit to be filed to have an order made in a claim case set aside nor Article 11, Limitation Act which prescribes a period of one year within which such a suit must be filed applied in terms to bar the plaintiff's present suit.
Moreover this suit was one for declaration of title and possession and not for setting aside the order in the claim case and it was really governed by Article 138 which gives his client 12 years from the date of confirmation of sale to bring such a suit.
6. It has been held so far back as in -- '4 Mys C C R 146 (B)' that an order passed under Section 487 of the old Code of Civil Procedure corresponding to Order 38, Rule 8 of the present Code allowing a claim to property attached before judgment in a suit is subject to the provisions of Section283 (Order 21, Rule 63 of the present Code) and that the plaintiff's remedy to have it set aside is a suit under that section.
This decision has been followed with approval in -- '51 Mys H C R 448 (C)', where reference has also been made to -- 'Pyaw Gyi Ma v. Latchmanan Chettiyar', AIR 1931 Rang 183 (D) and -- 'Maliknarjuna v. Virayya', AIR 1918 Mad 26 (FB) (E). See also -- 'Dhan Bibi v.Mrinalini Ghosh', AIR 1945 Cal 449 (P).
Order 21, Rule 63, Civil P. C. declares that where a claim or an objection is preferred to an attachment the party against whom the order is made may institute a suit to establish the right which he claims to the property in dispute, but subject to the result of such suit, if any, the order shall be conclusive.
It has been held in -- '44 Mys HCR 589 (G)', while dealing with a similar provision under Order 21, Rule 103 that the effect of the failure to file a suit within one year of an order made under Order 21, Rule 97 to set aside that order and to establish his right to present possession of the property in dispute, the claim to such possession is concluded and even as a defendant he cannot resist the recovery of possession by the opposite party.
It was observed in that case that as between the parties to that order there was a bar provided under Order 21, Rule 103 and as between themselves the unsuccessful party lost his right to possession.
He could not also resist the claim of the plaintiff for recovery of possession as a defendant in the suit for tne same reasons as would preclude him from suing as plaintiff to recover possession.
It was further pointed out in that case that any other way of construing those provisions would be to allow the unsuccessful party to circumvent the law.
See also- 'Azizullah Khan v. Ghulam Hussein', AIR 1924 Sind 97 at p. 99 (H); - 'Nema Gauda v. Paresha',22 Bom 640 (I); -- 'Ma Sein-Htay v. Maung Mya', AIR 1935 Rang 161 (J), and Mulla's Code of Civil Procedure, 11th Edn; page 848 where it is observed that "subject to the re-sult of such suit the order shall be conclusive" in Rule 63 of Order 21 means that unless the suit is brought as provided in that rule the party against whom the order is made cannot assert either as plaintiff or as defendant in any other proceedings the right denied to him by the order; vide -- 'Bailur Krishna v. Lakshmana', 4 Mad 302 (K); 22 Bom 640 (I); - 'Surnamoya Dasi v. Ashutosh Goswami', 27 Cal 714 (L); -- 'Kayyana Chittemma v. Dossy Gavaramma', 29 Mad 225 (M); --'Yarakayya v. Venkata Krishnamaraju'. AIR1918 Mad 693 (1) (N); --'Akkammal v. Komarsami Chettiar', AIR 1943 Mad 36 (0); --'Premsukh Das v. Satyanarain Singh', AIR 1945 Pat 485 (P).
——————————————
Ramanand Singh
vs
Ram Sakal Raut And Ors.
on 12 December.
Equivalent citations: AIR 1957 PAT 133,
AIR 1957 PATNA 133
အမှုတွင်အောက်ပါအတိုင်းသုံးသပ်သည်-
This application was allowed in respect of two plots, with which we are not concerned, and dismissed with regard to plot 2775 on 10-11-37, the order of which is exhibit 8A.
Prom this order it appears that the present appellant laid claim to plots 1523 and 233 only, and not at all to plot 2275.
Plot 2275 was claimed by Jyoti Ahir, plaintiff 4, and Mangroo Ahir, father of the present plaintiffs, only. Jyoti Ahir and Mangroo Ahir were opposite parties 3 and 4 to the proceeding under Order 21, Rule 97 of the Code.
The learned Munsif, who decided this proceeding, ordered as follows:
"Thus it seems to me that the claim of opposite parties 3 and 4 is in good faith, and accordingly the obstruction in respect of plots 1192 and 2275 cannot be said to be without cause.
This part of the application must, therefore, be dismissed.
As for the other two plots, opposite party 2 Ramanand lays claim to them.
Sublaik is the tenant in respect of the holding.
Ramanand is his relation.
His main plea is that the rehan deed in favour of the applicant is farzi..... I, therefore, hold that the resistance (wrongly mentioned in the certified copy as substance) in respect of plots 1523 and 233 was without just cause.
The applicant will be put in possession of the plots.
The application is accordingly allowed in part with costs".
Admittedly no suit, as contemplated by [sic] of Order 21 of the Code, was brought by any of the two parties in respect of their claims disallowed.
On these facts, the plaintiffs' objection was that the defence of the appellant asserting his rights, and resisting plaintiffs' claim, to the other half of plot 2275 was barred under Order 21, Rule 103, of the Code.
4. The first court found that the plaintiffs had acquired title to plot 2275 only to the extent of one half by virtue of the sale and delivery of possession in the mortgage execution.
As regards the plaintiffs' claim to the remaining half in plot 2275, the learned Munsif held that the defendant appellant was precluded from raising the defence mentioned before under Order 21, Rule 103, of the Code.
He, therefore, held that the plaintiffs were entitled to get a decree for recovery of possession of the entire plot 2275. On these findings he decreed the plaintiffs' suit in toto.
5. Defendant 1 appealed against the aforesaid decree.
He, however, conceded before the court of appeal below that the finding of the first court to the effect that only half of plot 2275 was purchased by the plaintiffs, was correct.
He, therefore, confined his appeal only to the consideration of the question, whether the defendant had right and title to the remaining half of plot and if the plaintiffs suit should be dismissed with regard to the remaining half of plot 2275.
The learned Subordinate Judge affirmed the decision of the first court and held that the first court had rightly held that the order passed under Order 21, Rule 99, of the Code, was conclusive against the defendant in view of Order 21, Rule 103, of the Code, and, therefore, the defendant was debarred from putting forward his defence.
On these finding he dismissed the appeal of defendant 1.
6. In the present appeal by defendant 1, Mr. Krishna Ballabh Narain Singh appearing for the appellant, has argued that the view of law taken by the courts below is wrong, because there was no order against Ramanand Singh under Order 21, Rule 99, in respect of plot 2275, and, therefore, the courts below have misread exhibit 4 and exhibit 8a, referred to above.
7. Under Article 11-A of the Indian Limitation Act the period of limitation for the unsuccessful claimant to establish the right which he claims to the present possession of the property comprised in the order is one year from the date of the order, and where the summary order contemplated by Order 21, Rule 103, is not overruled in a regular suit brought within a year, it becomes conclusive and binding on all persons, who are parties to it and also on their successors-in-title, and they are thereafter precluded from asserting their rights, even as defendants.
The above proposition of law is well-established by several authorities, such as, Azizullah Khan v.Ghulam Hussein, 80 Ind Cas 994: (AIR 1924 Sind 97) (A), in which the cases of Nemagauda v.'Paresha, ILR 22 Bom 640 (B) and Surnamovi Dasi v. Ashuthosh Goswami, ILR 27 Cal 714 (C) have been relied upon.
8. In view of this there can be no doubt that the defence of defendant 1 would be barred under Order 21, Rule 103, of the Code, if it be established that an order against him was passed in that proceeding under Order 21,Rule 99, in respect of plot 2275.
I have very carefully examined exhibit 4, the application under Order 21, Rule 97, as also the order passed on that application, exhibit 8a.
From the order passed under Order 21, Rule 99, of the Code, there can be no manner of doubt that as far as Ramanand Singh, the appellant, is concerned, he laid no claim to plot 2275, and as such it cannot be said that an order against him had been passed under Order 21, Rule 99, in respect of plot 2275, which made it obligatory on him to bring a suit within the period of limitation, as provided by Order 21, Rule 103, of the Code.
Exhibit 4, the application, shows that the appellant made claim in a general way to all the plots involved in the proceeding including plot 2275, but the order, exhibit 8a, makes it clear that the appellant laid claim to plots other than plot 2275 and he made no claim whatever to plot 2275.
We have to construe the order and determine its effect.
In this view of the matter, the basis of the findings of the courts below completely disappears, and as such the courts below have completely misdirected themselves in not considering the defence of the appellant with regard to plot 2275 on, the wrong reading of exhibit 8a.
In my opinion, therefore, the judgments of the courts below must be set aside, and the matter sent back to the court of appeal below for considering the defence of the appellant regarding the title of the plaintiffs to the remaining half of plot 2275.
9. Mr. Harinandan Singh, appearing for the plaintiffs respondents, had argued that even if it be held by this Court that the defence of the appellant was not barred under Order 21, Rule 103, of the Code, still there was an obstacle, in the way of the appellant, in accepting his defence.
10. The objection, according to him, is that the order under Order 21, Rule 103, of the Code was passed against Jhumak Pasi, who was ijaradar of half of plot 2275 from Sablaik.
He admittedly did not bring any suit to establish his right as ijaradar in respect of the half share in plot 2275 within one year, as contemplated by Order 21, Rule 103, of the Code, and, therefore, his right as ijaradar to such property was extinguished under Section 28 of the Limitation Act.
The fact that the appellant redeemed Jhumak Pasi in 1946 was, therefore, of no consequence, and it cannot have the effect of reviving his right to half of plot 2275.
—————————————
Comments
Post a Comment