Posts

Showing posts from August, 2025

မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်း[ ခ ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်း[ ခ ] တရားရုံးများနောက်ခံသမိုင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ပေါ်ထွန်းလာသောအခါတည်ထောင်ခဲ့သည့်တရားလွှတ်တော်ချုပ်​၏နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးဘဦးသည်ဝတ်လုံဖြစ်ပြီး၊ကိုလိုနီခေတ်တရားလွှတ်တော်တွင်၁၉၃၀ပြည့်နှစ်မှစ၍၊သတ္တမမြောက်မြန်မာတရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်နောက်အကျဆုံး၁၉၂၂ခုနှစ်မှစ၍တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ လွတ်လပ်သောမြန်မာနိုင်ငံ၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဦးဘဦးသည်ရှေ့နေဘဝမှနိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်အငြိမ်းစားယူသည်အထိအနှစ်၄၀နီးပါးတရားရေးလောက၌ကျင်လည်ခဲ့ရာရှေ့နေနှင့်တရားသူကြီးနှစ်ဘဝ၏အတွေ့အကြုံကိုစုံစုံလင်လင်ရခဲ့သောပုဂ္ဂိုလ်ထူးဖြစ်သည်။ ၎င်းက My Burma စာအုပ်တွင်မိမိဘဝကိုပြန်ပြောင်းပြောခဲ့သည်။ ထိုစာအုပ်မျိုးမရှိသလောက်ဖြစ်သည်။ ၎င်းကဲ့သို့နှစ်ဘဝအတွေ့အကြုံရခဲ့သောဆာမောင်ခင်၊ဆာဂျေအေမောင်ကြီး၊ဆာမြဘူး၊ဦးမေအောင်၊ဦးသိမ်းမောင်နှင့်ဦးဧမောင်စသောပုဂ္ဂိုလ်ထူးများ၏ပြည့်စုံသောဘဝဇာတ်ကြောင်းကိုစာရေးသူမဖတ်ဖူးပါ။ ယနေ့တာဝန်ထမ်းဆောင်လျှက်ရှိသောတရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်အများစုသည်၁...

မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်း[ က ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာနိုင်ငံတရားစီရင်ရေးသမိုင်း[ က ] ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က၊၁၉၄၈ခုနှစ်တွင်တည်ထောင်စဉ်ကဟိုက်ကုတ်လွှတ်တော်တွင်တရားဝန်ကြီးအဖြစ်၁၆နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့သောဦးဘဦး၊၁၉၄၆ခုနှစ်တွင်ရှေ့ဆင့်နောက်ဆင့်တရားလွှတ်တော်တရားဝန်ကြီးဖြစ်လာသောရှေ့နေချုပ်ဦးထွန်းဖြူ၊၎င်း၏ရှေ့နေချုပ်နေရာတွင်ရှေ့နေချုပ်အဖြစ်ခေတ္တထမ်းဆောင်ပြီးနောက်တရားဝန်ကြီးဖြစ်လာသောဦးဧမောင်၊ဝတ်လုံတော်ရရှေ့နေဦးကျော်မြင့်၊ပေါင်းလေးဦးကတရားဝန်ကြီးအဆင့်ရှိသူများဖြစ်ကြသည်။ ယခုတရားလွှတ်တော်တွင်ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်၊ဝတ်လုံတော်ရဦးဘဦး၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးဦးဧမောင်နှင့်ဦးကျော်မြင့်တို့တာဝန်ယူကြသည်။ ဝတ်လုံတော်ရရှေ့နေများအဖြစ်ရှေ့နေလိုက်ခဲ့သူများဖြစ်သည်။ ဦးဧမောင်မှာဝါရင့်ဝတ်လုံတော်ရအဖြစ်၁၉၃၆ခုနှစ်ခန့်မှစ၍၁၉၄၅ခုနှစ်အထိရှေ့နေချုပ်အဖြစ်ထမ်းဆောင်ခဲ့ပြီးဟိုက်ကုတ်လွှတ်တော်တွင်တရားသူကြီး၂နှစ်ခန့်ဝါရှိသောဦးသိမ်းမောင်ကိုတရားလွှတ်တော်ချုပ်တွင်တာဝန်မပေးဘဲတရားလွှတ်တော်တရားဝန်ကြီးအဖြစ်တာဝန်ပေးသည်။ တရားဝန်ကြီးများတွင်ရှေ့နေရှေ့ရပ်ဦးထွန်းဖြူ၊ရှေ့နေချုပ်၊အစိုးရတရားလွှတ်တော်ရှေ့နေ၊ခရိုင်တရားမနှင့်စက်ရှ...