1999 BLR 135 ( 140 )[ ဒေါ်ပန်းတင် နှင့် ဦးအောင်တင် ]အမှုသုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ။[ ခ ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1999 BLR 135 ( 140 ) [ ဒေါ်ပန်းတင် နှင့် ဦးအောင်တင် ]အမှု သုံးသပ်ချက်နှင့်နိဂုံးချုပ်ဆုံးဖြတ်ချက်ညီညွတ်မှုရှိ၊မရှိကိစ္စ။[ ခ ] ———————————————- အမိန့်၄၃၊နည်း၁တွင်ပုဒ်မ၁၀၄အရအယူခံဝင်ခွင့်ရှိသောအမိန့်များကိုဖော်ပြထားသည်။ အမိန့်တရပ်သည်ပုဒ်မ၂(၂)တွင်အကျုံးဝင်သောဒီကရီမဟုတ်လျှင်ဖြစ်စေ၊ပုဒ်မ၁၀၄(၁)တွင်ဖော်ပြထားသောအမိန့်တရပ်မဟုတ်လျှင်ဖြစ်စေ၊အမိန့်၄၃၊နည်း၁တွင်အကျုံးမဝင်လျှင်ဖြစ်စေအယူခံဝင်ခွင့်မရှိ။ ဆုံးဖြတ်ချက်များကိုဒီကရီနှင့်အယူခံဝင်ခွင့်ရှိသောအမိန့်များအဖြစ်ခွဲခြားသတ်မှတ်ထားရခြင်းမှာအယူခံဝင်ခွင့်ကိုကန့်သတ်လို၍ဖြစ်သည်။ အယူခံဝင်ခွင့်ရှိသောအမိန့်ကိုမူတကြိမ်သာအယူခံဝင်ခွင့်ရှိသည်။ အယူခံဆိုသည်မှာမူလအမှုဒီကရီဖြစ်လျှင်ပုဒ်မ၉၆အရပထမအယူခံဝင်ရောက်ခွင့်ရှိသည်။ တရားလွှတ်တော်ကတရားမမူလမှုစီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးချမှတ်ခဲ့သည့်ဒီကရီတရပ်ရပ်သို့မဟုတ်အပြီးသတ်အမိန့်ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ပုဒ်မ၁၀၉(ခ)အရအယူခံဝင်ရောက်ခွင့်ရှိသည်။ သို့သော်အမိန့်များနှင့်စပ်လျဉ်း၍ပုဒ်မ၁၀၄( ၁ )နှင့်အမိန့်၄၃၊နည်း၁တွင်အကျုံးဝင်လျှင်တရားမအထွေထွေအယူခံဝင်ရောက်ခွင့်ရှိသော်လည်း၊အဆိုပါအထွေထွေအယူခံ...