မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက်သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း[ Part Five ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Five ]
အင်္ဂလိပ်လင်မယားတို့၏ဆက်ဆံရေးနှင့်လုံးဝကွဲပြားသောအမှုကိုဆုံးဖြတ်ရာ၌၊မြန်မာဗုဒ္ဓဘာသာလင်မယားတို့ဒိုးတူပေါင်ဖက်စီးပွါးရှာကြခြင်းကိုကြည့်ကာ၊မြန်မာနိုင်ငံအဆင့်အမြင့်ဆုံးရုံးတွင်တရားစီရင်ခဲ့ကြသည့်တရားသူကြီးနှစ်ဦးပါသောခုံရုံးက[ ၆-၄-၁၈၈၆ ]နေ့၌စီရင်ချက်ချမှတ်သည့်၊ SJLB 402( 403 )အမှုတွင်၊မြန်မာဗုဒ္ဓဘာသာလင်မယားတို့သည်အင်္ဂလိပ်ဥပဒေအရအစုစပ်လုပ်ငန်းလုပ်ကိုင်ခြင်းနှင့်ဆင်တူကြောင်း၊အောက်ပါအတိုင်းမြွက်ဆိုသည်-
[ In many respects these rights very closely resemble those of partners in partnership property under English Law. ]
ထိုမြွက်ဆိုချက်ကို PJLB 37( 38 )အမှုတွင်ကိုးကားသည်။
1892-96, 2 UBR 204 အမှုတွင်၊စီရင်ထုံးစာမျက်နှာ၂၁၀၌၊အောက်ပါအတိုင်းအကန့်အသတ်ဖြင့်သုံးသပ်သည်-
[ It might have far-reaching and inconvenient consequences to hold that such a union invariably constitutes a partnership, but there is no doubt that it very commonly does so in effect to many intents and purposes. In these present instance the husband and wife seem to have been carrying on a business very much after the character of a partnership. ]
အထက်ပါအတိုင်းအကန့်အသတ်ဖြင့်သုံးသပ်သော်လည်း၊မြန်မာဗုဒ္ဓဘာသာလင်မယားစီးပွါးရေးလုပ်ကိုင်ခြင်းသည်၊အစုစပ်လုပ်ငန်းလုပ်ကိုင်သည့်သဘောဖြစ်သည်ဟုမပြောရုံတမယ်သာရှိသည်။
အထက်ပါစီရင်ထုံးများကိုသာဖတ်ခွင့်ရပြီး၊မြန်မာဗုဒ္ဓဘာသာလင်မယား၏ဆက်ဆံရေးကိုဂဃနဏသိပုံမပေါ်သောပရီဗီကောင်စီသည်၊ 5 Ran 175( P C )အမှုကိုစီရင်သောအခါ၊အဖွဲ့ဝင် Mr. Ameer Ali ကစီရင်ချက်ရေးရာ၌၊စီရင်ချက်အစ၊တတိယအပိုဒ်တွင်အောက်ပါအတိုင်းပြဆိုသည်-
[ it is to be noted that in these Myanmar( Burmese ) social and legal system the wife is, to all intents and purposes, a partner. ]
[ to all intents and purposes ကိုမြန်မာစာအဖွဲ့၏အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ-၇၂၈၌၊လက်တွေ့အားဖြင့်၊အမှန်အားဖြင့်ဟုဘာသာပြန်ထားသည်။ ]
အမှားကိုထပ်တလဲလဲရွတ်ဆိုဖန်များသောအခါ၊အမှန်ဟုထင်ယောင်ထင်မှားဖြစ်လာတတ်သည့်သဘောဖြစ်သည်။
ပရီဗီကောင်စီ၏အဆိုအမိန့်တို့သည်အလွန်တာသွားသည်။
ငွေတိုးချစားသောချစ်တီးလောကကိုချောက်ချားစေသည့်၊ 5 Ran 296( F B )စီရင်ထုံးကိုထွက်ပေါ်စေသည်။
တရားလွှတ်တော်တရားသူကြီးငါးဦးပါသောစုံညီခုံရုံးသည်စောဒကမှုကိုဆုံးဖြတ်ရာ၌၊ဦးဆောင်စီရင်ချက်ကိုရေးသည့်မြန်မာတရားဝန်ကြီးဦးဘကစီရင်ချက်စာမျက်နှာ၃၂၉တွင်အောက်ပါအတိုင်းမြွက်ဆိုသည်-
[ It has been rightly held from time to time that to all intents and purposes Myanmar( Burmese ) husbands and wives may be regarded as partners. ]
တရားလွှတ်တော်တရားသူကြီးချုပ်ပါဝင်သည့်အခြားစုံညီခုံရုံးက-
VOL. IX INDIAN LAW REPORTS. RANGOON SERIES. 524
SPECIAL BENCH (CIVIL).
Before Sir Arthur Page, Kt., Chief Justice, Mr. Justice Car, Mr. Justice Das, Mr. Justice Maung Ba, Mr. Justice Mya Bu, Mr. Justice Sen and Mr. Justice Dunkley.
N.A.V.R. CHETTYAR FIRM
V.
MAUNG THAN DAING.*
1931, Aug. 18
အမှုတွင်မြန်မာဗုဒ္ဓဘာသာထိမ်းမြားမှုသည်၊သာမန်စီးပွါးရေးအစုစပ်လုပ်ငန်းနှင့်ထပ်တူထပ်မျှတူဖို့ဝေးစွ၊ဆင်တူခြင်းပင်မရှိဟုအောက်ပါအတိုင်းဆုံးဖြတ်သည်-
[ A Burmese Buddhist marriage is not analogous to, still less identical with, an ordinary business partnership. There are no presumptions, de facto or di jure, that a Burmese Buddhist couple, living together, are agents for each other, or that the wife is deemed to consent to the acts of her husband, It is a question of fact to be determined according to the circumstanees of each case. ]
အထက်ပါအမြင်ကိုပရီဗီကောင်စီက၊ 10 Ran 261( P C )အမှုတွင်လက်ခံအတည်ပြုခဲ့သည်။
ထို့ပြင်[ ၁-၁၀-၁၉၃၂ ]နေ့တွင်ပြဌာန်းသော၊အစုစပ်လုပ်ငန်းအက်ဥပဒေပုဒ်မ၅၌၊မြန်မာဗုဒ္ဓဘာသာလင်နှင့်မယားတို့သည်၊လင်မယားအနေဖြင့်မိသားစုလုပ်ငန်းကိုလုပ်ကိုင်ရာ၌အစုစပ်ဝင်များမဟုတ်ဟုအတိအလင်းပြဌာန်းကာ၊ VOL. IX INDIAN LAW REPORTS. RANGOON SERIES. 524( F B )တွင်ပြဆိုသောအမြင်ကိုလက်ခံလိုက်သဖြင့်၊၁၈၈၆ခုနှစ်၌မွှေးခဲ့သောမီးသည်[ ၁-၁၀-၁၉၃၂ ]နေ့တွင်မှအပြီးသတ်ငြိမ်းသွားသည်။
အမှန်စင်စစ်ဗုဒ္ဓဘာသာလင်မယားတို့သည်လင်မယားအနေဖြင့်မိသားစုလုပ်ငန်းကိုလုပ်ကိုင်ရာ၌၊အစုဝင်များဖြစ်သည်ဟုယတိပြတ်မပြောနိုင်သကဲ့သို့၊အစုစပ်များအဖြစ်လုပ်ကိုင်ခြင်းမရှိဟူ၍လည်းယတိပြတ်ပြောရန်ခိုင်ခံ့သောအထောက်အထားရှိသည်မဟုတ်။
1951 BLR ( S C ) 158 စီရင်ထုံးတွင်မြွက်ဆိုထားသော suspicion [ ထင်ကြေး ]သာရှိသည်။
တရားဝင်သက်သေခံ[ legal testimony ]မရှိ။
——————————————————————
VOLUME III LOWER BURMA RULINGS. 66
Full Bench-(Civil Reference).
Before Sir Herbert Thirkell White, K.C.I.E., Chief Judge. Mr. Justice Fox and Mr. Justice Birks.
MA SHWE U v. MA KYU.
Civil Reference No. 8 of 1904.
February 6th, 1905.
အမှု၏ဆုံးဖြတ်ချက်အား-
VOL. IX INDIAN LAW REPORTS. RANGOON SERIES. 524
SPECIAL BENCH (CIVIL).
Before Sir Arthur Page, Kt., Chief Justice, Mr. Justice Car, Mr. Justice Das, Mr. Justice Maung Ba, Mr. Justice Mya Bu, Mr. Justice Sen and Mr. Justice Dunkley.
N.A.V.R. CHETTYAR FIRM
V.
MAUNG THAN DAING.*
1931, Aug. 18
စီရင်ထုံးတွင်အတည်ပြုသည်။
တရားသူကြီး(၇)ဦးရုံးထိုင်ပြီးဆုံးဖြတ်သောအမှုဖြစ်သည်။
VOL. IX INDIAN LAW REPORTS. RANGOON SERIES. 524 ကဲ့သို့၊လင်ခန်း၊မယားခန်း၊ပစ္စည်းခန်းနှင့်ပတ်သက်၍ပြောင်မြောက်သောစီရင်ထုံးယနေ့ထိထွက်ပေါ်ခြင်းမရှိသေး။
အဆိုပါစီရင်ထုံးတွင်[ vested interest ][ tenants in common ]စသည့်အတွေးအခေါ်များပါဝင်လာသည်။
လင်သို့မဟုတ်မယားသည်၊ခင်ပွန်းသို့မဟုတ်ဇနီးမသိပဲ၊အဆိုပါသူ၏အကျိုးသက်ဆိုင်ခွင့်ကိုလွှဲပြောင်းခွင့်မရှိ။
သို့သော်မိမိ၏အကျိုးသက်ဆိုင်ခွင့်ကိုမူလွှဲပြောင်းခွင့်ရှိသည်။
Comments
Post a Comment