Posts

Showing posts from January, 2025

မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက်သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Eight ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Eight ] ရှေးစီရင်ထုံးများတွင်လွှဲပြောင်းခြင်းကိုသိလျင်၊သဘောတူလျင်၊လွှဲပြောင်းသူ၏ဝေစုအားထည့်သွင်းလွှဲပြောင်းမှုအတည်ဖြစ်သည်ဟုထုံးဖွဲ့ထားသည်။ [ သဘောတူဖို့ဝေးစွ ]အဓိပ္ပာယ်မှာ၊အင်္ဂလိပ်ဘာသာဖြင့်[ Let alone she consent ]ဟုသုံးနှုန်းသည်။ သဘောတူဖို့ဝေးစွ၊လွှဲပြောင်းခြင်းကိုပင်သိရှိခြင်းမရှိဟုအဓိပ္ပာယ်ရသည်။ [ consent ]ဆိုသည်မှာ[ အတိအလင်းသဘောတူသည် ]ဟုအဓိပ္ပာယ်ရသည်။ [ equant ]ဆိုသည်မှာ[ သဘောတူရာရောက်သွားခြင်း ][ ကန့်ကွက်ပြောဆိုရမည်ကိုမကန့်ကွက်ပဲ၊ဆိတ်ဆိတ်နေခြင်း ]ဟုအဓိပ္ပာယ်ရသည်။ သဘောတူခြင်းတမျိုးဖြစ်သည်။ အဆိုပါဥပဒေသဘောကို- 1967 BLR ( C C ) 545 ( 551 ) နိုင်ငံတော်တရားရုံးချုပ် အခွင့်ထူးတရားမအယူခံမှု တရားသူကြီးချုပ်ဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးထွန်းတင်တို့ရှေ့တွင် ဒေါ်ကြည် နှင့် ဒေါ်သိန်းကြည်ပါ၂ စီရင်ထုံးတွင်ထုံးဖွဲ့ထားသည်။ ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်- [ ဆုံးဖြတ်ချက်။  ။အမှုနှင့်ပတ်သက်၍မူလရုံးနှင့်ပဌမအယူခံရုံးတို့မှအချင်းဖြစ်ပစ္စည်းများကိုဒုတိယအယူခံတရားခံကအယူခံတရ...

မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက်သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Seven ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Seven ] လင်သို့မဟုတ်မယားသည်၊ခင်ပွန်းသို့မဟုတ်ဇနီးမသိပဲ၊အဆိုပါသူ၏အကျိုးသက်ဆိုင်ခွင့်ကိုလွှဲပြောင်းခွင့်မရှိ။ သို့သော်မိမိ၏အကျိုးသက်ဆိုင်ခွင့်ကိုမူလွှဲပြောင်းခွင့်ရှိသည်။ တဆင့်တက်၍သဘောပေါက်နားလည်ရန်မှာ၊လင်ဖြစ်သူကရောင်းချခြင်းအားမယားဖြစ်သူကသိရှိ၊သဘောတူညီလျင်၊ကာယကံရှင်ကအရောင်းအဝယ်စာချုပ်၊အပေါင်စာချုပ်များတွင်လက်မှတ်ရေးထိုးခြင်းမရှိစေကာမူ၊အဆိုပါပုဂ္ဂိုလ်၏အစုအားဇနီးသို့မဟုတ်ခင်ပွန်းကထည့်သွင်းလွှဲပြောင်းခြင်းအတည်ဖြစ်သည်။ အထက်ပါဥပဒေသဘောကို- 1958 BLR ( H C ) 248 ( 251 ) APPELLATE CIVIL. Before U San Maung and U Thoung Sein, JJ. DAW NYEIN MYA AND ONE (APPELLANTS)                           V. U BA OHN AND ONE (RESPONDENTS).* စီရင်ထုံးတွင်ထုံးဖွဲ့ထားသည်။ အမှုတွင်တရားဝန်ကြီးဦးစံမောင်နှင့်ဦးသောင်းစိန်တို့ပါဝင်သောခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်- [ Where a house belonging jointly to a Burmese husband and wife was so...

မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Six ]

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Six ] မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃၏သမိုင်းကို 1939 RLR 548( P C )အမှုတွင်စီရင်ထုံးစာမျက်နှာ၅၅၆မှစ၍ဆွေးနွေးထားသည်။ ပုဒ်မ၁၃သည်၁၈၇၂ခုနှစ်၊[ မင်းတုန်းမင်းလက်ထက် ]အက်ဥပဒေအမှတ်၇၊ပုဒ်မ၆နှင့်၇၊၁၈၇၅ခုနှစ်၊[ မင်းတုန်းမင်းလက်ထက် ]အက်ဥပဒေအမှတ်၁၇၊ပုဒ်မ၄နှင့်၅နှင့်၁၈၈၉ခုနှစ်၊အက်ဥပဒေအမှတ်၁၁၊ပုဒ်မ၄တို့ပါပြဌာန်းချက်နှင့်အလားတူသည်ဟုပြဆိုသည်။ ပုဒ်မ၁၃(၁)တွင်ဟိန္ဒူတရားဥပဒေ၊မဟာမေဒင်တရားဥပဒေနှင့်ဗုဒ္ဓဘာသာတရားဥပဒေဟူ၍သာရည်ညွှန်းသည်။ ဗုဒ္ဓဘာသာတရားဥပဒေသည်ဓမ္မသတ်များကိုဆိုလိုသလားမရှင်းပါ။ သို့သော်စီရင်ထုံးများကဓမ္မသတ်များအပြင်လက်ရှိဓလေ့ထုံးတမ်းများလည်းအကျုံးဝင်သည်ဟုဆိုပါသည်။ သို့သော်ဓမ္မသတ်များတွင်မပါသောဓလေ့ထုံးတမ်းကိုရည်ညွှန်းဆုံးဖြတ်သောအမှုဟူ၍ရှိခဲ့ဖူးခြင်းမရှိပါ။ သဘောထား[ sentiment ]နှင့်အစဉ်အလာ[ practice ]တို့သည်၊မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာပုဒ်မ၁၃(၁)ပါ”ဗုဒ္ဓဘာသာတရားဥပဒေ”[ Buddhist Law ]မဟုတ်ပါ။ ၁၉၅၄ခုနှစ်၊ဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားမှုနှင့်အမွေဆက်ခံမှုအက်...

မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက်သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း[ Part Five ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Five ] အင်္ဂလိပ်လင်မယားတို့၏ဆက်ဆံရေးနှင့်လုံးဝကွဲပြားသောအမှုကိုဆုံးဖြတ်ရာ၌၊မြန်မာဗုဒ္ဓဘာသာလင်မယားတို့ဒိုးတူပေါင်ဖက်စီးပွါးရှာကြခြင်းကိုကြည့်ကာ၊မြန်မာနိုင်ငံအဆင့်အမြင့်ဆုံးရုံးတွင်တရားစီရင်ခဲ့ကြသည့်တရားသူကြီးနှစ်ဦးပါသောခုံရုံးက[ ၆-၄-၁၈၈၆ ]နေ့၌စီရင်ချက်ချမှတ်သည့်၊ SJLB 402( 403 )အမှုတွင်၊မြန်မာဗုဒ္ဓဘာသာလင်မယားတို့သည်အင်္ဂလိပ်ဥပဒေအရအစုစပ်လုပ်ငန်းလုပ်ကိုင်ခြင်းနှင့်ဆင်တူကြောင်း၊အောက်ပါအတိုင်းမြွက်ဆိုသည်- [ In many respects these rights very closely resemble those of partners in partnership property under English Law. ] ထိုမြွက်ဆိုချက်ကို PJLB 37( 38 )အမှုတွင်ကိုးကားသည်။ 1892-96, 2 UBR 204 အမှုတွင်၊စီရင်ထုံးစာမျက်နှာ၂၁၀၌၊အောက်ပါအတိုင်းအကန့်အသတ်ဖြင့်သုံးသပ်သည်- [ It might have far-reaching and inconvenient consequences to hold that such a union invariably constitutes a partnership, but there is no doubt that it very commonly does so in effect to many intents and purposes...

မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Four ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Four ] SELECTED JUDGMENTS AND RULINGS 578 Before E. M. H. Fulton, Esq. MA THU (APPELLANT)                    v.  MA BU (RESPONDENT). Civil Second Appeal No. 16 1891, February 26. ဆုံးဖြတ်ချက်အား ၁၉၀၅ခုနှစ်၊ဖေဖေါ်ဝါရီလ၆ရက်နေ့၌ဆုံးဖြတ်သော- VOLUME III LOWER BURMA RULINGS. 66 Full Bench-(Civil Reference). Before Sir Herbert Thirkell White, K.C.I.E., Chief Judge. Mr. Justice Fox and Mr. Justice Birks. MA SHWE U v. MA KYU. Civil Reference No. 8 of 1904. February 6th, 1905. အမှု၌ပြန်လည်စိစစ်သည်။ အယူခံတရားလိုဘက်မှ Messrs. Agabeg and Maung Kin တို့ကလိုက်ပါဆောင်ရွက်သည်။ ဦးခင်ကတရားသူကြီးချုပ် Mr. Fulton ဆုံးဖြတ်ချက်မမှန်ကန်ကြောင်းနှင့်ကင်းဝန်မင်းကြီးဦးကောင်း၏ဓမ္မသတ်အရ၊လင်သည်မယား၏အရှင်သခင်ဖြစ်၍၊မယားသဘောတူညီသည်ဖြစ်စေ၊သဘောမတူညီသည်ဖြစ်စေ၊ရောင်းချခြင်းတရားဝင်သည်ဟုလျှောက်ထားတင်ပြသော်လည်းစုံညီခုံရုံးကလက်ခံခြင်းမရှိ။ သို့သော်လည်းဥ...