Joint Tenants[ ပူးတွဲပိုင်ဆိုင်သူများ ] နှင့် Tenants-in-Common[ ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ] [ Part Three ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
Joint Tenants[ ပူးတွဲပိုင်ဆိုင်သူများ ]
နှင့်
Tenants-in-Common[ ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ]
[ Part Three ]
—————————
[ Desai Narotam ]ပြုစုသော[ A Dictionary of Law Terms & Phrases ကျမ်း][ ၁၉၁၆ခုနှစ်ထုတ် ]စာ-၃၈၂တွင်[ tenancy in common ][ အတူပိုင်ဆိုင်ခြင်း ]အကြောင်းရေးရာ၌အတူပိုင်ဆိုင်ခြင်းအားတရားဝင်ဖျက်သိမ်းနိုင်သောနည်းသုံးရပ်ကိုဖော်ပြထားသည်။
( ၁ )အတူပိုင်သူများအနက်တဦးကိုကျန်အတူပိုင်ဆိုင်သူများကမိမိတို့အသီးသီးပိုင်အစိတ်အပိုင်းတို့ကိုလွှဲပြောင်းလိုက်လျှင်သို့မဟုတ်စွန့်လွှတ်လိုက်လျှင်တဦးတည်းပိုင်အဖြစ်သို့ရောက်ရှိသွားသဖြင့်အတူပိုင်ဆိုင်ခြင်းချုပ်ငြိမ်းသွားမည်ဖြစ်သည်။
( ၂ )အတူပိုင်သောပစ္စည်းကိုအတူပိုင်သူများအချင်းချင်းခွဲဝေယူလိုက်လျှင်လည်းအတူပိုင်ဆိုင်ခြင်းပျောက်ပျက်သွားမည်ဖြစ်သည်။
တတိယနည်းမှာ[ compulsory partition ]ဖြစ်သည်။
အတူပိုင်သောပစ္စည်းကိုတရားရုံး၏အမိန့်ဒီကရီအရအသီးသီးခွဲဝေပေးလိုက်လျှင်အတူပိုင်ဆိုင်ခြင်းဟူ၍မရှိနိုင်တော့။
သို့ဖြစ်ရာ-
2005 BLR ( S A B ) 52 ( 63 )
တရားမအထူးအယူခံမှု
တရားရုံးချုပ်၊ဒုတိယတရားသူကြီးချုပ်ဦးသိန်းစိုး၊တရားသူကြီးများဖြစ်ကြသောဦးခင်မောင်အေးနှင့်ဦးမြင့်သိန်းတို့ရှေ့တွင်
ဒေါက်တာဦးတင်ဦး( ၎င်း၏ကိုယ်စားလှယ်စာရသူဦးကျော်ကျော် )
နှင့်
ဒေါ်အေးအေးသန်း
၂၀၀၅ မေလ ၆ ရက်
အမှုတွင်အတူပိုင်ဆိုင်သူများဖြစ်ကြသောဒေါက်တာဦးတင်ဦးနှင့်ဒေါ်အေးအေးသန်းတို့အားတရားရုံးကအချင်းဖြစ်မြေကိုခွဲဝေပေးနိုင်ကြောင်းသာဓကရှိသည်။
ကျမ်းအကိုးအကားရှိသည်။
—————————————
လင်နှင့်မယားတို့သည်ပေါင်းသင်းဆဲ၌ဖြစ်ထွန်းသောပစ္စည်းများကိုအတူပိုင်ဆိုင်သူများအနေနှင့်ပိုင်ဆိုင်ကြသည်။
VOL. IX INDIAN LAW REPORTS. RANGOON SERIES. 524 ( 561 )
SPECIAL BENCH (CIVIL).
Before Sir Arthur Page, Kt., Chief Justice, Mr. Justice Car, Mr. Justice Das, Mr. Justice Maung Ba, Mr. Justice Mya Bu, Mr. Justice Sen and Mr. Justice Dunkley.
N.A.V.R. CHETTYAR FIRM
V.
MAUNG THAN DAING.*
Civil Reference No. 24 of 1930 arising out of Civil Second Appeal No. 315 of 1930 of this Court.
1931 Aug. 18
စီရင်ထုံးကိုကြည့်ပါ။
၎င်းတို့ကွာရှင်းကြသောအခါလင်မယားပိုင်ပစ္စည်းများကိုခွဲဝေယူကြသည်။
——————————————-
S.J. စီရင်ထုံးမှစ၍တရားရုံးကထိုပစ္စည်းမျိုးကိုခွဲဝေပေးသောညီညွတ်သည့်ထုံးသာဓကများရှိခဲ့သည်။
၁၉၁၁ ခုနှစ်တွင်ဆုံးဖြတ်သော-
VOLUME VI ( 1911-1912 ) LOWER BURMA RULINGS 18 ( 21 )
Privy Council.
(On appeal Iron the Chief Court of Lower Burma.)
Before Lord Atkanson, Lord Robson, Sir Arthur Wilson, and Mr. Ameer Ali.
MAUNG PE v. LON MA GALE.
Overrule Lon Ma Gale v. Maung Pe, V L.B.R., 114.
Civil 1st Appeal No. 39 of 1908.
May 9th 1911.
အမှု၌ထိုစဉ်ကအဆင့်မြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီကောင်စီကမြန်မာဓလေ့ထုံးတမ်းဥပဒေအရလင်မယားကွာရှင်းသည့်ဒီကရီရပြီးနောက်တရားစွဲဆိုသောအမှုတွင်လင်မယားပိုင်ပစ္စည်းများကိုခွဲဝေပေးသည့်မူလတရားရုံး၏ဒီကရီကိုအတည်ပြုခဲ့သည်။
ဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိ။
အထက်ပါစီရင်ထုံး၌ပရီဗီကောင်စီကစီရင်ထုံးစာမျက်နှာ-၂၀နှင့်၂၁တွင်အောက်ပါအတိုင်းအကြောင်းပြသည်-
[ The cause of action for the divorce was the misconduct of the wife, but the cause of action for the partition was the divorce of the wife founded on that misconduct.
The partition may no doubt be treated as relief consequential upon the divorce and therefore dealt with in the same suit, but the evidence is different and the ground of divorce must be first and separately proved as a distinct cause of action before any question of partition can properly arise.
There is, therefore, not necessarily any hardship on the Defendant in severing the two matters.
Indeed it may and generally would, be the more convenient course finally to settle the question of the divorce and the misconduct before entering upon an enquiry as to partition which would be altogether unnecessary if the decree were refused, or would be put on a different basis if the misconduct were disproved.
It the Court should be of opinion that a petitioner has unnecessarily severed his claim for a partition from his claim for a divorce it may, of course, punish the Plaintiff by the exercise of its discretion as to costs, but their Lordships are of opinion that such a severance does not come within the mischief aimed at by sections 42 and 43 of the Civil Proceciure Code so as to bar the claim to a partition which may be founded on the decree for divorce itself.
Their Lordships will therefore humbly advise His Majesty that this Appeal ought to be allowed, the Decree of the Chief Court set aside, and that of the District Court restored, with costs in both Courts.
The Respondent will pay the costs of the Appeal. ]
———————————
[ Desai Narotam ]ပြုစုသော[ A Dictionary of Law Terms & Phrases ကျမ်း][ ၁၉၁၆ခုနှစ်ထုတ် ]စာမျက်နှာ-၃၈၂၌၊အတူပိုင်ဆိုင်ခြင်းတွင်[ unity of possession ]သာရှိသည်။
[ unity of interest ]မရှိဟုဆိုသည်။
အချင်းဖြစ်ပစ္စည်းတွင်အစိတ်အပိုင်းအသီးသီး၌ကိုယ်စီအကျိုးခံစားခွင့်ရှိသည်ဖြစ်၍၎င်းတို့အချင်းချင်းတွင်[ unity of interest ][ စုဖွဲ့အကျိုးခံစားခြင်း ]မရှိဟုဆိုသည်။
————————————
ထိုသို့ဆိုလျှင်-
VOL. V INDIAN LAW REPORTS. RANGOON SERIES. 785 ( 799 )
ORIGINAL CIVIL.
Before Mr. Justice Chari.
MAUNG BA TU
Vs.
MA THET SU AND THREE OTHERS.*
Civil Regular Suit No, 163 of 1927.
1927 Aug. 11.
———————————
1967 BLR ( C C ) 525 ( 531 )
CIVIL FIRST APPEAL
Before U Sein Thinn, J.
U BAN SWAN (APPELLANT)
Vs.
DAW THI AND FIVE OTHERS (RESPONDENTS).*
Civil First Appeal No. 30 of 1967.
Against the decree of the City Civil Court, Rangoon in Civil Regular Suit No. 66 of 1966, dated the 8th of March 1967.
1967 Oct. 28.
စီရင်ထုံးများအရပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရန်လိုအပ်သောအင်္ဂါတရပ်လိုနေပေလိမ့်မည်။
ဤအခြေအနေတွင်အတူပိုင်ဆိုင်သူများပိုင်ပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုနိုင်ခြင်းရှိမရှိကိစ္စ၌[ unity of interest ] နှင့် [ unity of possession ]အင်္ဂါရပ်များနှင့်ညီမညီစောကြောရန်ပြဿနာမပေါ်နိုင်။
နှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပိုသောသူများသည်မိမိတို့ပိုင်သောပစ္စည်းကိုခွဲဝေယူကြသည့်အစဉ်အလာအတိုင်းတရားရုံးကခွဲဝေပေးလျှင်အများလက်ခံကြမည်သာဖြစ်သည်။
———————————-
VOL. V INDIAN LAW REPORTS. RANGOON SERIES. 785 ( 799 )
ORIGINAL CIVIL.
Before Mr. Justice Chari.
MAUNG BA TU
Vs.
MA THET SU AND THREE OTHERS.*
Civil Regular Suit No, 163 of 1927.
1927 Aug. 11.
အမှုတွင်၊အမွေစီမံခန့်ခွဲပေးစေလိုမှုနှင့်ပစ္စည်းခွဲဝေပေးစေလိုမှုတို့ကွဲပြားခြားနားပုံကိုစိစစ်ပြရာ၌၊စီရင်ထုံးစာမျက်နှာ၇၉၁တွင်အောက်ပါအတိုင်းသုံးသပ်သည်-
[ The next question to be considered is as to the incidents of the right to enforce partition.
The word "partition " is generally used in a loose way for the division or separation of interest of whatever kind in property.
But, strictly, “partition" is applicable only to those suits in which the plaintiff seeks to convert his joint ownership and joint possession of the whole property into separate ownership and separate possession of a portion of the property.
Therefore a partition suit lies only when the plaintiff and the defendant have ( 1 ) unity of interest or title in the property sought to be partition ; and ( 2 ) unity of possession. ]
မြန်မာဗုဒ္ဓဘာသာတဦး၏အမွေမှာ၊အမွေဆိုင်များအပေါ်သက်ဆင်းပုံကိုစိစစ်ရာ၌ဓမ္မသတ်များကိုရည်ညွှန်းပြီး၊စီရင်ထုံးစာမျက်နှာ၇၉၆တွင်အောက်ပါအတိုင်းသုံးသပ်ပြပါသည်-
[ These passages negative the idea that the Dhammathat writers contemmplated the estate of a decased as vesting jointly or collectively in the heirs, and they also show that the heirs are not entitled to joint possession of the estate as against each other. ]
[ ကွယ်လွန်သူ၏အမွေပုံသည်အမွေဆိုင်များထံပူးတွဲ၍ဖြစ်စေ၊စုပေါင်း၍ဖြစ်စေသက်ဆင်းခြင်းဖြစ်သည်ဟုဓမ္မသတ်ပြုစုသူများကရည်စူးသည်ဟူသောအယူအဆကိုဤစာပိုဒ်များကပျက်ပြားစေသည့်အပြင်၊အမွေဆိုင်များသည်အချင်းချင်းအကြားတွင်အမွေပုံကိုပူးတွဲလက်ရှိရထိုက်ခွင့်ရှိသည်ဟုဤစာပိုဒ်များကပြဆိုခြင်းလည်းမရှိပေ။ ]
သို့ဖြစ်၍မြန်မာဗုဒ္ဓဘာသာအမွေကိုအမွေဆိုင်များပူးတွဲ၍[ Jointly ]ဆက်ခံခြင်းမပြုဘဲအတူတူဆက်ခံသည်[ ဆိုလိုသည်မှာအစုလိုက်ဆက်ခံသည် ]ဟူသောဥပဒေသပေါ်ပေါက်လာခြင်းဖြစ်သည်။
ပူးတွဲဆက်ခံခြင်း၊ပူးတွဲလက်ရောက်ရခွင့်မရှိခြင်းကြောင့်အမွေကိုစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုခွင့်မရှိဟုဤစီရင်ထုံးတွင်ပြဆိုခြင်းဖြစ်သည်။
နောက်ပိုင်းစီရင်ထုံးများကဤဥပဒေသဘောကိုလက်ခံကျင့်သုံးလာသည်မှာယနေ့တိုင်ဖြစ်သည်။
—————————————
1967 BLR ( C C ) 525 ( 531 )
CIVIL FIRST APPEAL
Before U Sein Thinn, J.
U BAN SWAN (APPELLANT)
Vs.
DAW THI AND FIVE OTHERS (RESPONDENTS).*
Civil First Appeal No. 30 of 1967.
Against the decree of the City Civil Court, Rangoon in Civil Regular Suit No. 66 of 1966, dated the 8th of March 1967.
1967 Oct. 28.
စီရင်ထုံး၌၊ 5 Ran 785 စီရင်ထုံးကို၊ကိုးကားဆုံးဖြတ်သည်။
စီရင်ထုံးစာမျက်နှာ-၅၂၉၌၊တရားဝန်ကြီးဦးစိန်သင်း၏အောက်ပါမြွက်ဆိုချက်ကိုစာဖတ်သူဥပဒေပညာရှင်များဂရုဓမ္မပြု၍မှတ်သားအပ်သည်-
[ For, strictly speaking " partition" is applicable only to those suits in which the plaintiff seeks to convert his joint ownership and joint possession of the whole property into separate ownership and separate possession of a portion of the pro-perty.
Therefore a partition suit lies only when the plaintiff and the defendant have unity of interest or title in the property sought to be partitioned and that there was also unity of possession which does not seem to be the position of the Burmese Buddhist co-heirs at the time of the death of their ancestor.
But if the heirs by an agreement, express or implied, remain in possession of the estate of the ancestor jointly and continue to enjoy that estate jointly, then they have created as among them-selves, by a contractual act, unity of interest and unity of possession which would enable one of the heirs to file a suit for partition. ]
ဒေါ်ကြည်ကြည်ဇင် နှင့် ဒေါ်ဝိကြိန်အမှု၊ 1999 BLR 103 စီရင်ထုံးတွင်အောက်ပါအတိုင်းစီရင်ထုံးဖွဲ့ထားသည်။
[ ပစ္စည်းခွဲဝေပေးစေလိုမှုတွင်အချင်းဖြစ်ပစ္စည်းကိုတရားလိုနှင့်တရားပြိုင်များအကျိုးခံစားမှုသို့မဟုတ်အခွင့်အရေးအညီအမျှရှိရန်လိုသည်။ထို့ပြင်အချင်းဖြစ်ပစ္စည်းတွင်တရားလိုနှင့်တရားပြိုင်တို့သည်အညီအမျှလက်ရှိဖြစ်ရန်လိုသည်။ ]
အကျိုးခံစားခွင့်အညီအမျှ[ ရှိခြင်း ]ဆိုသည်မှာ[ unity of interest or title ]ကိုလည်းကောင်း၊အညီအမျှလက်ရှိ[ ဖြစ်ခြင်း ]မှာ[ unity of possession ]ကိုလည်းကောင်း၊ဆိုလိုရင်းဖြစ်သည်မှာယုံမှားဖွယ်မရှိပါ။
အကြောင်းမှာ၊ 5 Ran 785 နှင့် 1967 BLR 525 စီရင်ထုံးများကို၊ကိုးကားထားခြင်းကြောင့်ဖြစ်သည်။
Desai Narotam ပြုစုသော A Dictionary of Law Terms and Phrases (၁၉၁၆ခုနှစ်ထုတ်)စာမျက်နှာ၄၀၇တွင်စကားရပ်များကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်။
[ Unity of interest - Joint tenants are said to have unity of interest as none of them has a greater interest in the subject of tenancy than others have. ]
[အကျိုးခံစားခွင့်ပေါင်းစည်းခြင်း-ပူးတွဲပိုင်သူများ(tenant in common ကိုအတူပိုင်ဆိုင်သူများဟုဘာသာပြန်ပါသည်။)အနက်၊မည်သူမျှပိုင်ဆိုင်သောပစ္စည်းတွင်အခြားသူများထက်ပိုမိုအကျိုးခံစားခွင့်ရှိသည်မဟုတ်၍၊ပေါင်းစည်းသောအကျိုးခံစားခွင့်ရှိသည်မည်၏]
[ Unity of possession - The phrase also signifies the holding of the same estate in undivided shares by two or more. ]
[လက်ရှိထားမှုပေါင်းစည်းခြင်း-ဤစကားရပ်သည်နှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပိုသူများကမခွဲဝေရသေးသောဝေစုများအတိုင်းပစ္စည်းတရပ်ကိုပိုင်ဆိုင်သည်ဟုဆိုလိုသည်။]
မှတ်ချက်- Oxford Advenced Learners' Dictionary of Current English စာမျက်နှာ၁၄တွင်-
[ hold ]ကို[ be the legal owner or possession of ]ဟုအဓိပ္ပာယ်ဖွင့်ဆိုပါသည်။
ပူးတွဲပိုင်ရှင်များ[ Joint Tenants ]ဖြစ်သည်ဟုအဆိုပြုထားခြင်းကအထက်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊အချင်းဖြစ်ပစ္စည်းများတွင်အမှုသည်များသည်[ Unity of interest ]ရှိကြောင်းအဆိုပြုထားခြင်းပင်ဖြစ်သည်။
ပူးတွဲပိုင်ဆိုင်သူများသည်၆ဦးဖြစ်ရာ[ Unity of possession ]အဓိပ္ပာယ်ဖွင့်ဆိုချက်တွင်အကျုံးဝင်သည့်နှစ်ဦးထက်ပိုသောပိုင်ရှင်များဖြစ်သည်။
၎င်းတို့သည်[ undivided shares ]ပိုင်ရှင်များဖြစ်သည်။
အချင်းဖြစ်ပစ္စည်းများကို၆ဦးကဝေစုများအလိုက်ဆုပ်ကိုင်[ Hold ]ထားသည်ဖြစ်၍၊အထက်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊လက်ရှိထားမှု၊ပေါင်းစည်းခြင်းရှိသည်မှာမြင်သာသည်။
1962 BLR ( C C ) 401 ( 403 )
တရားရုံးချုပ်
တရားသူကြီးဦးဘိုကြီးရှေ့တွင်
ဒေါ်ချူးအုံ( အယူခံတရားလို )
နှင့်
ဒေါ်ခ ( အယူခံတရားခံ )
၁၉၆၂ စက်တင်ဘာလ ၂၅ ရက်
အမှုတွင်-
[ ပစ္စည်းခွဲဝေခြင်း(PARTITION )ဆိုသည်မှာ၊ထိုပစ္စည်းဆိုင်ရာအတူအကျိုးခံစားပိုင်သည့်အခွင့်အရေးအနက်အချို့ကိုမိမိနည်းတူအကျိုးခံစားပိုင်ခွင့်ရှိသူအားစွန့်၍ထိုသူကလည်းဖလှယ်သည့်အနေဖြင့်အပြန်အလှန်စွန့်ခြင်းဖြစ်သည်။ ]ဟုပြဆိုထားရာအများနားလည်လွယ်သောဖွင့်ဆိုချက်ဖြစ်ပါသည်။
5 Ran 785 မှ 1967 BLR 525 နှင့် 1999 BLR 103 စီရင်ထုံးများတွင်သုံးထားသောဥပဒေသုံးစကားရပ်[ technical law terms ]များဖြစ်သည့်[ unity of title and unity of possession ]တို့မှာအများနားလည်နိုင်သည့်စကားရပ်များမဟုတ်ပါ။
၎င်းတို့ကိုဖွင့်ဆိုထားသည့်အဘိဓာန်ရှာဖွေရ၍တော်ပါသေးသည်။
ယင်းအဘိဓာန်မှာမြန်မာနိုင်ငံ၌[ ၁၀ ]အုပ်ထက်ပိုမည်မဟုတ်ပါ။
အဘိဓာန်၌သုံးထားသော[ tenants ]ဟူသောစကားမှာဥပဒေသုံးစကားဖြစ်ပြီး၊အိမ်ငှားများဟုအဓိပ္ပာယ်မရဘဲ၊ပိုင်ရှင်များဟုအဓိပ္ပာယ်ရခြင်းကိုသိသူနည်းပါးပါသည်။
မြန်မာဓလေ့ထုံးတမ်းဥပဒေလာ[ tenants-in-common ]ကိုအတူပိုင်ဆိုင်သူများဟုသိနှင့်ထားပြီး၍၊ဘာသာပြန်ရန်မခက်ခဲတော့ပါ။
——————————
မှုခင်းများကိုအများနားလည်လက်ခံနိုင်အောင်ဆုံးဖြတ်ရာ၌၊တရားမျှတမှုဖြစ်စေရေးသာလျှင်ပဓာနကျပါသည်။
အများနားမလည်သောစကားလုံး၊စကားလှများတွင်သာနစ်မြုပ်နေရန်မဟုတ်ပါ။
နှစ်ဦးထက်ပိုသောသူများပူးတွဲပိုင်ဆိုင်သောပစ္စည်းကိုတဦးစီသီးခြားပိုင်လိုပါက၊ပစ္စည်းခွဲဝေရသည်မှာအများအသိ[ common knowledge ]ဖြစ်ပါသည်။
ပစ္စည်းခွဲဝေပေးစေလိုမှုတွင်အချင်းဖြစ်ပစ္စည်းကိုတရားလိုနှင့်တရားပြိုင်တို့ပူးတွဲပိုင်ကြောင်းအဆိုပြုလျှင်လုံလောက်ကြောင်းရိုးရိုးစင်းစင်းဆင်ခြင်ကပေါ်လွင်ပါသည်။
ထိုသို့ပူးတွဲပိုင်သူတို့သည်၊ 1962 BLR ( CC ) 401 စီရင်ထုံး၊ဒေါ်ချူးအုံ နှင့် ဒေါ်ခ အမှု၌ဖွင့်ဆိုပြထားသကဲ့သို့၊အကျိုးခံစားခွင့်ကိုခွဲဝေယူခြင်းဖြစ်ပါသည်။
ခွဲယူမှုမြောက်စေရန်တဦး၏ဝေစုတွင်မူလကကျန်ပူးတွဲပိုင်ဆိုင်သူများစပ်တူပိုင်ဆိုင်ခဲ့ခြင်းကိုအပြန်အလှန်စွန့်လွှတ်ဖို့လိုပါသည်။
အကြောင်းမူပူးတွဲပိုင်ဆိုင်သောပစ္စည်း၏အနုမြူတိုင်းမှာပူးတွဲပိုင်ရှင်များကပိုင်ဆိုင်သည်ဖြစ်၍၊တသီးပုဂ္ဂလပိုင်ဝေစုအဖြစ်ရောက်ရန်၊ထိုအစုတွင်ပူးတွဲပိုင်ဆိုင်ခြင်းကြောင့်ရရှိခဲ့သည့်အကျိုးခံစားခွင့်ကိုအခြားပိုင်ရှင်ကစွန့်လွှတ်ပါမှထိုအစုတွင်၎င်းပိုင်ဆိုင်ခွင့်ကုန်ဆုံးပြတ်စဲသွား[ extinguish ]မည်ဖြစ်ပါသည်။
ထိုသို့ချုပ်ငြိမ်းသွားမှဆိုင်ရာပုဂ္ဂိုလ်၏တသီးပုဂ္ဂလပိုင်အဖြစ်သို့အမှန်တကယ်ရောက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ရာပစ္စည်းခွဲဝေပေးစေလိုမှုတမှုသည်ပူးတွဲပိုင်ဆိုင်ခွင့်ကိုပူးတွဲပိုင်ရှင်အသီးသီးအားအများနားလည်သည့်အတိုင်းဝေစုခွဲဝေပေးသည့်အမှုဖြစ်သည်မှာနားလည်ရခက်ခဲသောကိစ္စမဟုတ်ပါ။
ပူးတွဲပိုင်ရှင်များမဟုတ်သည့်အမွေဆက်ခံသူဗုဒ္ဓဘာသာများမည်သည့်အခါအမွေခွဲဝေပေးစေလိုမှုစွဲဆိုနိုင်ကြောင်းခြွင်းချက်အမှုကို၊ဦးဘန်စွမ်အမှု၊ 1967 BLR 525 စီရင်ထုံးတွင်ပြဆိုထားခြင်းဖြစ်ပါသည်။
[ UNITY ]ဟူသည်[ စည်းလုံးခြင်း ]ဟုအဓိပ္ပာယ်ရသော်လည်း[ Unity of interest ]ကိုအကျိုးခံစားခွင့်၊စည်းလုံးခြင်းဟုဘာသာမပြန်အပ်ပါ၍၊အကျိုးခံစားခွင့်ပေါင်းစည်းခြင်း[ မှု ]ဟုအဓိပ္ပာယ်ပေါ်လွင်အောင်ဘာသာပြန်ရခြင်းဖြစ်ပါသည်။
[ ပူးတွဲ ]ဟုဘာသာပြန်ခြင်းသည်မမှန်ပါ။
————————————-
1963 BLR 961 ( 965 )
တရားမအယူခံမှု
တရားသူကြီးဦးစောဘသိန်းရှေ့တွင်
ဒေါ်စိန်ဖြူ( အယူခံတရားလို )
နှင့်
မောင်တင်မြင့်( အယူခံတရားခံ )
၁၉၆၃ ဒီဇင်ဘာလ ၁၄ ရက်
အမှုတွင်မြန်မာဗုဒ္ဓဘာသာအမွေရှင်၏အမွေကိုဆက်ခံသူငါးဦးအနက်လေးဦးထံမှဝယ်သူကကျန်တဦးအပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရာတရားစွဲဆိုပိုင်ခွင့်မရှိဟုအငြင်းပွားခြင်းမရှိသည်ကိုတွေ့ရသည်။
စီရင်ထုံးအရ၊အမွေဆိုင်တဦးထံမှဝယ်ယူသူကဖြစ်စေ၊၎င်းထံမှတဆင့်ဝယ်ယူသူကဖြစ်စေ၊အမွေဆိုင်နှင့်ပူးတွဲပိုင်ရှင်များအပေါ်၊ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုနိုင်သကဲ့သို့၊အပြန်အလှန်အားဖြင့်ကျန်ပူးတွဲပိုင်ရှင်များကလည်းဝယ်သူအသီးသီးအပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုနိုင်သည်။
——————————-
ပစ္စည်းခွဲဝေပေးရန်ငြင်းဆိုခြင်း၊တောင်းဆိုခြင်းသည်ပစ္စည်းခွဲဝေပေးရန်အကြောင်းဆိုက်စေသည့်တရားစွဲဆိုရန်အကြောင်းတွင်မပါဝင်။
ပူးတွဲပိုင်ရှင်ဖြစ်ခြင်းကပစ္စည်းခွဲဝေပေးစေရန်တရားစွဲဆိုခွင့်ရရှိစေသည်မှာမြင်သာသောအချက်ဖြစ်သည်။
ပူးတွဲပိုင်ရှင်ကခွဲဝေပေးရန်ငြင်းပါမှ၊ပစ္စည်းခွဲဝေပေးစေရန်အကြောင်းပေါ်ပေါက်သည်ဟုပြဆိုသောထုံးသာဓကမရှိ။
—————————————
Comments
Post a Comment