Joint Tenants[ ပူးတွဲပိုင်ဆိုင်သူများ ] နှင့် Tenants-in-Common[ ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ] [ Part Five ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


Joint Tenants[ ပူးတွဲပိုင်ဆိုင်သူများ ] 


                       နှင့် 


Tenants-in-Common[ ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ]


[ Part Five ]


—————————


ဟိန္ဒူဘာသာဝင်ယောကျ်ားတဦးကွယ်လွန်သောအခါ၊အသက်ထင်ရှားကျန်ရစ်သော၎င်း၏သားများ၊သားများ၏သားများ[ မြေးယောကျ်ားများ ]၊သားများ၏သားများ၏သားများ[ မြစ်ယောကျ်ားများ ]သည်ပူးတွဲ၍အမွေဆက်ခံကြသည်။


သေသူ၏မယားသည်အမွေခံမဟုတ်ပါဘဲလျက်မိခင်သေဆုံးခြင်းကိစ္စကိုဖော်ပြရန်မလိုဘဲဖော်ပြခြင်းမှာ၊အဆိုပြုချက်များကိုဖောင်းပွစေသည်။


သမီးများသည်ပူးတွဲအမွေဆိုင်များမဟုတ်ပါဘဲလျက်၎င်းတို့အားအမှုသည်စုံလင်ရန်အဆိုလွှာ၌ဖော်ပြထားသည်ဟုခရိုင်တရားရုံးအမှုတမှု၏စီရင်ချက်၌ဖော်ပြထားသည်။

————————-

ပစ္စည်းခွဲဝေပေးစေလိုမှုတွင်ပူးတွဲပိုင်ရှင်များသာလျှင်အမှုသည်များဖြစ်ရန်လိုသည်ဖြစ်ရာ၊ပူးတွဲပိုင်ရှင်များမဟုတ်သည့်အမျိုးသမီးများကိုတရားပြိုင်အဖြစ်မလိုအပ်ဘဲထည့်ထားသည့်အတွက်မူလတရားရုံးသည်အဆိုလွှာကိုလက်ခံစဉ်ကပင်၊၎င်းတို့အားတရားပြိုင်များအဖြစ်မှတရားမကျင့်ထုံးဥပဒေအမိန့်၁၊နည်း၁၀(၂)အရဖယ်ထုတ်ပစ်ရန်ဖြစ်သည်။


နည်း၁၀(၂)တွင်[ without the application of other party ]ဟုပြဌာန်းထားခြင်းမှာ၊အမှုသည်များဖောင်းပွခြင်းကိုတရားရုံးကတားဆီးပိတ်ပင်နိုင်ရန်ဖြစ်သည်။


Selected Judgments and Rulings, Judicial Commissioner, Lower Burma, and special court 365 ( 366 )


Before W. F. Meres, Esq.


NGA SHWE WIN (APPELLANT) 


                        v. 


NGA CHAN E (RESPONDENT).


Civil Appeal No. 27, 1885. June 5.


အမှုတွင်အောက်ပါအတိုင်းပြဆိုသည်-


[ I suppose, impossible to say what this litigation has actually cost the parties, which has now been in progress for about two years. 


It is much to be regretted that it was not discovered earlier that the suit had been instituted in the wrong Court, and this suit is a fair illustration of the urgent necessity which lies upon all Civil Judicial Officers in this country to see that the receiving of plaints does not bocome a merely mechanical operation. 


The Civil Procedure Code (sections 53 and 54) requires that the Court shall consider the plaint before action is taken upon it, and this is the more necessary in rural parts because there litigants largely rely on the assistance of the Courts in the conduct of their suits. ]


တရားရုံးသည်အဆိုလွှာကိုစက်ရုပ်သဖွယ်လက်ခံရန်အဟုတ်ဟု ၁၈၈၅ခုနှစ်တွင်ဆုံးဖြတ်သော S J L B 365 အမှုတွင်ပြဆိုထားရာ၊ထိုစီရင်ထုံးထွက်ပေါ်ပြီးအနှစ်[ ၁၃၀ ]ကျော်ကြာသော်လည်းမလိုက်နာခြင်းသည်ဖြစ်ကောင်းသောကိစ္စမဟုတ်။


တရားပြိုင်အဖြစ်ပါဝင်ရန်မလိုသူများထံသမ္မာန်စာထုတ်ဆင့်ရခြင်းကြောင့်တရားရုံးတွင်မလိုဘဲအလုပ်ရှုပ်ခြင်း၊စက္ကူကုန်ခြင်း၊ထိုတရားပြိုင်များတရားရုံးသို့လာရောက်ထုချေရသည့်အတွက်မလိုအပ်ဘဲဒုက္ခရောက်ခြင်းကိုတရားရုံးကရှောင်ရှားရန်ဖြစ်သည်။


အထူးသဖြင့်ခရိုင်တရားရုံးအဆင့်တွင်ထိုအမှားမျိုးကိုကျူးလွန်ရန်မသင့်။

———————————-


ပိုင်ရှင်များအနက်တဦးဦးကကျူးကျော်သူအားနှင်ထုတ်ပေးရန်တရားစွဲဆိုခွင့်ရှိသလော ?


1954 BLR ( H C ) 235 ( 237 )


APPELLATE CIVIL.


Before U San Maung. J.


DAW NGWE ME AND ONE (APPLICANTS)


                           Vs.


KO THAN MAUNG (RESPONDENT).*


Civil Revision No.52 of 1954 converted from Civil 2nd Appel No.103 of 1952 against the order  of the District Court, Mandalay, in Civil Appeal  No. 4 of 1952.


1954 July 7. အမှုနှင့်

———————————-


1948 BLR ( H C ) 717 ( 721 )


APPELLATE CIVIL.


Before U Thaung Sein, J.


MAUNG PU (APPELLANT)


                 Vs.


U THA HPYE AND FOUR OTHERS (RESPONDENTS).*


Civil Second Appeal No. 31 of 1948 against the decree of the District Court of Myingyan in Civil Appeal No. 24 of 1947, dated  the 20th December 1947. 


1948 June 2. အမှုများတွင်၊တရားလိုတို့၏အနေအထားများတူသည်မဟုတ်။


ဒေါ်ငွေမဲအမှုတွင်၊တရားလိုသည်[ ပူးတွဲပိုင်ဆိုင်သူများအနက်တဦး ]

ဖြစ်သည်။


မောင်ပုအမှုတွင်၊တရားလိုသည်[ အတူပိုင်ဆိုင်သူနှစ်ဦးအနက်တဦး ]ဖြစ်သည်။

——————————-


1955 BLR ( H C ) 44 ( 48 )


APPELLATE CIVIL.


Before U San Maung, J.


DAW SAR YI (APPELLANT)


                  V.


MA THAN YIN (RESPONDENT).


Civil 2nd Appeal No. 120 of 1952 against the decree of the District Court of Tharrawaddy, in Civil Appeal No. 8 of 1952. 


1954 Nov. 6.


အမှုတွင်၊တရားလိုဒေါ်သန်းရင်၏ခင်ပွန်းဦးထွန်းရုံသည်တရားပြိုင်ဒေါ်စာရီထံမှအချင်းဖြစ်မြေနှင့်အိမ်ကိုဝယ်ယူခဲ့ပြီးနောက်သောင်းကျန်းသူများက၎င်းအားဖမ်းဆီးသွားရာ၎င်း၏သတင်းကိုမရတော့ချေ။


ဒေါ်သန်းရင်ကဒေါ်စာရီအပေါ်ထိုအိမ်နှင့်မြေကိုလက်ရောက်ရလိုကြောင်းစွဲဆိုသည်။


အောက်ရုံးများတွင်တရားလိုဒေါ်သန်းရင်အနိုင်ရသည်။


တရားမဒုတိယအယူခံ၌တရားလွှတ်တော်က၊မြန်မာဗုဒ္ဓဘာသာဒေါ်သန်းရင်နှင့်ခင်ပွန်းဦးထွန်းရုံတို့သည်[ ပူးတွဲပိုင်ရှင်များမဟုတ်သဖြင့် ]အမှုတွင်ခင်ပွန်းဖြစ်သူဦးထွန်းရုံအားပူးတွဲတရားလိုအဖြစ်ထည့်သွင်းခြင်းမရှိဘဲ၊ခင်ပွန်းဦးထွန်းရုံအား၊ရောင်းချသောပစ္စည်းကိုလက်ရောက်ရလိုကြောင်းမစွဲဆိုနိုင်ဟုအောက်ပါအတိုင်းဆုံးဖြတ်သည်-


[ Held: A Burmese Buddhist wife has a vested interest in property acquired by her husband but she is not a co-owner in the sense that during the subsistence of the marriage she can claim partition of the property. 


There it no presumption de facto or de jure that a Burmese Buddhist couple living together are authorized agents for each other. 


A Burmese Buddhist wife cannot file a suit for possession of property sold to her husband without joining her husband as co-plaintiff in the suit.


N.A.V.R. Chettyar Firm v. Maung  Than Daing, 9 Ran. 524, referred to. ]

————————-

[ ၇-၇-၁၉၅၄ ]နေ့တွင်ဒေါ်ငွေမဲအမှုကိုစီရင်သောတရားဝန်ကြီးဦးစံမောင်သည်၊နောက်လေးလမကြာမီ[ ၆-၁၁-၁၉၅၄ ]နေ့၌၊တရားလိုအနေအထားချင်းမတူသောဒေါ်စာရီအမှုကိုစီရင်သောအခါ၊ကွဲပြားသောဆုံးဖြတ်ချက်ချမှတ်ခြင်းကို၊အလေးအနက်ဆင်ခြင်သူတိုင်းနားလည်နိုင်သည်။


ထို့ပြင်ဖြစ်ရပ်ချင်းတူသောမောင်ပုအမှု[ တရားဝန်ကြီးဦးသောင်းစိိန်ကဆုံးဖြတ်ခြင်းဖြစ်သည် ]နှင့်[ ထပ်တူ ]ဆုံးဖြတ်ကြောင်းတွေ့မြင်နိုင်သည်။

အမှန်ဆိုသော်မောင်ပုအမှုကို၊ဒေါ်စာရီအမှုတွင်တင်ပြခဲ့ခြင်းမရှိ။

——————————-


1954 BLR ( H C ) 235 ( 237 )


APPELLATE CIVIL.


Before U San Maung. J.


DAW NGWE ME AND ONE (APPLICANTS)


                           Vs.


KO THAN MAUNG (RESPONDENT).*


Civil Revision No.52 of 1954 converted from Civil 2nd Appel No.103 of 1952 against the order  of the District Court, Mandalay, in Civil Appeal  No. 4 of 1952.


1954 July 7.


အမှုတွင်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းကို[ ပူးတွဲပိုင်ဆိုင်သူများအနက်၊တဦးကအခြားပူးတွဲပိုင်ရှင်များမပါဘဲ ]ကျူးကျော်သူကိုနှင်လိုမှုစွဲဆိုနိုင်သည်ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားသည်-


[ Held further : One of several co-owne's of immoveable property can maintain an action for ejectment of a trespasser without joining the other co-owner or co-cwners as parties to the action.


Gurrimbhoy & Co. Ltd. v. L. A. Creet and others, (1930) A.I,R. Cal. p. 113 : Gopal  Ram Mohuri v. Dhakeswat Pershad Narain Singh, (1881),I.L.R. 35 Cal. p. 807 at 811 ; Radha Preshad Wasti and others v. Esuf and others, (1881) I.L.R. 7 Cal. p. 414 : Kabil Sardar v. Chundar Nat Nag Chowdhry, (1892) I.L.R.20 Cal. p. 592 ; ShriThakurji and another V. Hara Lal, (1922) I.L.R. 44 All. p.634 at p. 636 ; Maganlal Dulabhdas  v. Budhar Purshottam and another, (1926) I.L.R. 51 Bom, p. 140 : Syed  Ahmed Sahib Shutari v The Magnesite Syndicate Ltd.(1915) I.L.R. 39 Mad. p. 501.

———————————————


အချုပ်မှတ်ရန်မှာ၊အမွေရသောမြေကိုပူးတွဲပိုင်ရှင်များဖြစ်လျှင်၊ဒေါ်ငွေမဲအမှုနှင့်သက်ဆိုင်သည်။


အမွေရသောမြေကိုအတူပိုင်ဆိုင်သူများဖြစ်ခဲ့လျှင်၊မောင်ပုအမှုနှင့်ဒေါ်စာရီအမှုတို့နှင့်သက်ဆိုင်မည်။

—————————————


1963 BLR ( C C ) 491 ( 498 )


APPELLATE CIVIL


Before U San Maung  and U Tun  Tin, JJ.


DORA WIN AND THREE OTHERS (APPELLANTS)


                 V.


DAW SAW MYINT AND ONE (RESPONDENTS).


Civil First Appeal No. 88 of 1962, against the decree of the Original Side, Chief Court in Civil Regular Suit No. 58/62 , dated 31st October 1962.


1963 August. 30. 


အမှုတွင်၊မြန်မာဗုဒ္ဓဘာသာအမွေရှင်၏အမွေကိုပူးတွဲအမွေစားအမွေခံများက၊အတူပိုင်ဆိုင်သူများအဖြစ်ဆက်ခံကြောင်းစီရင်ထုံးစာမျက်နှာ-၄၉၅နှင့်၄၉၆၌အောက်ပါအတိုင်းပြဆိုသည်-


[ Now, the peculiar position of the children of a Burmese Buddhist couple needs to be mentioned. 


On the death of their parents the children immediately succeed to their estate as tenants-in-common.


However, while they are alive the children, especially if they are minors are largely dependent on their will as to the disposition of the parental estate. ]

———————————-


အမွေခွဲဝေပြီးနောက်အမွေပစ္စည်းကိုပူးတွဲခွဲဝေရရှိသောသူများသည်ပူးတွဲပိုင်ရှင်များအဖြစ်သို့ရောက်သွားကြောင်းပြဆိုသောထုံးသာဓကမရှိသဖြင့်၊အတူပိုင်ဆိုင်သူများအဖြစ်ဆက်လက်ရပ်တည်သည်ဟုဆိုရမည်ဖြစ်သည်။

———————————



Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580