မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက်သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Seven ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Eight ]
ရှေးစီရင်ထုံးများတွင်လွှဲပြောင်းခြင်းကိုသိလျင်၊သဘောတူလျင်၊လွှဲပြောင်းသူ၏ဝေစုအားထည့်သွင်းလွှဲပြောင်းမှုအတည်ဖြစ်သည်ဟုထုံးဖွဲ့ထားသည်။
[ သဘောတူဖို့ဝေးစွ ]အဓိပ္ပာယ်မှာ၊အင်္ဂလိပ်ဘာသာဖြင့်[ Let alone she consent ]ဟုသုံးနှုန်းသည်။
သဘောတူဖို့ဝေးစွ၊လွှဲပြောင်းခြင်းကိုပင်သိရှိခြင်းမရှိဟုအဓိပ္ပာယ်ရသည်။
[ consent ]ဆိုသည်မှာ[ အတိအလင်းသဘောတူသည် ]ဟုအဓိပ္ပာယ်ရသည်။
[ equant ]ဆိုသည်မှာ[ သဘောတူရာရောက်သွားခြင်း ][ ကန့်ကွက်ပြောဆိုရမည်ကိုမကန့်ကွက်ပဲ၊ဆိတ်ဆိတ်နေခြင်း ]ဟုအဓိပ္ပာယ်ရသည်။
သဘောတူခြင်းတမျိုးဖြစ်သည်။
အဆိုပါဥပဒေသဘောကို-
1967 BLR ( C C ) 545 ( 551 )
နိုင်ငံတော်တရားရုံးချုပ်
အခွင့်ထူးတရားမအယူခံမှု
တရားသူကြီးချုပ်ဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးထွန်းတင်တို့ရှေ့တွင်
ဒေါ်ကြည် နှင့် ဒေါ်သိန်းကြည်ပါ၂
စီရင်ထုံးတွင်ထုံးဖွဲ့ထားသည်။
Comments
Post a Comment