မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက်သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Eight ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


မြန်မာ့အိမ်ထောင်လင်ခန်းမယားခန်းပစ္စည်းခန်းနှင့်ပတ်သက််သောစီရင်ထုံး[ ၅ ]ရပ်အကြောင်း။[ Part Eight ]


ရှေးစီရင်ထုံးများတွင်လွှဲပြောင်းခြင်းကိုသိလျင်၊သဘောတူလျင်၊လွှဲပြောင်းသူ၏ဝေစုအားထည့်သွင်းလွှဲပြောင်းမှုအတည်ဖြစ်သည်ဟုထုံးဖွဲ့ထားသည်။


[ သဘောတူဖို့ဝေးစွ ]အဓိပ္ပာယ်မှာ၊အင်္ဂလိပ်ဘာသာဖြင့်[ Let alone she consent ]ဟုသုံးနှုန်းသည်။


သဘောတူဖို့ဝေးစွ၊လွှဲပြောင်းခြင်းကိုပင်သိရှိခြင်းမရှိဟုအဓိပ္ပာယ်ရသည်။


[ consent ]ဆိုသည်မှာ[ အတိအလင်းသဘောတူသည် ]ဟုအဓိပ္ပာယ်ရသည်။


[ equant ]ဆိုသည်မှာ[ သဘောတူရာရောက်သွားခြင်း ][ ကန့်ကွက်ပြောဆိုရမည်ကိုမကန့်ကွက်ပဲ၊ဆိတ်ဆိတ်နေခြင်း ]ဟုအဓိပ္ပာယ်ရသည်။


သဘောတူခြင်းတမျိုးဖြစ်သည်။


အဆိုပါဥပဒေသဘောကို-


1967 BLR ( C C ) 545 ( 551 )


နိုင်ငံတော်တရားရုံးချုပ်


အခွင့်ထူးတရားမအယူခံမှု


တရားသူကြီးချုပ်ဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးထွန်းတင်တို့ရှေ့တွင်


ဒေါ်ကြည် နှင့် ဒေါ်သိန်းကြည်ပါ၂


စီရင်ထုံးတွင်ထုံးဖွဲ့ထားသည်။


ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ ဆုံးဖြတ်ချက်။  ။အမှုနှင့်ပတ်သက်၍မူလရုံးနှင့်ပဌမအယူခံရုံးတို့မှအချင်းဖြစ်ပစ္စည်းများကိုဒုတိယအယူခံတရားခံကအယူခံတရားလိုအားရောင်းချခဲ့သည်နှင့်ပတ်သက်၍အရောင်းအဝယ်ပြုလုပ်စဉ်ပဌမအယူခံတရားခံမသိရှိခဲ့သော်လည်းနောက်ပိုင်းတွင်ပဌမအယူခံတရားခံကသဘောတူခဲ့ကြောင်းရုံး၂ရုံးစလုံးမှာအကြောင်းခြင်းရာနှင့်ပတ်သက်၍တူညီတွေ့ရှိထားပြီးဖြစ်သဖြင့်ထိုပစ္စည်းများနှင့်ပတ်သက်၍ဇနီးဖြစ်သူပဌမအယူခံတရားခံကယခုမှမိမိစပ်တူပိုင်ဆိုင်ခွင့်ရှိပါသေးသည်ဟုဥပဒေအရတောင်းဆိုခွင့်မရှိတော့သည်မှာထင်ရှားနေတော့သည်။ထို့အတွက်ပဌမအယူခံသည်အမှုနှင့်ပတ်သက်သည့်အချင်းဖြစ်မြေနှင့်အဆောက်အဦများ၌၎င်းသည်စပ်တူပိုင်ဆိုင်ခွင့်ရှိပါသည်ဆိုသည့်မြွက်ဟဒီကရီကိုရရှိနိုင်ရန်အခွင့်အရေးမရှိတော့ပေ။သို့ဖြစ်သောကြောင့်ဒုတိယအယူခံရုံးသည်၊ပဌမအယူခံရုံးကအဖြစ်အပျက်များနှင့်ပတ်သက်၍တွေ့ရှိချမှတ်ခဲ့သည့်အမိန့်ကိုပယ်ဖျက်ခွင့်မရှိ။


ဒေါ်ညိမ်းမြပါ၁ နှင့် ဦးဘအုန်းပါ၁၊၁၉၅၈ခုနှစ်၊မြန်မာပြည်စီရင်ထုံး၊စာ၂၄၈ရည်ညွှန်းသည်။


ထပ်မံဆုံးဖြတ်ချက်။   ။ပဌမအယူခံတရားခံကအမှုနှင့်ပတ်သက်၍မြွက်ဟဒီကရီသက်သက်ကိုတောင်းဆိုခဲ့လင့်ကစားတရားနိုင်ဖြစ်သူအယူခံတရားလိုဖွင့်လှစ်ခဲ့သည့်ဇာရီမှုကိုမူတိကျစွာကန့်ကွက်ချေပနိုင်မည်မဟုတ်။အယူခံတရားလိုကဒုတိယအယူခံတရားခံအပေါ်ရရှိခဲ့သည့်ဒီကရီမှာအချင်းဖြစ်ပစ္စည်းများနှင့်ပတ်သက်၍မိမိ၏အစုအပေါ်မည်သို့မျှအကျိုးသက်ရောက်ရောက်ခြင်းမရှိကြောင်းမြွက်ဟဒီကရီရရှိမှသာဇာရီမှုနှင့်ပတ်သက်၍တိကျစွာခုခံချေပနိုင်မည်ဖြစ်သဖြင့်ယခုကဲ့သို့မြွက်ဟဒီကရီသက်သက်စွဲဆိုခဲ့ခြင်းမှာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂ခြွင်းချက်နှင့်ဆန့်ကျင်ခြင်းမရှိဟုလည်းယူဆရန်မဖြစ်ပေ။ ]


စီရင်ထုံးစာမျက်နှာ၅၄၆၊၅၄၇၊၅၄၈၊၅၄၉၊၅၅၀၌၊ခုံရုံးတရားသူကြီးတဦးဖြစ်သူဦးထွန်းတင်၏အောက်ဖော်ပြပါဝေဖန်သုံးသပ်ချက်များမှာမှတ်သားဖွယ်ဖြစ်သည်-


[ တရားသူကြီးဦးထွန်းတင်။   ။xxxxxxxxxxxxxxxxxxxxx။ယခုအမှုမှအခွင့်ထူးအယူခံမှုတင်သွင်းရန်လျှောက်ထားသည့်အခါကအမှုတွင်အောက်ပါဥပဒေပြဿနာနှစ်ချက်ပေါ်ပေါက်စဉ်းစားရန်လိုအပ်နေကြောင်းတွေ့ရှိရသဖြင့်၊ထိုဥပဒေပြဿနာနှစ်ချက်ကိုကျယ်ပြန့်စွာစဉ်းစားနိုင်ရန်အခွင့်ထူးပေးခဲ့ခြင်းဖြစ်သည်။၎င်းတို့မှာ-


၁။ဒုတိယအယူခံရုံးသည်ပဌမအယူခံရုံးအဖြစ်အပျက်များနှင့်ပတ်သက်၍တွေ့ရှိချမှတ်ခဲ့သည့်အမိန့်ကိုပယ်ဖျက်ခွင့်ရှိ၊မရှိ။


၂။သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂ခြွင်းချက်နှင့်ပတ်သက်၍စဉ်းစားဘွယ်ရာအချက်အလက်များကို၎င်း။


ထိုပြဿနာနှစ်ရပ်နှင့်ပတ်သက်၍အယူခံမှုကိုကြားနာသည့်အခါမူလရုံးနှင့်အယူခံရုံးများမှ၊အမှုတွင်အရေးကြီးသည့်ကောက်ချက်ဖြစ်သောအချင်းဖြစ်မြေနှင့်အိမ်ကိုလင်ယောကျ်ားဖြစ်သူဒုတိယအယူခံတရားခံဦးဘဒန်ကအယူခံတရားလိုဒေါ်ကြည်အားရောင်းချလိုက်သည့်အခါ၊ဇနီးဖြစ်သူပဌမအယူခံတရားခံဒေါ်သိန်းကြည်ကတိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေသဘောတူညီခြင်းရှိပါသလော၊သို့မဟုတ်ရောင်းချပြီးနောက်၎င်း၏ပြုမူပုံအရသဘောတူညီသည်ဟုယူဆရမည်လောဟူသည့်ကောက်ချက်ကိုထုတ်နုတ်ခဲ့ခြင်းမရှိကြောင်းတွေ့ရှိရလေသည်။ထိုကောက်ချက်မှာယခုအမှုကိုတိကျစွာဆုံးဖြတ်ရန်များစွာလိုအပ်ကြောင်း၊ယခင်တရားလွှတ်တော်မှဆုံးဖြတ်ခဲ့သည့်အင်(န်)၊အေ၊ဗွီ၊အာ(ရ်)၊ချစ်တီးယားဖမ်း နှင့် မောင်သံဒိုင်အမှု(၁)ရန်ကုန်အတွဲ၉၊စာ၅၂၄တွင်စီရင်ထုံးပြဆိုချက်များအရစဉ်းစားရန်လိုအပ်နေကြောင်းတွေ့ရှိရလေသည်။ထို့အတွက်ဤရုံးမှတရားမကျင့်ထုံးအမိန့်၄၁၊နည်းဥပဒေ၂၅အရအောက်ပါကောက်ချက်နှင့်ပတ်သက်၍မူလရုံးကလိုအပ်ပါကနောက်ထပ်သက်သေခံချက်များရယူပြီးမိမိ၏ထင်မြင်ချက်ကိုပါဤရုံးသို့ပြန်လည်ပေးပို့ရန်၁၉၆၆ခုနှစ်၊ဇန္နဝါရီလ၁၀ရက်နေ့ကအမိန့်ချမှတ်ပေးခဲ့လေသည်။


၁။ဦးဘဒန်သည်ဒေါ်ကြည်အားအချင်းဖြစ်မြေနှင့်အိမ်ကိုရောင်းရာ၌မိမိ၏ဇနီးဒေါ်သိန်းကြည်၏တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေသဘောတူညီချက်ရှိပါသလော၊သို့မဟုတ်ရောင်းပြီးနောက်ပိုင်းတွင်ဒေါ်သိန်းကြည်၏ပြုမူပုံအရ၎င်းကပါသဘောတူညီသည်ဟုယူဆရမည်ဖြစ်ပါသလော။


ထိုကောက်ချက်နှင့်ပတ်သက်၍မူလရုံးမှအမှုတွင်နောက်ထပ်သက်သေခံချက်များရယူပြီး၁၉၆၇ခုနှစ်၊မေလ၆ရက်နေ့စွဲပါ၎င်း၏ထင်မြင်ချက်ကိုပေးပို့ခဲ့ရာ၊ထိုကောက်ချက်နှင့်ပတ်သက်၍ဦးဘဒန်သည်အချင်းဖြစ်မြေနှင့်အိမ်ကိုရောင်းရာ၌မိမိ၏ဇနီးဒေါ်သိန်းကြည်၏တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေသဘောတူညီချက်ကိုမရရှိခဲ့ပါဟုပဌမပိုင်းကိုဖြေဆိုခဲ့သော်လည်း၊ဒုတိယပိုင်းနှင့်ပတ်သက်၍ရောင်းပြီးနောက်ပိုင်းတွင်ဒေါ်သိန်းကြည်၏ပြုမူပုံအရ၎င်းကပါသဘောတူညီသည်ဟုယူဆရမည်ဖြစ်ကြောင်းဖြေဆိုခဲ့လေသည်။


ထိုသို့မူလရုံးမှကောက်ချက်နှင့်ပတ်သက်၍တွေ့ရှိချက်ကိုလက်ခံအတည်ပြုသင့်မသင့်နှစ်ဦးနှစ်ဘက်ရှေ့နေကြီးများအားကြားနာခဲ့လေသည်။အယူခံတရားလိုအတွက်လိုက်ပါဆောင်ရွက်သည့်ရှေ့နေကြီးကမူလရုံးမှကောက်ချက်နှင့်ပတ်သက်၍တင်သွင်းခဲ့သည့်ထင်မြင်ချက်မှာသက်သေခံချက်များအရလုံလောက်သည့်အထောက်အထားရှိသဖြင့်မှန်ကန်လက်ခံသင့်ကြောင်းတင်ပြလေသည်။


အယူခံတရားခံများ၏ရှေ့နေကြီးကမူလရုံးမှကောက်ချက်ပဌမပိုင်းနှင့်ပတ်သက်၍ဖြေဆိုခဲ့ခြင်းမှာအကြောင်းခြင်းရာများအရမှန်ကန်သည်ဟုမဆိုနိုင်ပါဟုလျှောက်ထားသော်လည်း၊ကောက်ချက်၏ဒုတိယပိုင်းနှင့်ပတ်သက်၍မူလရုံးမှဖြေဆိုခဲ့ခြင်းမှာသက်သေခံများနှင့်ဆန့်ကျင်ကွဲလွဲပြီးတဘက်စီးနင်းဖြေဆိုခဲ့ခြင်းဖြစ်ကြောင်းအယူခံတရားခံများ၏ရှေ့နေကြီးကမည်သို့မျှလေးနက်စွာကန့်ကွက်ဖော်ပြနိုင်ခြင်းမရှိပေ။


မူလရုံးမှကောက်ချက်နှင့်ပတ်သက်၍နောက်ထပ်ရယူခဲ့သည့်သက်သေခံချက်များနှင့်အမှုတွင်စစ်ဆေးခဲ့သည့်သက်သေခံချက်များကိုကျွန်ုပ်တို့လေ့လာသည့်အခါ၊ဒုတိယအယူခံတရားခံဖြစ်သူဦးဘဒန်ကအချင်းဖြစ်မြေနှင့်အိမ်ကိုအယူခံတရားလိုဒေါ်ကြည်သို့ရောင်းချစဉ်ကဇနီးဖြစ်သူပဌမအယူခံတရားခံဒေါ်သိန်းကြည်မှာပဲနွယ်ကုန်းတွင်နေထိုင်နေသဖြင့်ထိုသို့ရောင်းချသည်နှင့်ပတ်သက်၍သိရှိရန်မဖြစ်သောကြောင့်၊အရောင်းအဝယ်ကိုဇနီးဖြစ်သူဒေါ်သိန်းကြည်ကတိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေသဘောတူညီခဲ့ခြင်းမရှိဟုကောက်ချက်၏ပဌမပိုင်းကိုမူလရုံးမှဖြေဆိုခဲ့သည်နှင့်ပတ်သက်၍၎င်း၊ကောက်ချက်၏ဒုတိယပိုင်းကိုမူလရုံးမှပစ္စည်းများရောင်းချပြီးနောက်ပိုင်းတွင်ဒေါ်သိန်းကြည်သည်အချင်းဖြစ်မြေနှင့်အဆောက်အဦအတွက်အယူခံတရားလိုကလက်ရှိရရှိရန်တရားစွဲဆိုခဲ့သည်များကိုသိရှိသော်လည်းအချိန်ကြာမြင့်စွာမည်သို့မျှအရေးယူခဲ့ခြင်းမရှိ၊ဝယ်ယူသူဒေါ်ကြည်ကဦးဘဒန်အပေါ်ထိုပစ္စည်းလက်ရောက်ရရှိရန်ဒီကရီရခဲ့သည့်အတိုင်းဇာရီပြုလုပ်သည့်အခါတွင်မှဒေါ်သိန်းကြည်ကအချင်းဖြစ်ပစ္စည်းများတွင်မိမိသည်ဇနီးဖြစ်သည့်အတိုင်းဗုဒ္ဓဘာသာဓမ္မသတ်အရစပ်တူပိုင်ဆိုင်သူတဦးဖြစ်ကြောင်းမြွက်ဟကျေညာပေးရန်မူလအမှုကိုစွဲဆိုခဲ့ခြင်းသာဖြစ်သောကြောင့်၊ဒေါ်သိန်းကြည်၏ပြုမူပုံအရ၎င်းကပါသဘောတူညီသည်ဟုယူဆရမည်ဖြစ်ကြောင်းမူလရုံးမှဖြေဆိုခဲ့သည်မှာသက်သေခံအထောက်အထားများလုံလောက်စွာရှိနေကြောင်းကျွန်ုပ်တို့တွေ့ရှိရသဖြင့်၊၎င်းကောက်ချက်နှင့်ပတ်သက်၍မူလရုံးမှတွေ့ရှိချက်များကိုလက်ခံအတည်ပြုရမည်သာဖြစ်ပေသည်။


သို့ဖြစ်ရကားပဌမအယူခံရုံးဖြစ်သည့်အင်းစိန်ခရိုင်တရားမရုံး၊၁၉၆၂ခုနှစ်၊တရားမအယူခံမှုအမှတ်၁၀တွင်ခရိုင်တရားမတရားသူကြီးကအချင်းဖြစ်ပစ္စည်းများကိုအယူခံတရားလိုသို့လင်ယောကျ်ားဖြစ်သူဒုတိယအယူခံတရားခံကရောင်းချခဲ့ခြင်းနှင့်ပတ်သက်၍ဇနီးဖြစ်သူပဌမအယူခံတရားခံကမည်သို့မျှသဘောတူညီခြင်းမရှိခဲ့ပါဟုမူလတရားလိုပြဖြစ်သူပဌမအယူခံတရားခံကပြဆိုနိုင်ခြင်းမရှိသဖြင့်၊၎င်း၏အယူခံမှုကိုပလပ်ရမည်သာဖြစ်သည်ဟုဆုံးဖြတ်ခဲ့ခြင်းမှာမှန်ကန်သည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်းထင်ရှားနေတော့သည်။


တဖန်မူလရုံးဖြစ်သည့်အင်းစိန်မြို့၊မြို့နယ်တရားမရုံး၁၉၆၀ခု၊တရားမကြီးမှုအမှတ်၅၉တွင်မြို့နယ်တရားမတရားသူကြီးကမူလတရားလိုဖြစ်သူပဌမအယူခံတရားခံ၏မြွက်ဟဒီကရီတောင်းဆိုချက်ကိုစရိတ်နှင့်တကွပလပ်ခဲ့သည်ဖြစ်ရာကားမူလရုံးနှင့်ပဌမအယူခံရုံး၂ရုံးစလုံးကပင်အမှု၌အရေးကြီးသည့်ကောက်ချက်ဖြစ်သောအချင်းဖြစ်ပစ္စည်းများကိုလင်ယောကျ်ားဖြစ်သူဦးဘဒန်ကဒေါ်ကြည်အားရောင်းချခဲ့သည်ကိုဇနီးဖြစ်သူဒေါ်သိန်းကြည်ကသဘောတူညီခဲ့ခြင်းရှိကြောင်းနှင့်ပတ်သက်၍တူညီစွာတွေ့ရှိဆုံးဖြတ်ထားရှိပြီးဖြစ်ကြောင်းထင်ရှားနေတော့သည်။


ထိုသို့အကြောင်းခြင်းရာနှင့်ပတ်သက်၍တူညီတွေ့ရှိထားချက်တွင်ဒုတိယအယူခံရုံးများကဝင်ရောက်စွက်ဖက်ရန်ဥပဒေအရအခွင့်အရေးမရှိကြောင်းသာဓကများပင်ရှိလေသည်။


ထိုမှတဆင့်မူလရုံးနှင့်ပဌမအယူခံရုံးတို့သည်အကြောင်းခြင်းရာနှင့်ပတ်သက်၍တွေ့ရှိချက်မှာကွဲလွဲနေလင့်ကစား၊အကြောင်းခြင်းရာနှင့်ပတ်သက်၍ပဌမအယူခံရုံး၏ယူဆဆုံးဖြတ်ချက်မှာအတည်ဖြစ်၍ဒုတိယအယူခံရုံးမှထိုဆုံးဖြတ်ချက်မျိုးတွင်ဥပဒေအရဝင်ရောက်စွက်ဖက်ရန်မရှိကြောင်းကိုယခင်တရားလွှတ်တော်မှ၊ဦးရဲဂျော်သူကုမ္ပဏီလီမိတက် နှင့် မလှဦးပရူးအမှု(၂)၁၉၄၀ခု၊ရန်ကုန်စီရင်ထုံး၊စာ၁၈၀စီရင်ထုံးတွင်ယခင်ပရီဗွီကောင်စီမှချမှတ်ခဲ့သည့်စီရင်ထုံးများအပေါ်မူတည်၍ဆုံးဖြတ်ထားခဲ့လေသည်။


ယခုအမှုနှင့်ပတ်သက်၍ဤရုံး၁၉၆၃ခု၊တရားမဒုတိယအယူခံမှုအမှတ်၄၂ကိုကြားနာခဲ့သည့်တရားသူကြီးချုပ်ဦးဘိုကြီးကအချင်းဖြစ်ပစ္စည်းများကိုဦးဘဒန်ကရောင်းချသည်ကိုဇနီးဖြစ်သူဒေါ်သိန်းကြည်ကသဘောတူညီခြင်းရှိမှု၊အရောင်းအဝယ်မှာပစ္စည်းများအားလုံးအတွက်အကျုံးဝင်မည်ဖြစ်ကြောင်းပြဆိုခဲ့သော်လည်းအမှုတွင်ဇနီးဖြစ်သူဒေါ်သိန်းကြည်ကသဘောတူညီခဲ့ကြောင်းကိုသက်သေခံပြရန်တာဝန်မှာဝယ်ယူသူဒေါ်ကြည်အပေါ်၌တည်ရှိပြီးထိုတာဝန်ကိုဒေါ်ကြည်ကကျေပြွန်စွာမပြသနိုင်သဖြင့်၊ဒေါ်သိန်းကြည်စွဲဆိုသည့်အတိုင်းမြွက်ဟဒီကရီရသင့်သည်ဟုဖော်ပြခဲ့လေသည်။


သို့ရာတွင်ထိုပြဆိုချက်မှာမှန်ကန်လက်ခံသင့်သည်ဟုကျွန်ုပ်တို့ယူဆရန်ခဲယဉ်းပေသည်။


အဘယ်ကြောင့်ဆိုသော်အမှုကိုစွဲဆိုခဲ့သည်မှာဒေါ်သိန်းကြည်ကစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ဒေါ်ကြည်ကစွဲဆိုခဲ့ခြင်းမဟုတ်သဖြင့်၊ဒေါ်သိန်းကြည်ကမိမိတောင်းဆိုသည့်အတိုင်းအချင်းဖြစ်ပစ္စည်းများတွင်ဇနီးဖြစ်သည့်အတိုင်းဗုဒ္ဓဘာသာဓမ္မသတ်အရဦးဘဒန်နှင့်စပ်တူပိုင်ဆိုင်ခွင့်ရှိကြောင်းကျေညာချက်ရယူလိုမှု၊ထိုပစ္စည်းများကိုဦးဘဒန်ရောင်းချလိုက်ခြင်းများကိုမိမိကသိရှိသဘောတူခြင်းမရှိပါဟုပြသရမည်ဖြစ်သဖြင့်၊သက်သေပြသရန်တာဝန်မှာတရားလိုဖြစ်သူဒေါ်သိန်းကြည်၏အပေါ်တွင်ပင်ကျရောက်မည်ဖြစ်ပေသည်။


အကယ်၍အမှုတွင်ဒေါ်ကြည်ကတရားစွဲဆိုခဲ့၍ဒေါ်သိန်းကြည်ကတရားခံဖြစ်နေမူ၊ခင်ပွန်းဖြစ်သူဦးဘဒန်ကပစ္စည်းရောင်းချခဲ့ခြင်းကိုဇနီးဖြစ်သူဒေါ်သိန်းကြည်ကသဘောတူညီကြောင်းပြသရမည့်တာဝန်မှာဒေါ်ကြည်တွင်ကျရောက်မည်ဖြစ်ပေသည်။


ထို့တွက်အထက်ကပြဆိုခဲ့သည့်အတိုင်းယခုအမှုနှင့်ပတ်သက်၍မူလရုံးနှင့်ပဌမအယူခံရုံးတို့မှ၊အချင်းဖြစ်ပစ္စည်းများကိုဦးဘဒန်ကအယူခံတရားလိုဒေါ်ကြည်အားရောင်းချခဲ့သည်နှင့်ပတ်သက်၍အရောင်းအဝယ်ပြုလုပ်စဉ်ဒေါ်သိန်းကြည်မသိရှိခဲ့သော်လည်းနောက်ပိုင်းတွင်ဒေါ်သိန်းကြည်ကသဘောတူညီခဲ့ကြောင်းရုံး၂ရုံးစလုံးမှအကြောင်းခြင်းရာနှင့်ပတ်သက်၍တူညီတွေ့ရှိထားပြီးဖြစ်သဖြင့်၊ယခင်တရားလွှတ်တော်မှဆုံးဖြတ်ခဲ့သည့်ဒေါ်ညိမ်းမြပါ၁ နှင့် ဦးဘအုန်းပါ၁အမှု(၃)၁၉၅၈ခု၊မြန်မာပြည်စီရင်ထုံး၊စာ၂၄၈။စီရင်ထုံးပါပြဆိုချက်များအရ၊[ ထိုပစ္စည်းများနှင့်ပတ်သက်၍ဇနီးဖြစ်သူ(ဒေါ်သိန်းကြည်)ကယခုမှမိမိစပ်တူပိုင်ဆိုင်ခွင့်ရှိပါသေးသည်ဟုဥပဒေအရတောင်းဆိုခွင့်မရှိတော့သည်မှာထင်ရှားနေတော့သည်။ထို့အတွက်(ဒေါ်သိန်းကြည်)သည်ယခုအမှုနှင့်ပတ်သက်သည့်အချင်းဖြစ်မြေနှင့်အဆောက်အဦများ၌၎င်းသည်စပ်တူပိုင်ဆိုင်ခွင့်ရှိပါသည်ဆိုသည့်မြွက်ဟဒီကရီကိုရရှိနိုင်ရန်အခွင့်အရေးမရှိတော့ပေ။သို့ဖြစ်သောကြောင့် ]ယခုအခွင့်ထူးအယူခံမှုပေးခဲ့ရာဝယ်စဉ်းစားရန်ဖြစ်သည့်ပဌမကောက်ချက်နှင့်ပတ်သက်၍(ဒုတိယအယူခံရုံးသည်ပဌမအယူခံရုံးကအဖြစ်အပျက်များနှင့်ပတ်သက်၍တွေ့ရှိချမှတ်ခဲ့သည့်အမိန့်ကိုပယ်ဖျက်ခွင့်မရှိ)ဟုသာဖြေဆိုရမည်ဖြစ်သည့်အတိုင်း၊၁၉၆၃ခုနှစ်၊တရားမဒုတိယအယူခံမှုအမှတ်၄၂တွင်ချမှတ်ခဲ့သည့်စီရင်ချက်နှင့်ဒီကရီမှာဥပဒေအရမှန်ကန်၍လက်ခံအတည်ပြုသင့်သည်ဟုကျွန်ုပ်တို့မတွေ့ရှိရပေ။ ]

————————————-


1958 BLR ( H C ) 248 ( 251 )


APPELLATE CIVIL.


Before U San Maung and U Thoung Sein, JJ.


DAW NYEIN MYA AND ONE (APPELLANTS)


                          V.


U BA OHN AND ONE (RESPONDENTS).*


အမှုတွင်တရားဝန်ကြီးဦးစံမောင်နှင့်ဦးသောင်းစိန်တို့ပါဝင်သောခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ Where a house belonging jointly to a Burmese husband and wife was sold by the wife alone by means of a registered deed of sale with the knowledge and consent of the husband the sale of the house is binding on the husband.


U Rai Kyaw Thoo & Co., Ltd. v. Ma Hla U Pru, (1940) R.L.R. 180, followed. ]


တရားဝန်ကြီးဦးစံမောင်ကစီရင်ထုံးစာမျက်နှာ၂၅၀၌၊အောက်ပါအတိုင်းသုံးသပ်သည်-


[ As regards the alleged sale of the house by Daw Nyein Mya to the plaintiffs, the learned Advocate for the defendant-appellants has frankly conceded that he cannot now contend that the plaintiffs had not acquired any title thereto. 


It is clear from the evidence adduced by the plaintiffs that the registered sale deed was executed with the knowledge and consent of the defendant U Toe Maung by his wife Daw Nyein Mya with whom he had been living. 


U Toe Maung in giving evidence for the plaintiffs himself admitted that he knew of the sale and that he had attested the sale deed. 


Although he tried to minimize the effect of this admission by later stating in his cross-examination that his wife did not consult him before selling the house, it is clear that the sale could not have been effected without his knowledge and consent. 


Consequently, as held in the case of U Rai Kyaw Thoo & Co., Ltd. v. Ma Ha U Pru (1), (1940) R.L.R. 180. the sale of the suit house is binding upon the defendant-appellant U Toe Maung. ]

———————————————-


1940 RANGOON LAW REPORTS. 180 


LETTERS PATENT APPEAL.


Before Mr. Justice Dunkley, and Mr. Justice Wright.


U RAI GYAW THOO & CO., LTD. 


                   V.


MA HLA U PRU.*


Equivalent citation = A. I. R. 1940 Rangoon 126


အမှုတွင်၊ဗုဒ္ဓဘာသာအယူခံတရားလိုမလှဦးဖြူတို့လင်မယားပိုင်ပစ္စည်းကို၊၎င်း၏ခင်ပွန်းတဦးတည်းကအယူခံတရားပြိုင်ကုမ္ပဏီထံပေါင်ရာမှ၊ထိုကုမ္ပဏီကပေါင်သူခင်ပွန်းနှင့်မယားမလှဦးဖြူတို့အပေါ်အမှုစွဲဆိုသည်။


မယားဖြစ်သူသည်ခင်ပွန်းပေါင်နှံသည့်ကိစ္စကိုသိရှိသည့်အပြင်သဘောလည်းတူသည်ဟု၊မူလတရားရုံးနှင့်ပထမအယူခံတရားရုံးတို့ကကောက်ယူပြီး၊တရားပြိုင်လင်နှင့်မယားအပေါ်အပေါင်ပစ္စည်းကိုရောင်းချရန်ပဏာမအပေါင်ဒီကရီချမှတ်သည်။


သို့သော်တရားလွှတ်တော်တရားမဒုတိယအယူခံမှု၌၊တဦးထိုင်တရားသူကြီးကခင်ပွန်းဖြစ်သူလင်မယားပိုင်ပစ္စည်းကိုပေါင်ကြောင်း၊မယားဖြစ်သူသိကြောင်း၊ထို့ပြင်သဘောတူကြောင်းသက်သေထင်ရှားခြင်းမရှိ၍၊ခင်ပွန်းဖြစ်သူပစ္စည်းပေါင်ခြင်းသည်၊အချင်းဖြစ်ပစ္စည်းတွင်မယား၏အကျိုးခံစားခွင့်အပေါ်တာဝန်တင်ရှိစေခြင်းမရှိဟုဆုံးဖြတ်သည်။


တရားလွှတ်တော်တွင် LETTERS PATENT APPEAL.အဖြစ်ထပ်မံအယူခံဝင်သောအခါ Mr. Justice Dunkley, and Mr. Justice Wright.တို့ပါဝင်သောခုံရုံးကခင်ပွန်းဖြစ်သူပစ္စည်းပေါင်သည့်ကိစ္စကိုမယားဖြစ်သူသိခြင်း၊သဘောတူခြင်းပြဿနာသည်အကြောင်းခြင်းရာပြဿနာဖြစ်သဖြင့်လင်ပေါင်နှံသည်ကိစ္စကိုမလှဦးဖြူသိသည်၊သဘောတူသည်ဟု၊ပထမအယူခံတရားရုံးကဆုံးဖြတ်ခြင်းကို၊တရားမဒုတိယအယူခံတွင်စွက်ဖက်ပြင်ဆင်ခွင့်မရှိကြောင်းကောက်ယူပြီး၊မူလတရားရုံးကလင်မယားနှစ်ဦးစလုံးအပေါ်ချမှတ်သည့်အပေါင်ပဏာမဒီကရီကိုပြန်လည်အတည်ပြုကြောင်းအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်-


[ Consequently, the inference of fact arising from the respondent's signing the mortgage deed after it had been read and explained to her is that she consented to Sein Pho mortgaging the whole of the property as if he were the sole owner.


U Sein Tun Aung has further urged that the suit on the mortgage was barred by limitation as against the respondent, and he says that, although the question as to whether the payments of interest by Sein Pho were, payments made on behalf of the respondent as her agent is a question of fact, yet this is a question of fact which could be reviewed on second appeal because the finding of the first appellate Court was supported by no evidence whatever. 


On this point the learned District Judge on first appeal said this :


"It should be remembered that the finding that she is bound by this transaction has been arrived at not on the footing that she was a co-executant, but on the footing that she had given her consent to her husband to enter into it, which was subsequently entered into with her full knowledge and that the husband was at all material times manager of the joint family business. Upon proof of this fact, namely, the fact that the husband entered into the mortgage transaction with her knowledge and consent, the husband must of necessity be considered as standing in the position of agent to her at the time of that transaction and always thereafter in respect of or with reference to the debt under or on account of this mortgage transaction."


With this statement of the lawl am bound to say that I am in entire agreement. 


Where a Burmese Buddhist wife consents to her husband mortgaging the joint property as if it were his sole property, then clearly she is holding him out to the mortgagee as her agent, not only in respect of the execution of the mortgage but also in respect of all subsequent transactions in connection with the mortgage.


In my opinion, there were no grounds on which this Court could interfere with the judgment and decree of the District Court passed on first appeal, and the second appeal was wrongly entertained, and the judgment and decree of the District Court ought not to have been reversed.


This appeal is therefore allowed, and the judgment and decree of the Subdivisional Court of Akyab, granting a preliminary mortgage decree against the respondent as well as against her husband Sein Pho, are restored with costs in all Courts.


WRIGHT, J.--I agree with the judgment of my learned brother, but there is one point in connection with U Sein Tun Aung's contention that the suit is barred by limitation on which I should like to comment.


The sole mortgagor was Maung Sein Pho. The respondent, Ma Hla U Pru, was not a mortgagor, and it was not for her to make payments in respect of the mortgage debt. 


It seems to me that this is a complete answer to U Sein Tun Aung's contention that the suit is barred by limitation as against his client because she did not herself make any payments towards the mortgage money and because her husband was not entitled to make payments on her behalf. ]


လင်ချေးယူသောအပေါင်ကြွေးမြီအတွက်မယား၌ကိုယ်တိုင်[ personally]တာဝန်ရှိသည်ဟုစီရင်ထုံးတွင်လုံးဝမဆုံးဖြတ်။


ပဏာမအပေါင်ဒီကရီသည်အပေါင်ပစ္စည်းတွင်မယား၏အကျိုးခံစားခွင့်အပေါ်တွင်လည်းအတည်ဖြစ်သည်ဟုဆုံးဖြတ်ခြင်းဖြစ်သည်။

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

တရားစွဲဆိုရန်အကြောင်း(သို့မဟုတ်)အချင်းဖြစ်အကြောင်းအရာ[ Cause of Action ]