ပဋိညာဉ်အက်ဥပဒေ၊ထိမ်းမြားရန်ကတိပျက်ကွက်မှုအတွက်လျော်ကြေးရလိုမှု၊ပဋိညာဉ်ဖောက်ဖျက်မှုအတွက်လျော်ကြေးရလိုမှု၊မြန်မာဗုဒ္ဓဘာသာမိဘသည်သားသမီးကိုပေးပါရန်ကတိပျက်ကွက်သည့်အတွက်လျော်ကြေးပေးရန်တာဝန်ရှိပါသလော? [ Part Three ]

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဋိညာဉ်အက်ဥပဒေ၊ထိမ်းမြားရန်ကတိပျက်ကွက်မှုအတွက်လျော်ကြေးရလိုမှု၊ပဋိညာဉ်ဖောက်ဖျက်မှုအတွက်လျော်ကြေးရလိုမှု၊မြန်မာဗုဒ္ဓဘာသာမိဘသည်သားသမီးကိုပေးပါရန်ကတိပျက်ကွက်သည့်အတွက်လျော်ကြေးပေးရန်တာဝန်ရှိပါသလော? [ Part Three ]


—————————————


1992 BLR 94 ( 98 )


တရားမဒုတိယအယူခံမှု


တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းရှေ့တွင်


မမိလုံး( ၎င်း၏နီးစပ်ရာမိတ်ဆွေဦးသန်းဖေ )


                        နှင့်


မောင်ထွန်းမြင့်ပါ၂


၁၉၉၂ နိုဝင်ဘာလ ၂၄ ရက်


အမှုတွင် မောင်ထွန်းမြင့်ကမမီလုံးကိုဗလက္ကာရပြုသည့်အတွက်မမီလုံးကကျေးရွာ(ရဝတ)သူကြီးများအားတိုင်တန်းရာဥက္ကဌဦးအေးမောင်(လိုပြ၁)ပါသောအဖွဲ့ရှေ့၌မမီလုံး၏ကိုယ်စားလှယ်နှင့်မောင်ထွန်းမြင့်ကိုယ်စားလှယ်တို့ညှိနှိုင်းကြပြီးမောင်ထွန်းမြင့်ကမမီလုံးအားလျော်ကြေးငွေ၃၇၅၀ပေးရန်သဘောတူသဖြင့်သက်သေခံ(က)ကတိခံဝန်ချက်စာချုပ်တရပ်ကို၎င်းတို့လက်မှတ်ရေးထိုးချုပ်ဆိုသော်လည်းမောင်ထွန်းမြင့်ကလျော်ကြေးမပေးသဖြင့်မမီလုံးကအဆိုပါလျော်ကြေးငွေရလိုမှုစွဲဆိုရာနောက်ဆုံး၌တရားရုံးချုပ်ကယင်းကတိပဋိညာဉ်အရလျော်ကြေးပေးစေရန်စီရင်ဆုံးဖြတ်သည်။


စီရင်ထုံးခေါင်းစီးဟူသည်ဆိုင်ရာအမှု၌ချမှတ်သောဆုံးဖြတ်ချက်များ၏အနှစ်ချုပ်ဖြစ်သည်။


အချင်းဖြစ်စီရင်ထုံး၏ခေါင်းစီးတွင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၈ဟုစတင်ဖော်ပြထားသည်။


သို့သော်ဖော်ပြသောဆုံးဖြတ်ချက်နှစ်ပိုဒ်သည်အဆိုပါပုဒ်မ၂၈နှင့်လုံးဝသက်ဆိုင်ခြင်းမရှိသည်ကိုထူးထူးဆန်းဆန်းတွေ့ရသည်။


စီရင်ထုံးစာမျက်နှာ၉၆တတိယအပိုဒ်နှင့်စတုထ္ထအပိုဒ်တို့တွင်နှစ်ဖက်လျှောက်လဲချက်များကိုဖော်ပြထားသည်။


အဆိုပါတင်ပြချက်များအပေါ်တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၉၇ပထမစာပိုဒ်တွင်ဆုံးဖြတ်ချက်ကိုဖော်ပြထားသည်။


အဆိုပါအဆုံးအဖြတ်ကိုစီရင်ထုံးခေါင်းစီးတွင်ဖော်ပြခြင်းမပြု၍ခေါင်းစီးအနှစ်ချုပ်တွင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၈ကိုဖော်ပြရန်အကြောင်းမပေါ်ပေါက်သည်ကိုစီရင်ထုံးပြုသည့်အဖွဲ့ဝင်များကသတိထားခဲ့ဟန်မတူ။


သက်သေခံ(က)စာချုပ်ကိုစီရင်ထုံး၌အပြည့်အစုံဖော်ပြထားခြင်းမရှိသဖြင့်ပဋိညာဉ်ပါအကြောင်းအရာများကိုပြည့်ပြည့်စုံစုံသိခွင့်မရချေ။


မူလမြို့နယ်တရားရုံးက[ ထို့ပြင်ထိုသို့ပြုလုပ်ကျူးလွန်မှုမှာရာဇဝတ်မှုဖြစ်နိုင်၍ရာဇဝတ်မှုစွဲဆိုခြင်းကိုမပြုလုပ်စေခြင်းငှာလျော်ကြေးပေးမည်ဟုဝန်ခံကတိပြုလုပ်ခဲ့ကြခြင်းဖြစ်ရာတရားမစွဲဆိုရန်ပဋိညာဉ်ပြုလုပ်ခြင်းဖြစ်၍ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၈အရပျက်ပြယ်နေသောပဋိညာဉ်ဖြစ်ကြောင်းသုံးသပ်ပြီးတရားလိုမမီလုံးစွဲဆိုသောအမှုကိုပလပ်လိုက်သည် ]ဟုဆုံးဖြတ်ကြောင်းစီရင်ထုံးစာမျက်နှာ၉၆၌ဖော်ပြထားရာပဋိညာဉ်အက်ဥပဒေပုဒ်မ၂၈နှင့်ငြိစွန်းခြင်းရှိမရှိစိစစ်ရာ၌သက်သေခံ(က)စာချုပ်ပါအကြောင်းအရာများကိုယုတ်စွအဆုံးအယူခံအားဆုံးဖြတ်ရန်လိုအပ်သလောက်ဖော်ပြရန်လိုပေသည်။


VOL. X INDIAN LAW REPORTS. RANGOON SERIES 124 ( 132 )


APPELLATE CIVIL.


Before Sir Arthur  Page, Kt., Chief  Justice, aud Mr. Justice Cunliffe.


MAUNG OHN KHIN AND OTHERS


                   v.


U NYO.*


 Civil First Appeal No. 187 of 1930 from the judgment of this Court on the Original Side in Civil Regular No. 246 of 1925.


1931 Dec. 3.


အမှုတွင်ဟိုက်ကုတ်တရားလွှတ်တော်တရားဝန်ကြီးချုပ်ပါသောခုံရုံးကစီရင်ချက်ချမှတ်ရာ၌အဆုံးအဖြတ်ပေးရန်ရှိသည့်ပြဿနာနှင့်သက်ဆိုင်သောစာချုပ်ကိုစီရင်ထုံးစာမျက်နှာ၁၂၆နှင့်၁၂၇တွင်အစအဆုံးဖော်ပြထားသည်ကိုအောက်ပါအတိုင်းတွေ့မြင်နိုင်သည်- 


[ On the 21st October 1905 a deed of assignment and release was entered into between Daw Sone, Maung Nyun, and the other children of Daw Sone.


All the parties to this agreement had then attained their majority. 


In the deed of the 21st October 1905 it is recited, inter alía :


“WHEREAS after the death of the snid U Tok Pyo his property was divided in the manner following:


(a) It was divided into four equal parts ;


(b) one of the said parts was given to the children of U Tok Pyo by his first wife:


(c) two of the said parts to the said Daw Sen : (il) and the remaining one part was given to and was set aside for the children by the sid Daw Son:


AND WHEREAS by arrangement the share of the children by Daw Son was made over to her in trust for the said children and she is in possession thereof on their account AND WHEREAS the said Maung Nyun is desirous of having his share apportioned and paid to him AND WHEREAS the said Maung Nyun has agree to accept a sum of Rupees 40,003 (Forty Thousand only) in full satisfaction of his share of the said one-fourth share AND WHEREAS the said Mah Tsee, Maung Nyo, Maung Po Aung and Ma Kyin have agreed that a sum of Rupees 40,000 (Forty Thousand only) be paid by the said Daw Son to the said Maung Nyun out of the one-fourth share to which they are jointly entitled with the  said Maung Nyun.


Now THIS INDENTURE WITNESSETH that in consideration of the payment to the said Maung Nyun by the said Daw Son of Rupees 40,000 (Forty Thousand only) (the receipt of which is hereby acknowledged by the said Maung Nyun) He the said Maung Nyun his heirs representatives and assigns hereby releases and relinquishes all his right interest claim and demand in the said one-fourth share of the estate of the said U Tok Pyo AND the said Maung Nyun on behall of himself his heirs representatives and assigns covenants with the said Mah  Tsee, Maung nyo, Maung Po Aung and Mah Kyin and the heirs representatives and assigas of rach of them that he the said Maung  Nyun will not make any claim or demand from the said Mah Tsee, Maung  Nyun.


Maung Po Ang and Mah Kyin or the heir representatives and assigns of each of them in respect of the said one-fourth share of the said U Tok Pyo's estate AND that the said one-fourth share shall be held by the said Daw Son entirely in trust for and on behalf of the said Mah Tsee, Maung Nyo, Maung  Po Aung and Mah Kyin their heirs representatives and assigns without any interruption claim or demand by him the said Maung Nyun his heirs representatives and assigns. ]


ဗဟိုတရားရုံးနှင့်တရားရုံးချုပ်[ ၁၉၇၄ မှ ၂၀၁၀ ]၏စီရင်ချက်များတွင်အချင်းဖြစ်စာချုပ်များကိုပြည့်ပြည့်စုံစုံဖော်ပြသည့်ကျင့်ထုံးပျောက်ကွယ်ခဲ့ပုံပေါ်သည်။


ရှေးထုံးကိုပစ်ပယ်သင့်သည်မဟုတ်။


ရှေးထုံးရှိသည်ကိုတရားရေးအကြံပေးများသတိမမူမိခြင်းလည်းဖြစ်နိုင်သည်။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၈တွင်စာပိုဒ်၄ပိုဒ်ပါရှိရာ၂ပိုဒ်မှာခြွင်းချက်များဖြစ်သည်။


မြို့နယ်တရားရုံးကပဋိညာဉ်အက်ဥပဒေပုဒ်မ၂၈အရပျက်ပြယ်နေသောပဋိညာဉ်ဟုဆုံးဖြတ်ရာ၌မည်သည့်အပိုဒ်အရထိုသို့ဆုံးဖြတ်ကြောင်းစီရင်ထုံးအရမသိရချေ။


မမီလုံး၏ရှေ့နေရည်ညွှန်းသောပုဒ်မ၂၈၏ခြွင်းချက်(၁)တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


[ Exception 1 - This section shall not render illegal a contract by which two or more persons agree that any dispute which may arise between them in respect of any subject or class of subject shall be referred to arbitration , and that only the amount awarded in such arbitration shall be recoverable in respect of the dispute so referred. ]


[ ခြွင်းချက်-၁။  ။ဤပုဒ်မသည်နှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပိုသူများကအကြောင်းအရာတရပ်ရပ်သို့မဟုတ်အကြောင်းအရာအမျိုးအစားတရပ်ရပ်နှင့်စပ်လျဉ်း၍မိမိတို့အချင်းချင်းတွင်ပေါ်ပေါက်လာနိုင်သောမည်သည့်အငြင်းပွားမှုကိုမဆိုအနုညာတစီရင်ဆုံးဖြတ်မှုခံယူရန်နှင့်ထိုသို့တင်ပြသောအငြင်းပွားမှုနှင့်စပ်လျဉ်း၍ထိုဆုံးဖြတ်ချက်အရခွင့်ပြုသောငွေပမာဏကိုသာရရှိစေရမည်ဟုသဘောတူညီသောပဋိညာဉ်ကိုဥပဒေနှင့်မညီမဖြစ်စေရ။ ]


မမီလုံးနှင့်မောင်ထွန်းမြင့်တို့၏အငြင်းပွားမှုကိုခုံသမာဓိအဖွဲ့၏အဆုံးအဖြတ်ခံယူရန်ကိစ္စသက်သေခံ(က)တွင်ပါမပါမသိရ။


ဥက္ကဌဦးအေးမောင်(လိုပြ၁)ပါသောအရပ်လူကြီးများပါသည့်ခုံအဖွဲ့ကိုအဆုံးအဖြတ်ခံယူရန်မမီလုံးကလျှောက်ထားခဲ့ပါလျှင်လည်းထိုခုံအဖွဲ့အဆုံးအဖြတ်[ award ]နှင့်မသက်ဆိုင်။


သက်သေခံ(က)ပဋိညာဉ်အရရရန်ရှိသည်များကိုတောင်းဆိုသောအမှုဖြစ်သဖြင့်ပုဒ်မ၂၈၏ခြွင်းချက်(၁)နှင့်သက်ဆိုင်ရန်အကြောင်းမရှိ။


မောင်ထွန်းမြင့်၏ရှေ့နေတင်ပြချက်အရဆိုလျှင်မမီလုံးကဦးတင်ဝင်းနှင့်မောင်ထွန်းမြင့်တို့အပေါ်ပြစ်မှုကြောင်းအရတရားစွဲဆိုခဲ့ဟန်တူသည်။


ရာဇသတ်ကြီးပုဒ်မ၃၅၄အရဖြစ်ပုံပေါ်သည်။

————————————————————


တရားရုံးချုပ်၏အဆုံးအဖြတ်[ စာမျက်နှာ၉၇ ]အရဆိုလျှင်သက်သေခံ(က)တွင်လျော်ကြေးပေးရန်ကိစ္စသာပါပုံပေါ်သည်။


လျော်ကြေးပေးရန်သဘောတူခြင်းကြောင့်မမီလုံးကမောင်ထွန်းမြင့်အပေါ်ပြစ်မှုကြောင်းအရတရားစွဲဆိုခြင်းကိုပိတ်ပင်ခြင်းမရှိဟုတရားရုံးချုပ်ကဆုံးဖြတ်ထားသည်ကိုထောက်ရှုပါကမမီလုံးကမောင်ထွန်းမြင့်ကိုပြစ်မှုကြောင်းအရတရားစွဲဆိုခဲ့ခြင်းသည်သက်သေခံ(က)အရလျော်ကြေးတောင်းဆိုခြင်းကိုပိတ်ပင်ရန်အကြောင်းမရှိ။


ပုဒ်မ၂၈တွင်ထိုသို့ပိတ်ပင်ကြောင်းပြဌာန်းချက်တစုံတရာမရှိချေ။


မူလတရားရုံး၏အကြောင်းပြချက်နှင့်မမီလုံး၏ရှေ့နေတင်ပြချက်တို့သည်အခြေအမြစ်ရှိဟန်မတူ။


မူလတရားရုံးနှင့်တိုင်းတရားရုံးတို့ကမမီလုံးသည်မောင်ထွန်းမြင့်အပေါ်ရာဇဝတ်ကြောင်းအရတရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှုစွဲဆိုခွင့်မရှိကြောင်းဆုံးဖြတ်ရာ၌အကြောင်းပြချက်များကိုစုံစုံလင်လင်မသိရပါ။


သက်သေခံ(က)တွင်မမီလုံးဘက်မှမောင်ထွန်းမြင့်အပေါ်မမီလုံးအားဖက်နမ်းသည့်အတွက်ပြစ်မှုကြောင်းအရတရားမစွဲဆိုပါဟုကတိပြုသည့်အတွက်မောင်ထွန်းမြင့်ဘက်မှလျော်ကြေးပေးရန်အပြန်အလှန်ကတိပြုပြီးနောက်မမီလုံးကမောင်ထွန်းမြင့်ကိုပြစ်မှုကြောင်းအရတရားစွဲဆိုသဖြင့်သက်သေခံ(က)ပါပဋိညာဉ်ကိုမမီလုံးကချိုးဖောက်ခြင်းကြောင့်လျော်ကြေးရလိုမှုစွဲဆိုခွင့်မရှိဟုဆုံးဖြတ်ခြင်းဖြစ်တန်ရာသည်။


မှန်လျှင်အဆင့်ကျော်၍ဆုံးဖြတ်ရာရောက်ပေလိမ့်မည်။


အကြောင်းမူသက်သေခံ(က)စာချုပ်သည်ပဋိညာဉ်မြောက်ပါမှပဋိညာဉ်အက်ဥပဒေပုဒ်မ၇၃[ လျော်ဒဏ်သတ်မှတ်ပါရှိပါကပုဒ်မ၇၄အရလျော်ကြေးရလိုမှုစွဲဆိုနိုင်မည်ဖြစ်သည်။ ]


မောင်ထွန်းမြင့်က၎င်းအားဗလက္ကာရပြုမိသည့်အတွက်လျော်ကြေးပေးပါမည်ဟုကတိပြုရာ၌ထိုသို့ပေးလျော်ပါလျှင်၎င်းအပေါ်ပြစ်မှုကြောင်းအရတရားမစွဲပါဟုမမီလုံးကအပြန်အလှန်ကတိပြုခြင်းသည် ထိုစဉ်က၎င်းအရွယ်ရောက်ခဲ့ပါလျှင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဃ)ပါ[ promise to abstain from doing something ]ဟူသောပြဌာန်းချက်များတွင်အကျုံးဝင်သဖြင့်မောင်ထွန်းမြင့်၏ကတိအတွက်မမီလုံးဘက်မှ(အပြန်အလှန်)ကတိသည်ပဋိညာဉ်မြောက်စေရန်အပေးအယူဖြစ်နိုင်ပါလျက်မြို့နယ်တရားရုံးကရာဇဝတ်မှုစွဲဆိုခြင်းကိုမပြုလုပ်စေခြင်းငှာလျော်ကြေးပေးမည်ဟုကတိဝန်ခံပြုလုပ်ခဲ့ခြင်းဖြစ်၍ပျက်ပြယ်သောပဋိညာဉ်ဖြစ်သည်ဟုဆုံးဖြတ်ခြင်းဖြစ်သည်။


1952 BLR ( H C ) 32 ( 36 )( D B )


APPELLATE CIVIL.


Before U On Pe and U San Maung, JJ.


MAUNG PAR (a) MAUNG PASI (a) MAUNG MYO NYUNT (APPELLANT)


                       V.


U TUN HLAING AND ANOTHER(RESPONDENTS)


Civil 1st Appeal No. 70 of 1950 against the decree of the 3rd Judge, City Civil Court, Rangoon, in Civil Regular Suit No. 892 of 1949, dated 25th August 1950.


1951 Nov. 19.


စီရင်ထုံးကိုမလေ့လာဘဲတရားစီရင်ကြောင်းမြင်သာသည်။


တရားလိုဘက်မှရှေ့နေကထိုစီရင်ထုံးကိုပွဲမထုတ်ခြင်းကြောင့်လည်းဖြစ်တန်ရာသည်။


တရားရုံးအဆင့်ဆင့်သည်ပဋိညာဉ်အက်ဥပဒေပါဆိုင်ရာပြဌာန်းချက်များကိုဆင်ခြင်ရန်ပျက်ကွက်ကြသည်။


တရားရုံးချုပ်တွင်မမီလုံးသည်တိုင်းတရားရုံး၏စီရင်ချက်နှင့်ဒီကရီအပေါ်နီးစပ်ရာမိတ်ဆွေဖြင့်အယူခံတင်သွင်းခဲ့သည်ဖြစ်ရာအရပ်လူကြီးများရှေ့တွင်မိမိအတွက်ဆောင်ရွက်ရန်ကိုယ်စားလှယ်ခန့်ခဲ့စဉ်ကအရွယ်မရောက်သေးသည်မှာမြင်သာသည်။

———————————————-


သက်သေခံစာချုပ်ပဋိညာဉ်မမြောက်ခြင်းကိုတရားရုံးအဆင့်ဆင့်ကဆင်ခြင်ရန်ပျက်ကွက်ခြင်း


မမီလုံးကကိုယ်စားလှယ်ခန့်ခြင်းသည်မခိုင်လုံခြင်း


ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၈၃တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


[ Any person who is of the age of majority according to the law to which he is subject , and who is of sound mind , may employ an agent. ]


[ မည်သူမဆိုမိမိလိုက်နာရသောဥပဒေအရအရွယ်ရောက်ပြီးစိတ်ပေါ့သွပ်သူမဟုတ်လျှင်ကိုယ်စားလှယ်လွှဲနိုင်သည်။ ]


စီရင်ထုံးစာမျက်နှာ၉၇ရှိဦးအေးမောင်(လိုပြ၁)၏ထွက်ချက်ကိုကြည့်ပါ။


အရွယ်မရောက်သေးသူမမီလုံးသည်ကိုယ်စားလှယ်ခန့်ခွင့်မရှိ။


၎င်း၏ကိုယ်စားလှယ်ရသူကသက်သေခံ(က)ကိုချုပ်ဆိုခြင်းသည်မမီလုံးအတွက်ခိုင်လုံသည့်ပဋိညာဉ်မဖြစ်နိုင်။


ထိုပဋိညာဉ်အရမမီလုံးလျော်ကြေးတောင်းခွင့်မရှိ။


အကြောင်းမူလျော်ကြေးတောင်းဆိုခွင့်ရရှိစေသောပဋိညာဉ်အက်ဥပဒေပုဒ်မ၇၃ပါချိုးဖောက်သည်ဆိုသောပဋိညာဉ်သည်ပဋိညာဉ်မြောက်သည့်သဘောတူညီချက်ဖြစ်သည်။


ထို့အပြင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆ပါ[ contracts entered into through an agent ]ဟူသောစကားရပ်လာ[ agent  ]ဟူသောဝေါဟာရသည်ပုဒ်မ၁၈၃နှင့်အညီခန့်ထားသူကိုဆိုလိုကြောင်းယုံမှားဖွယ်မရှိ။


မမီလုံးသည်တရားရုံးချုပ်တွင်အယူခံဝင်ရာ၌အရွယ်မရောက်သေး။

———————————————-


VOL. II INDIAN LAW REPORTS. RANGOON SERIES 1 ( 3 )


APPELLATE CIVIL.


Before Mr. Justice Po Han.


SHARFATH ALI


            v.


NOOR MAHOMED.*


 Civil Miscellaneous Appeal No. 277 of 1922 against the decree of the Divisional Ccurt of Hanthawaddy in Civil Appeal No. 69 of 1923.


1923 Sep. 3


အမှု၌အရွယ်မရောက်သေးသူကမိမိထံမှတရားပြိုင်ကငွေချေးယူရာတွင်ငွေပေးကတိစာချုပ်ချုပ်ဆိုရာထိုစာချုပ်မှာ ( 1903 ) 30 Cal 539 ( PC ) စီရင်ထုံးအရပျက်ပြယ်ခြင်းရှိမရှိဥပဒေပြဿနာကိုဟိုက်ကုတ်လွှတ်တော်ကအောက်ပါအတိုင်းစိစစ်ဆုံးဖြတ်သည်-


[ The sole point for determination in this appeal is whether an on demand promissory-note executed by an adult person in favour of a minor can be enforced by the minor by filing a suit on it.


The learned Counsel for the adult executant of the promissory-note argues that the contract was void ab initio, and relies on the well-known Privy Council  case of Mohori Beebee v. Dharmadas Ghose (1)(1903) 30 Cal. 539.and the commentary of the learned author Trevelyan on “The Law Relating to Minors" to the effect that a minor "cannot apparently recover money which has been lent by him or is due to him in any way under a contract made by him." (2) Trevelyan on the Law Relating to Minors, 5th Edition, p. 14.


The Privy Council case held that a mortgage executed by a minor was absolutely void and not merely voidable, and in that case performance of the promise or contract was sought from the minor.


That case is different from the present one in which performance of the promise to pay the moncy is sought from the adult executant of the pro-note. 


The case of Rungarazu Sathruran and others v. Maddura Basappa (3)(1923) 24 Mad. L.J.363. is parallel to the present one. 


It was held there that a promissory-note payable on demand executed in favour of a minor was not void and could be sued upon when the minor did not subject himself to any detriment by accepting it. 


The appellant's learned Counsel contends that that ruling is not an authorized report. 


But there is nothing to prevent me from studying the reasoning in it and following it in the absence of any authorized ruling to the contrary which is binding on me. 


In the present case there is no question of enforcement of a contract on the part of a minor. 


The consideration on the minor's side is not the immediate point or determination. 


Ordinarily that consideration would have been executed. 


The point in question is whether the adult executant of the pro-note is bound by his promise to pay the money and that promise can be enforced against him.


There is nothing left for the minor to perform ; he has performed his part entirely and thereby the executant of the pro-note has enjoyed the benefit of the loan.


No contractual obligation has been incurred by the minor in favour of the executant of the pro-note on account of the minor lending his money to or of the execution of the pro-note by the executant, but the minor merely receives a benefit when he gets a pro-note from an adult person. 


The law does not regard a minor as incapable of accepting a benefit and there is no reason why a minor should not be capable of accepting a pro-note.


The executant was competent to undertake the obligation at the time of execution of the pro-note.


He is bound by that obligation and the pro-note can be enforced against him.


With reference to the commentary of the learned author Trevelyan with due deference I beg to differ from it.


The appeal is dismissed with costs. ]

—————————————————


မြန်မာနိုင်ငံတွင် D 1 C 835 ၌ဖော်ပြထားသော 


1897 PRINTED JUDGMENTS OF THE COURT OF THE JUDICIAL CONMISSIONER, LOWER BURMA, AND THE SPECIAL COURT 398 ( 401 )


Before E. Hosking, Esq.


K.N.K.V. VENYATHEN CHETTY 


                         v. 


A. K. KUPPUSAWMY PILLAY.


Civil Second Appeal No. 147 of 1897. November 29.


စီရင်ထုံး၌၊အရွယ်မရောက်သေးသူကပြုလုပ်သောပဋိညာဉ်သည်ပျက်ပြယ်ခြင်းမရှိ၊၎င်းကဖျက်သိမ်းလိုကဖျက်သိမ်းခွင့်ရှိသောပဋိညာဉ်ဖြစ်သည်ဟုအောက်ပါအတိုင်းဆုံးဖြတ်ခဲ့သည်-


[ Held--that a minor may be a member of a partnership and may take part in carrying on the business. 


Morever, a contract entered into by a minor is not void, but only voidable at his option. ]

————————


1897 PRINTED JUDGMENTS OF THE COURT OF THE JUDICIAL CONMISSIONER, LOWER BURMA, AND THE SPECIAL COURT 656 ( 658 )


Before A.R. Birks, Esq.


(1) MA SHWE HMYIN, (2) MA NYUN AND (3) MAUNG PO CHEIK


                                  V.


(1) MAUNG PAN WA AND (2) MA TOK.


Civil Second Appeal No. 196 of 1899.


April 2nd 1900.


စီရင်ထုံး၌၊အရွယ်မရောက်သေးသူကပြုလုပ်သောပဋိညာဉ်သည်ပျက်ပြယ်ခြင်းမရှိ၊၎င်းကဖျက်သိမ်းလိုကဖျက်သိမ်းခွင့်ရှိသောပဋိညာဉ်ဖြစ်သည်ဟုအောက်ပါအတိုင်းဆုံးဖြတ်ခဲ့သည်-


[ The English doctrine of ratification of contracts by minors is not expressly stated in the Conteact Act ; yet the principal appears to have been adopted by the Courts in India.


A contract entered into with a minor is only voidable at the option of the minor.


Kashiba v. Shripat Narshiv, 19 Bom., 697, referred to Sashi Bhusan v. Jadu Nath Datt, I.L.R. 11 Cal., 552, and Mohamad Arif v. Saraswati Debya, I. L. R., 18 Cal., 259, followed. ]


————————————-


1897-1901 UPPER BURMA RULINGS . CIVIL. VOLUME II. 313 ( 314 )


Before H. Thirkell White, Esq., C.I.E.


NGA PO TIN v. MA SI AND MA SIN.


Civil Second Appeal No. 39 of 1898. May 20th.


စီရင်ထုံးများ၌အရွယ်မရောက်သေးသူကပြုလုပ်သောပဋိညာဉ်သည်ပျက်ပြယ်ခြင်းမရှိ၊၎င်းကဖျက်သိမ်းလိုကဖျက်သိမ်းခွင့်ရှိသောပဋိညာဉ်ဖြစ်သည်ဟု

စီရင်ထုံးစာမျက်နှာ-၃၁၄၌အောက်ပါအတိုင်းဆုံးဖြတ်ခဲ့သည်-


[ The weight of authority seems to be in favour of the proposition that a contract made with a minor is not void, but is merely voidable at the option of the minor.


I concur  in this view, which follows the English Law, and, I think, is an equitable view. 


I therefore agree with the Lower Appellate Court in holding that the present suit should not fail merely because the first  plaintiff is a minor.


But there seems to me to be a latal detect in the suit, of which though for reasons which it is not difficult to understand, it has not  been urged by the appellant, teel bound to take notice.


The original  plaintiff, Ma Si, charged the defendant with an act which, if proved, would undoubtedly amount to an offence under section 354, Indian Penal Code. 


Practically, the agreement to refer to arbitration was an agreement to abstain from prosecuting the defendant on consideration of receiving a sum to be awarded by the arbitrator should he decide in the plaintiff's favour. 


The present suit is to obtain  a sum of money in consideration of not prosecuting the defendant, that is, in consideration of compounding the offence alleged to have been committed.


The consideration of the agreement is of such a nature that, if per-mitted, it would defeat the provisions of the law. 


Offences under section 354, Indian Penal Code, are not compoundable, and section 213 and section 214 of the Indian Penal Code are intended to prevent the com position of all offences which are not expressly declared to be compoundable. 


To allow the payment of money for the composition of non-com poundable offence to be enforced by a civil suit would be to defeat the provisions of the Penal Code.


The  consideration or object of the agreement out of which this suit arises is therefore unlawful under section 23 of the Contract Act, and the plaintiff's suit must be dismissed. 


For these reasons, reverse the decree of the Lower Appellate Court and restore the decree of the Court of First Instance.


The parties will bear their own costs in all Courts. ]

————————————————-


BEFORE THE PRIVY COUNCIL


Decided On: 04.03.1903


Appellants: Mohori Bibee and Ors.


                        Vs.


Respondent: Dharmodas Ghose.


Hon'ble Judges/Coram:


Lord Macnaghten, Lord Davey, Lord Lindley, Sir Ford North, Sir A. Scoble and Sir A. Wilson.


Equivalent Citation = 7 CWN 441, (1903) L.R. 30 I.A. 114, 30 M.I.A. 114.


အမှုတွင်ပရီဗီကောင်စီကအရွယ်မရောက်သေးသူပြုလုပ်သောပဋ်ညာဉ်သည်ပျက်ပြယ်သည်ဟုဆုံးဖြတ်လိိုက်ရာ-


အောက်မြန်မာပြည်တရားရုံးချုပ်စီရင်ထုံးဖြစ်သော-


A. I. R. 1916 Lower Burma 29(1)


MAUNG KIN, J.


Maung Po Dauk--Defendant-Appellant.


                       V.


Maung Ba Gyaw-Plaintiff-Respondent.


Special Second Appeal No. 201 of 1915, Decided on 7th February 1916.


Equivalent Citation = [1916] AlIINRprLB 25; (1916) AIR LB 29(1); 9 Bur LT 160; 34 IC 176 (7 February 1916)


စီရင်ထုံးအပါအဝင်၊စီရင်ထုံးများတွင်ပရီဗီကောင်စီ၏ထုံးဖွဲ့ချက်ကိုလိုက်နာခဲ့သည်မှာယနေ့တိုင်ဖြစ်သည်။

————————————————————-


VOL. II INDIAN LAW REPORTS. RANGOON SERIES 1 ( 3 )


APPELLATE CIVIL.


Before Mr. Justice Po Han.


SHARFATH ALI


            v.


NOOR MAHOMED.*


 Civil Miscellaneous Appeal No. 277 of 1922 against the decree of the Divisional Ccurt of Hanthawaddy in Civil Appeal No. 69 of 1923.


1923 Sep. 3


အမှုတွင် အရွယ်ရောက်သူကအရွယ်မရောက်သေးသူအားငွေပေးရန်ရှိကြောင်းချုပ်ဆိုသောငွေပေးကတိစာချုပ်ချုပ်ထားသည့်ကိစ္စတွင်မူအရွယ်မရောက်သေးသူဘက်ကဆောင်ရွက်ရန်တာဝန်တစုံတရာမရှိ၍ပျက်ပြယ်ခြင်းမရှိကြောင်းစီရင်ထုံးစာမျက်နှာ၂၌အောက်ပါအတိုင်းအကြောင်းပြသည်- 


[ The Privy Council case held that a mortgage executed by a minor was absolutely void and not merely voidable, and in that case performance of the promise or contract was sought from the minor.


That case is different from the present one in which performance of the promise to pay the moncy is sought from the adult executant of the pro-note. 


The case of Rungarazu Sathruran and others v. Maddura Basappa (3) is parallel to the present one. 


[ parallel = တူညီသော ]


It was held there that a promissory-note payable on demand executed in favour of a minor was not void and could be sued upon when the minor did not subject himself to any detriment by accepting it. 


The appellant's learned Counsel contends that that ruling is not an authorized report. 


But there is nothing to prevent me from studying the reasoning in it and following it in the absence of any authorized ruling to the contrary which is binding on me. ]


[ 6 Ran 261 စီရင်ထုံးနှင့်ယှဉ်တွဲဖတ်ပါ။ ]


[ In the present case there is no question of enforcement of a contract on the part of a minor. 


The consideration on the minor's side is not the immediate point or determination. 


Ordinarily that consideration would have been executed. 


The point in question is whether the adult executant of the pro-note is bound by his promise to pay the money and that promise can be enforced against him.


There is nothing left for the minor to perform ; he has performed his part entirely and thereby the executant of the pro-note has enjoyed the benefit of the loan.


No contractual obligation has been incurred by the minor in favour of the executant of the pro-note on account of the minor lending his money to or  of the execution of the pro-note by the executant, but the minor merely receives a benefit when he gets a pro-note from an adult person. 


[ or ကိုသုံးထားခြင်းကြောင့် on account of [ အကြောင်းကြောင့် ]ဟူသောစကားရပ်ကိုမြုပ်ထားသည့်သဒ္ဒါသဘောကိုသတိပြုပါ။ ]


The law does not regard a minor as incapable of accepting a benefit and there is no reason why a minor should not be capable of accepting a pro-note.


The executant was competent to undertake the obligation at the time of execution of the pro-note.


He is bound by that obligation and the pro-note can be enforced against him. ]


————————————-


VOL. II INDIAN LAW REPORTS. RANGOON SERIES 1 ( 3 )


APPELLATE CIVIL.


Before Mr. Justice Po Han.


SHARFATH ALI


            v.


NOOR MAHOMED.*


 Civil Miscellaneous Appeal No. 277 of 1922 against the decree of the Divisional Ccurt of Hanthawaddy in Civil Appeal No. 69 of 1923.


1923 Sep. 3


အမှုတွင် အရွယ်မရောက်သေးသူသည်အချင်းဖြစ်ငွေပေးကတိစာချုပ်အရရရန်ရှိသည်များကိုရရန်သာရှိသည်။


၎င်းဘက်ကဆောင်ရွက်ရန်ပဋိညာဉ်ဆိုင်ရာတာဝန်တစုံတရာမရှိချေ။


မမီလုံးအမှုတွင်သက်သေခံ(က)စာချုပ်ကိုချုပ်ဆိုရာ၌မူအောက်ရုံးများ၏ဆုံးဖြတ်ချက်များမှန်ကန်ခဲ့ပါလျှင်မမီလုံးကမောင်ထွန်းမြင့်ကိုရာဇဝတ်ကြောင်းအရအရေးမယူရန်ပဋိညာဉ်ဆိုင်ရာတာဝန်ရှိပုံပေါ်သည်။


ထိုသို့ဆိုလျှင် 2 Ran 1 အမှုနှင့်ဖြစ်ရပ်ချင်းမတူ၍ယင်းစီရင်ထုံးသည်မမီလုံးအမှုအတွက်အဖြေဖြစ်မည်မဟုတ်။

——————————————


တရားရုံးချုပ်က[ ဤအခြေအနေတွင်ပဋိညာဉ်တွင်မောင်ထွန်းမြင့်ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းမရှိ၍လျော်ကြေးပေးရန်တာဝန်မရှိဟုကျဉ်းမြောင်းစွာကောက်ယူဆုံးဖြတ်ရန်သင့်မြတ်လျော်ကန်မည်မဟုတ်ပေ ]ဟုဆုံးဖြတ်ရာတွင်သက်သေခံ(က)သည်ပဋိညာဉ်မြောက်ပါမှမောင်ထွန်းမြင့်သည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆အရကတိအတိုင်းမမီလုံးကိုငွေပေးရန်တာဝန်ရှိမည်ဖြစ်သည်ဟူသောဥပဒေအချက်ကိုဆင်ခြင်ရန်ပျက်ကွက်သည်ဟုဆိုရပါမည်။


တရားရုံးချုပ်က[ ရိုးသားသည့်ကျေးလက်နေမိန်းမပျိုတဦးအားကာယိန္ဒြေပျက်စေရန်ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါလျက်ယင်းအတွက်တာဝန်မရှိဟုပြစ်မှုကျူးလွန်သူကိုအားပေးရာရောက်စေသည့်အဆုံးအဖြတ်မျိုးပေးရန်မသင့်ကြောင်းကျွန်ုပ်သုံးသပ်ယူဆသည် ]ဟူသောအဆုံးအဖြတ်သည်အတ္တနောမတိဆုံးဖြတ်ခြင်းဖြစ်သည်။


သက်သေခံ(က)အရမောင်ထွန်းမြင့်ကပေးရန်ကတိပြုသည့်ငွေကိုရလိုကြောင်းစွဲဆိုမှုတွင်ပဋိညာဉ်အက်ဥပဒေအရပဋိညာဉ်မြောက်မမြောက်သာလျှင်ဆုံးဖြတ်ရန်ဖြစ်သည်။


တရားလိုမှာရိုးသားသည့်ကျေးလက်နေမိန်းမပျိုတဦးဖြစ်ခြင်း၊ကာယိန္ဒြေပျက်ခြင်းတို့သည်ပဋိညာဉ်မြောက်မမြောက်စိစစ်ရာ၌စပ်ဆိုင်သောအကြောင်းအရာများမဟုတ်။


မမီလုံးစွဲဆိုသောအမှုသည်ကာယိန္ဒြေပျက်သည့်ကိစ္စနှင့်မဆိုင်။


ကာယိန္ဒြေပျက်စေသည့်အတွက်လျော်ကြေးရလိုမှုစွဲဆိုသောအမှုမဟုတ်။


ငွေသုံးထောင်ကျော်ပေးပါမည်ဟူသောမောင်ထွန်းမြင့်၏ကတိအရငွေရလိုမှုစွဲဆိုခြင်းဖြစ်သည်ကိုသတိချွတ်ချော်ခဲ့သည်ဟုဆိုရပါမည်။


အဆုံးအဖြတ်သည်စွဲဆိုသောအမှု၏သဘောသဘာနှင့်ညီညွတ်သည်မဟုတ်။

—————————————————————————


1991 BLR 46 ( 49 ) နှင့် 1992 BLR 94 ( 98 ) အမှုနှစ်မှုတွင်တရားရေးအကြံပေးမှာတဦးတည်းဖြစ်သည်။


၂၀-၂-၁၉၉၁နေ့တွင်ချမှတ်သော 


1991 BLR 46 ( 49 )


တရားမဒုတိယအယူခံမှု


တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းရှေ့တွင်


ဦးဂဖူး နှင့် ဦးစိန်မောင်ပါ၂


တရားရေးအကြံပေး- ဦးအောင်ငွေ၊ဒုတိယညွှန်ကြားရေးမှုး၊တရားရုံးချုပ်


၁၉၉၁ ဖေဖော်ဝါရီလ ၂၀ ရက်


အမှု၌[ အယူခံရုံးအနေဖြင့်အဆိုအချေ၌မပါဝင်ဆန့်ကျင်ကွဲလွဲသည့်ကိစ္စကိုဖော်ထုတ်ဆုံးဖြတ်၍သက်သာခွင့်ပေးခြင်းမပြုရ။ ]ဟု 1949 BLR ( S C ) 46 စီရင်ထုံးကိုကိုးကားကာစီရင်ချက်မူကြမ်းကိုရေးသားတင်ပြခဲ့သောတရားရေးအကြံပေးသည်- 


၂၄-၁၁-၁၉၉၂ နေ့၌စီရင်ချက်ချမှတ်သော


1992 BLR 94 ( 98 )


တရားမဒုတိယအယူခံမှု


တရားရုံးချုပ်တရားသူကြီးဦးမျိုးထွန်းလင်းရှေ့တွင်


မမိလုံး( ၎င်း၏နီးစပ်ရာမိတ်ဆွေဦးသန်းဖေ )


                        နှင့်


မောင်ထွန်းမြင့်ပါ၂


တရားရေးအကြံပေး-ဦးအောင်ငွေ၊ဒုတိယညွှန်ကြားရေးမှုး၊တရားရုံးချုပ်


၁၉၉၂ နိုဝင်ဘာလ ၂၄ ရက်


အမှုတွင်လွန်ခဲ့သောတနှစ်ကျော်ကရေးသားတင်ပြခဲ့သောထုံးဖွဲ့ချက်နှင့်ဆန့်ကျင်ဘက်အကြောင်းပြချက်ပါသောစီရင်ချက်မူကြမ်းကိုရေးသားတင်ပြခြင်းမှာသင့်မြတ်ပါသလား ?


တရားရေးအကြံပေးစနစ်ဖြင့်တရားစီရင်ခြင်း၏အားနည်းချက်တရပ်ဖြစ်သည်။

———————————————————-


မောင်ထွန်းမြင့်ကကိုယ်စားလှယ်ခန့်ထားဆောင်ရွက်စေသည့်ကိစ္စ


ဦးအေးမောင်က"လူကလေးဘက်မှဦးတင်ဝင်းအားကိုယ်စားလှယ်အဖြစ်ပေးပါသည်"ဟုထွက်ဆိုရာ၌မောင်ထွန်းမြင့်ကိုယ်တိုင်ကဦးတင်ဝင်းအား၎င်းကိုယ်စားညှိနှိုင်းရန်တာဝန်ပေးခြင်းလားမရှင်းလှပါ။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၈၆နှင့်၁၈၇တို့တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


[ 186 . The authority of an agent may be expressed or implied. ]


[ ကိုယ်စားလှယ်၏အခွင့်အာဏာသည်အတိအလင်းလွှဲသောသို့မဟုတ်လွှဲအပ်သည့်သဘောသက်ရောက်သောအခွင့်အာဏာဖြစ်နိုင်သည်။ ]


[ 187 . An authority is said to be express when it is given by words spoken or written. An authority is said to be implied when is to be inferred from the circumstances of the case ; and things spoken or written, or the ordinary course of dealing, may be accounted circumstances of the case. ]


[ အခွင့်အာဏာကိုနှုတ်ဖြင့်ဖြစ်စေ၊စာရေးသား၍ဖြစ်စေလွှဲလျှင်၊အတိအလင်းလွှဲသည်မည်၏။ဆိုင်ရာအကြောင်းခြင်းရာများမှကောက်ယူရန်ဖြစ်လျှင်၊လွှဲသည့်သဘောသက်ရောက်သောအခွင့်အာဏာဖြစ်သည်မည်၏။ထို့ပြင်နှုတ်ဖြင့်ပြောသောသို့မဟုတ်ရေးသားသောအရာများသည်သော်လည်းကောင်း၊ဆက်ဆံမြဲတွင်ဆက်ဆံခြင်းသည်သော်လည်းကောင်း၊ဆိုင်ရာအကြောင်းခြင်းရာများကိုပြဆိုသောအချက်အလက်များဖြစ်နိုင်သည်။ ]


ဦးအေးမောင်က[ ကျွန်တော်တို့မှဦးဘိုးခြုံရှေ့တွင်တရားလိုနှင့်(၁)တရားပြိုင်တို့အားခေါ်ယူစစ်ဆေးပါသည်။ကျွန်တော်တို့စစ်ဆေးပြီးနောက်နှစ်ဖက်ကာယကံရှင်များ၏ကိုယ်စားလှယ်များအားတောင်းရာဦးအောင်ကိုအားကိုယ်စားလှယ်ဖြင့်ပေးပြီး၊လူကလေးဘက်မှဦးတင်ဝင်းအားကိုယ်စားလှယ်အဖြစ်ပေးပါသည် ]ဟူသောထွက်ချက်ပါဖြစ်ရပ်နှင့်စပ်ဟပ်ဆင်ခြင်ပါကမောင်ထွန်းမြင့်သည်ဦးတင်ဝင်းအား၎င်းကိုယ်စားညှိနှိုင်းစေခဲ့ကြောင်းမြင်သာပါသည်။


ဦးတင်ဝင်းကသက်သေခံ(က)ကိုလက်မှတ်ရေးထိုးခြင်းသည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆ပါအောက်ပါပြဌာန်းချက်များအရမောင်ထွန်းမြင့်ကိုယ်တိုင်လက်မှတ်ရေးထိုးဘိသကဲ့သို့အကျိုးသက်ရောက်ပါသည်-


[ Contracts entered into through an agent , and obligations arising from acts done by an agent , may be enforced in the same manner , and will have the same legal consequences ; as if the contracts had been entered into and the acts done by the principle in person. ]


ကိုယ်စားလှယ်မှတဆင့်ချုပ်ဆိုသောပဋိညာဉ်များကိုလည်းကောင်း၊ကိုယ်စားလှယ်ကပြုသောပြုလုပ်မှုများကိုလည်းကောင်း၊ကိုယ်စားလှယ်လွှဲသူကိုယ်တိုင်ချုပ်ဆို သို့မဟုတ် ပြုဘိသကဲ့သို့ထိုပဋိညာဉ်များအတိုင်း၊ထို့ပြင်ထိုပြုလုပ်မှုများမှပေါ်ပေါက်သောတာဝန်များအတိုင်းဆောင်ရွက်စေနိုင်သည့်အပြင်ဥပဒေအရလည်းထပ်တူထပ်မျှအကျိုးသက်ရောက်မှုရှိစေမည်။ 


သို့သော်မမီလုံးအတွက်သက်သေခံ(က)ကိုချုပ်ဆိုသောဦးအောင်ကိုမှာမူပဋိညာဉ်အက်ဥပဒေအရ၎င်း၏ကိုယ်စားလှယ်မဟုတ်သဖြင့်၎င်းကိုယ်စားဆောင်ရွက်ခွင့်မရှိသည့်အတွက်မမီလုံးကိုယ်စားချုပ်ဆိုသည့်သဘောသက်ရောက်သည်ဆိုသောသက်သေခံ(က)မှာမမီလုံးအတွက်ချုပ်ဆိုရာမရောက်နိုင်။


ပုဒ်မ၂၂၆ပါ[ agent ][ ကိုယ်စားလှယ် ]သည်ပုဒ်မ၁၈၃အပါအဝင်ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များနှင့်အညီခန့်ထားခံရသည်ဖြစ်သည်။


သက်သေခံ(က)ကိုမောင်ထွန်းမြင့်ကတဖက်သတ်ချုပ်ဆိုရာရောက်သည်။


ပဋိညာဉ်မမြောက်နိုင်။


သက်သေခံ(က)အရပဋိညာဉ်မမြောက်သည်ကိုမမီလုံးအတွက်အဆိုလွှာရေးသောရှေ့နေသတိထားမိခဲ့လျှင်မမီလုံးကိုဗလက္ကာရပြုသည့်အတွက်မောင်ထွန်းမြင့်အပေါ်လျော်ကြေးရလိုမှုစွဲဆိုရန်ဖြစ်ပေလိမ့်မည်။


မခိုင်လုံသောသက်သေခံစာချုပ်ကထိုသို့လျော်ကြေးရလိုမှုစွဲဆိုခြင်းကိုမပိတ်ပင်နိုင်။


တရားရုံးချုပ်သည်ဆိုင်ရာပြဌာန်းချက်များကိုကိုးကားဆုံးဖြတ်ရန်ပျက်ကွက်သည်ဟုဆိုရပါမည်။

———————————————-

Comments

Popular posts from this blog

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]

1963 BLR 556 [ Cause of Action ]

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580