သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂နှင့်တရားမကျင့်ထုံးဥပဒေအမိန့်၂၁တို့၏ခြားနားချက်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂နှင့် တရားမကျင့်ထုံးဥပဒေအမိန့်၂၁တို့၏ခြားနားချက်။ ————————————— သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- [ Any person entitled to any legal character, or to any right as to any properly, may institute a suit against any person denying, or interested to deny, his title to such character or right, and the Court may, in its discretion, make therein a declaration that he is so entitled, and the plaintiff need not, in such suit, ask for any further relief: Provided that no Court shall make any such declaration where the plaintift, being able to seek further relief than a mere declaration of title, omits to do so. ] တရားရုံးများတွင်တရားစွဲဆိုတတ်သောအမှုအမျိုးအစားတခုမှာ၊မြွက်ဟကြေညာပေးစေလိုမှုဖြစ်ရာ၊ရှေ့နေရှေ့ရပ်များနှင့်တရားရုံးများသည်၊သက်ဆိုင်ရာဥပဒေဖြစ်သည့်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂ပါ၊အထက်၌ကောက်နုတ်ဖော်ပြထားသည့်ပြဌာန်းချက်များနှင့်စိမ်းလှသည်မဟုတ်။ ထိုပြဌာန်းချက်များနှင့်စပ်လျဉ်းသောထုံးသာဓကများအရေ...