သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂နှင့်တရားမကျင့်ထုံးဥပဒေအမိန့်၂၁တို့၏ခြားနားချက်။

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂နှင့်


တရားမကျင့်ထုံးဥပဒေအမိန့်၂၁တို့၏ခြားနားချက်။

—————————————


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


[ Any person entitled to any legal character, or to any right as to any properly, may institute a suit against any person denying, or interested to deny, his title to such character or right, and the Court may, in its discretion, make therein a declaration that he is so entitled, and the plaintiff need not, in such suit, ask for any further relief:


Provided that no Court shall make any such declaration where the plaintift, being able to seek further relief than a mere declaration of title, omits to do so. ]


တရားရုံးများတွင်တရားစွဲဆိုတတ်သောအမှုအမျိုးအစားတခုမှာ၊မြွက်ဟကြေညာပေးစေလိုမှုဖြစ်ရာ၊ရှေ့နေရှေ့ရပ်များနှင့်တရားရုံးများသည်၊သက်ဆိုင်ရာဥပဒေဖြစ်သည့်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂ပါ၊အထက်၌ကောက်နုတ်ဖော်ပြထားသည့်ပြဌာန်းချက်များနှင့်စိမ်းလှသည်မဟုတ်။


ထိုပြဌာန်းချက်များနှင့်စပ်လျဉ်းသောထုံးသာဓကများအရေအတွက်မှာလည်းမနည်းလှ။


သို့ဖြစ်ပါလျက်၊တရားလိုစွဲဆိုသောအမှုပါစင်အောင်လွဲမှားခြင်းကို၊အဆင့်ဆင့်သောတရားရုံးများသတိမထားမိဘဲ၊လက်ခံဆုံးဖြတ်ကြသည်ကိုအံ့ဩဘွယ်ရာတွေ့ရသည်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂ပါပြဌာန်းချက်များကိုသတ္တုချကြည့်ပါက၊တရားရုံးကမြွက်ဟကြေညာပေးနိုင်သောဒီကရီနှစ်မျိုးမှာအောက်ပါအတိုင်းဖြစ်သည်ကိုအထင်အရှားတွေ့မြင်နိုင်သည်-


(၁)တရားလို၏ legal character [ တရားဝင်အနေအထား ]ကိုမြွက်ဟကြေညာသည့်ဒီကရီ။


(၂)ပစ္စည်းနှင့်စပ်လျဉ်း၍တရားလို၏အခွင့်အရေးကိုမြွက်ဟကြေညာသည့်ဒီကရီ။


ပထမဒီကရီအမျိုးအစားနှင့်စပ်လျဉ်း၍-


ဒေါ်အေးလုံ နှင့် ဒေါ်ခင်နီ [ 1964 BLR 328 ]


ကိုလှမြင့် နှင့် မနုနုလွင် [ 1989 BLR 70 ]


ဒေါ်မြရင် နှင့် မခင်မြင့်ကြည်(ခ)မမြင့်မြင့်ကျော် [ 1995 BLR 128 ]အမှုများကိုကြည့်ပါ။


ဒုတိယဒီကရီအမျိုးအစားနှင့်စပ်လျဉ်း၍-


ဦးအေးကျော် နှင့် ဦးဘစိန်ပါ၃ [ 1965 BLR 776 ]အမှုကိုကြည့်ပါ။


တရားလိုသည်[အချင်းဖြစ်ပစ္စည်းတွင်]တရားဝင်အခြေအနေဟူသောစကားရပ်သည်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂တွင်အကျုံးမဝင်နိုင်။


[ character ]ကိုအခြေအနေဟုဘာသာပြန်ပြန်၊အနေအထားဟုဘာသာပြန်ပြန်၊ပစ္စည်းနှင့်မသက်ဆိုင်သည်မှာယုံမှားဖွယ်မရှိသဖြင့်၊အချင်းဖြစ်ပစ္စည်းတွင်တရားဝင်အခြေအနေဟူသောစကားအသုံးအနှုန်းသည်၊ပုဒ်မ၄၂ပါပြဌာန်းချက်များနှင့်လုံးဝအံဝင်ဂွင်ကျမဖြစ်။


ငွေဒီကရီကိုတရားလိုအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်းမြွက်ဟကြေညာပေးစေလိုမှုသည်၊ပထမဒီကရီအမျိုးအစားဖြစ်ကြောင်းယုံမှားဖွယ်မရှိ။

———————————-


ဝရမ်းကပ်ခြင်းကိစ္စ။


တရားမကျင့်ထုံးဥပဒေပုဒ်မ၅၁(ခ)တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


51. Subject to such conditions and limitations as may be prescribed, the Court may, on the application of the decree-holder, order execution of the decree—


(b) by attachment and sale or by sale without attachment of any property:


ငွေဒီကရီကိုအတည်ပြုရာ၌၊တရားရှုံးပိုင်ပစ္စည်းကိုရောင်းချရန်စီစဉ်သည့်အခါ၊လေလံမတင်မီတရားရှုံးက၎င်းပိုင်ပစ္စည်းကိုရောင်းချပစ်လျင်၊ရောင်းချရန်အစီအစဉ်မှာပျက်ပြယ်သွားပေလိမ့်မည်။


ထိုကဲ့သို့မလိုလားအပ်သောကိစ္စများမပေါ်ပေါက်စေရန်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၆၄တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


64. Where an attachment has been made, any private transfer or delivery of the property attached or of any interest therein, and any payment to the judgment-debtor of any debt, dividend or other monies contrary to such attachment, shall be void as against all claims enforceable under the attachment.


Explanation.-For the purposes of this section, claims enforceable under an attachment include claims for the rateable distribution of assets.


[ ပစ္စည်းကိုဝရမ်းကပ်ပြီးနောက်ထိုသို့ဝရမ်းကပ်ခြင်းနှင့်ဆန့်ကျင်၍ဝရမ်းကပ်သည့်ပစ္စည်းကိုဖြစ်စေ၊ထိုပစ္စည်းတွင်ရှိသောအကျိုးခံစားခွင့်တရပ်ရပ်ကိုဖြစ်စေ၊တရားရုံးပြင်ပတွင်အချင်းချင်းအလွှဲအပြောင်းပြုခြင်း၊သို့မဟုတ်၊ပေးအပ်ခြင်းနှင့်တရားရှုံးအားကြွေးမြီကိုသို့မဟုတ်အမြတ်ဝေစုကိုသို့မဟုတ်အခြားငွေကြေးကိုပေးဆပ်ခြင်းသည်၊ဝရမ်းအရအတည်ပြုခြင်းရနိုင်သောတောင်းဆိုခွင့်အရပ်ရပ်နှင့်စပ်လျဉ်း၍ပျက်ပြယ်သည်။


ရှင်းလင်းချက်။    ။ဤပုဒ်မပါကိစ္စများအလို့ငှါ၊ဝရမ်းအရအတည်ပြု၍ရနိုင်သောတောင်းဆိုပိုင်ခွင့်များတွင်ငွေများကိုအချိုးကျခွဲဝေရယူလိုကြောင်းတောင်းဆိုပိုင်ခွင့်များလည်းပါဝင်သည်။ ]

—————————————-


ဝရမ်းခွါပေးရန်လျှောက်လွှာကိုပယ်ခြင်း။


ဝရမ်းခွါပေးရန်တင်သွင်းသည့်လျှောက်လွှာကို၊မည်သည့်အခါပယ်ရန်ဖြစ်ကြောင်း၊အမိန့်၂၁၊နည်း၆၁တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


[ 61. Where the Court is satisfied that the property was, at the time it was attached, in the possession of the judgment-debtor as his own property and not on account of any other person, or was in the possession of some other person in trust for him, or in the occupancy of a tenant or other person paying rent to him, the Court shall disallow the claim. ]


[ ဝရမ်းကပ်စဉ်ကအချင်းဖြစ်ပစ္စည်းမှာအခြားသူတဦးဦးပိုင်ပစ္စည်းမဟုတ်ဘဲတရားရှုံးပိုင်ပစ္စည်းအဖြစ်ဖြင့်၊၎င်း၏လက်ရှိဖြစ်ကြောင်းသော်လည်းကောင်း၊တရားရှုံးအတွက်ယုံမှတ်အပ်နှံခြင်းခံရသူအနေဖြင့်အခြားသူတဦးလက်ရှိဖြစ်ကြောင်းသော်လည်းကောင်း၊အိမ်ငှါးသို့မဟုတ်တရားရှုံးအားငှါးရမ်းခပေးသောအခြားသူတဦးဦးနေထိုင်ကြောင်းသော်လည်းကောင်းကျေနပ်လျင်၊တရားရုံးသည်တောင်းဆိုချက်ကိုပယ်ရမည်။ ]

———————————-


တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၆၃အရစွဲဆိုသောအမှု။


တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်းဥပဒေ၆၃တွင်၊အောက်ပါအတိုင်းပြဌာန်းထားသည်-


[ 63. Where a claim or an objection is preferred, the party against whom an order is made may institute a suit to establish the right which he claims to the property in dispute, but, subject to the result of such suit, if any, the order shall be conclusive. ]

——————————————


ငွေဒီကရီကိုအတည်ပြုရာ၌၊ပစ္စည်းကိုဝရမ်းကပ်ရောင်းချနိုင်ရန်တရားမကျင့်ထုံးဥပဒေပုဒ်မ၅၁(ခ)တွင်ပြဌာန်းထားပြီး၊အမိန့်၂၁၊နည်း၅၄အရဝရမ်းကပ်ရာ၌၊ဝရမ်းကပ်သောပစ္စည်းကိုလွှဲပြောင်းခြင်း၊တာဝန်တင်ကြွေးတင်ရှိစေခြင်းမပြုရန်ပိတ်ပင်သည်။


တရားရုံးကထိုဝရမ်းကပ်ထားသောပစ္စည်းကိုအမိန့်၂၁၊နည်း၆၄အရရောင်းချစေရန်အမိန့်ချမှတ်နိုင်သည်။


ဤပြဌာန်းချက်များမှာကျင့်ထုံးဆိုင်ရာအခွင့်အရေးနှင့်သက်ဆိုင်သည်။


[ ငွေဒီကရီသည်၊ဒီကရီချမှတ်ခံရသောတရားရှုံးပိုင်ပစ္စည်းအပေါ်အတည်ဖြစ်သည်ဟုပြဌာန်းသောဥပဒေလုံးဝမရှိ။ ]

—————————————


သာဓကအားဖြင့်-


A. I. R. 1939 Rangoon 332


FULL BENCH


ROBERTS C. J., DUNKLEY AND SPARGO JJ


Maung Ba Maung - Appellant.


                     V.


Maung Ba Yin and another - Respondents.


Equivalent citation = 1940 Rangoon Law Reports 59

————————————-


1940 RANGOON LAW REPORTS. 59 


FULL BENCH (CIVIL)


Before Sir Ernest H. Goodman  Roberts, Kt., Chief Justice, Mr. Justice Dunkley, and Mr. Justice Spargo.


MAUNG BA MAUNG


               V.


MAUNG BA YIN AND ANOTHER.


Equivalent citation = A. I. R. 1939 Rangoon 332


အမှု၌၊စီရင်ထုံးစာမျက်နှာ၆၆တွင်-


တရားလွှတ်တော်တရားဝန်ကြီးချုပ်[ ROBERTS, C.J. ]က၊ဝရမ်းကပ်ခြင်းသည်အခွင့်အရေးမဟုတ်၊တဦးတယောက်သောသူ၏ဒီကရီအရ၊ရရန်ရှိသည်များကိုရရှိစေနိုင်သည့်နည်းလမ်းတရပ်သာဖြစ်သည်။


[ ဒီကရီ(ငွေဒီကရီ)သည်တရားရှုံး၏ပစ္စည်း ]တွင်၊တရားနိုင်အားအခွင့်အရေးတစုံတရာရရှိစေခြင်းမရှိ၊တရားရှုံး၏ပစ္စည်းကိုဝရမ်းကပ်၍ရောင်းချစေခြင်းဖြင့်၊မိမိဒီကရီကိုပြေကြေစေခွင့်သာဖြစ်သည်ဟု၊အောက်ပါအတိုင်းမြွက်ဆိုသည်-


[ ROBERTS, C.J.,Attachment is not a right ; it is only a method of realising one's decree. The decree does not give the decree-holder any right to the judgment-debtor's property, but only the right to have his decree satisfied by attachment and sale of the judgment-debtor's property.]


ဝရမ်းကပ်ခြင်းသည်ပင်တရားရှုံးပိုင်ပစ္စည်းတွင်အခွင့်အရေးမရစေနိုင်လျှင်၊ဝရမ်းကပ်ခွင့်ရရှိစေသောငွေဒီကရီသည်တရားရှုံးပိုင်ပစ္စည်းအပေါ်တစုံတရာအကျိုးသက်ရောက်မှုမရှိကြောင်းပေါ်လွင်စေသည်။


အဆိုပါစီရင်ထုံးစာမျက်နှာ၆၆မှာပင်၊အခြားတရားဝန်ကြီး[ DUNKLEY, J. ]က၊ငွေဒီကရီသက်သက်သည်တရားရှုံး၏ပစ္စည်းအပေါ်တွင်၊တာဝန်တင်ကြွေး( charge )တင်ရှိစေခြင်းမရှိဟု၊အောက်ပါအတိုင်းမြွက်ဆိုသည်-


[ DUNKLEY, J. A simple money decree-holder has no charge on his judgment-debtor's property. ]


အထက်ပါမြွက်ဆိုချက်သည်လည်း၊တရားရှုံးအပေါ်ချမှတ်သည့်ငွေဒီကရီနှင့်၎င်း၏ပစ္စည်းနှင့်အဆက်အစပ်မရှိကြောင်းမြင်သာသည်။

——————————-


အထက်ပါအမှု၌၊စုံညီခုံရုံးကငွေဒီကရီရထားသူတရားနိုင်သည်ငွေဒီကရီကိုအတည်ပြုရာ၌၊ပစ္စည်းကိုဝရမ်းကပ်ရန်အတွက်ကနဦးဆောင်ရွက်ရန်ဖြစ်သည်။


အခြားသူကဝရမ်းခွါပေးရန်အမိန့်၂၁၊နည်း၅၈အရလျှောက်ထားရာ၌အရေးနိမ့်လျှင်တရားနိုင်သည်တရားရှုံး၏ပစ္စည်းကိုဝရမ်းကပ်ခွင့်ရရန်အမိန့််၂၁၊နည်း၆၃အရတရားစွဲဆိုရန်ဖြစ်သည်။


သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂အရတရားမစွဲဆိုနိုင်ဟုအောက်ပါအတိုင်းပြဆိုသည်-


[ The normal method of execution by a creditor who becomes a decree-holder is to attach the property of his judgment-debtor in accordance with the provisions of 0. 21, rules 43 to 57 of the Civil Procedure Code.


if any claim is preferred to the property by a third party or an objection is made to the attachment under r. 58, the Court investigates the claim and may release the property from attachment. 


The creditor may in such a case institute a suit in accordance with the provisions of r. 63 to establish the right the claims namely, that the property is his judgment-debtor's and therefore liable to be attached by him under his decree.


The creditor cannot sue for a bare declaration under s. 42 of the Specific Relief Act, nor can he sue for cancellation of a document of transfer by the judgment-debtor, either as his sole remedy or as a relief further to a declaration. ]


စုံညီခုံရုံးစီရင်ထုံးစာမျက်နှာ၇၁၌၊တရားနိုင်ကမိမိတရားရှုံး၏ပစ္စည်းကိုဝရမ်းကပ်ခွင့်သည်၊တရားမကျင့်ထုံးဥပဒေကရရှိစေသောကျင့်ထုံးဆိုင်ရာအခွင့်အရေးဖြစ်ပြီး၊ပစ္စည်းနှင့်စပ်လျဉ်းသည့်အခြေခံအခွင့်အရေးမဟုတ်ဟု၊အောက်ပါအတိုင်းခွဲခြားပြဆိုသည်-


[ DUNKLEY, J.- I am in entire agreement with my Lord the Chief Justice. 


It is essential to bear in mind the distinction between a substantive right and a right which is conferred by rules of procedure. 


The right of a judgment-creditor fo attach the property of his judgment-debtor is a mere procedural right, conferred by the Code of Civil Procedure. 


It is not a substantive right as to the property, and therefore cannot give rise to a right of suit under section 42 of the Specific Relief Act. 


A creditor is not a person against whom a document transferring his debtor's moveable property is void or voidable, and therefore the creditor cannot sue for the cancellation of such a document, under section 39 of the Specific Relief Act. 


Hence: the answer to the question propounded must be that a judgment-creditor cannot sue for a bare declaration under section 42 of the Specific Relief Act, nor can he sue for cancellation of the document of transfer, either as his sole remedy or as a relief further to a declaration.


SPARGO, J. -I have had the advantage of reading the judgments proposed by my Lord the Chief Justice and by my learned brother Dunkley and I respectfully agree that the three questions propounded to us must be answered in the negative. ]

——————————————————


ဤဥပဒေသဘောကိုပြည့်ပြည့်စုံစုံနားလည်နိုင်ရန်၊ 2010 BLR 1 ၊ 1940 RLR 59 စီရင်ထုံးနှင့် ၂၀၁၁ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်-၂၇ တို့ကိုပူးတွဲဖတ်ရှုမှတ်သားထားရန်ဖြစ်သည်။

—————————————————

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ