1963 BLR 217

 ဆရာကြီးဦမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း

စာမျက်နှာ၃၀၅နှင့်၃၀၆


ဒေါက်တာမောင်မောင်ကိုတရားရုံးချုပ်တရားသူကြီးအဖြစ်၁၉၆၂ခုနှစ်၊ဇူလိုင်လအတွင်းခန့်ထားခဲ့ရာတရားရုံးချုပ်မူလဘက်ဌာနတွင်၎င်းစစ်ဆေးစီရင်ရသောအမှုတမှု၌ချမှတ်သည့်စီရင်ချက်ကို 1963 BLR 217 ( D3 C103 )တွင်ထုံးပြုသည်။


ဒေါက်တာမောင်မောင်ချမှတ်သောစီရင်ချက်သည်တရားမကျင့်ထုံးဥပဒေအမိန့်၂၀၊နည်း ၄(၂ )လာ "concise statement of the case " ဟူသောပြဌာန်းချက်များ(အမိန့် ၄၁ ၊နည်း ၃၁ တွင်ထိုသို့ပြဌာန်း ထားခြင်းမရှိ။


သို့သော်နည်း ၃၁ ( က )အရအယူခံတရားရုံးစီရင်ချက်၌ဖော်ပြရမည့်အချက်များကိုအဆုံးအဖြတ်ပေးရန်လိုအပ်သမျှ အမှုဖြစ်စဉ်အကျဉ်းကိုဖော်ပြသည့်ကျင့်ထုံးရှိသည်)နှင့်အညီအမှုဖြစ်စဉ်အကျဉ်းချုပ်နှင့်စသည်။


စာကြောင်းရေသုံးဆယ်ပင်မပြည့်။


သို့သော်ဖြစ်စဉ်ကိုထင်းကနဲမြင်သာအောင်လိုရင်းတိုရှင်းရေးထားရာနောက်ပိုင်းတရားမကြီးမှုများတွင်ချမှတ်သောစီရင်ချက်များ၌ ထိုအရေးအသားမျိုးမတွေ့ရခြင်းကဒေါက်တာမောင်မောင်၏ပြောင်မြောက်သောရေးသားသီကုံးမှုကိုအတုယူရန်ပျက်ကွက်ခြင်းပေလား။


ဒေါက်တာမောင်မောင်၏စီရင်ထုံးကိုဖတ်မိသည်နှင့်တပြိုင်နက်စိတ်ဝင်စားဖွယ်ကောင်းသောဇာတ်လမ်း၊ဖတ်ချင်စဖွယ်အရေးအသား၊အင်္ဂလိပ်စာအသုံးအနှုန်းသူမတူအောင်ရိုးစင်းလှသဖြင့်အင်္ဂလိပ်စာတတ်သူတိုင်းနားလည်လွယ်ခြင်းစသည့်ကောင်းမြတ်သောဂုဏ်အင်္ဂါတို့၏ဖမ်းစားမှုကြောင့်စာဖတ်သူလက်မှချဖြစ်မည်မဟုတ်ပါ။


ဆုံးသည်အထိတန်းတန်းစွဲဖတ်တန်ရာသည်။


စီရင်ထုံးစာမျက်နှာ၂၂၀မှစ၍သက်သေခံချက်တို့ကိုစိစစ်သုံးသပ်ပြပုံ( အကျဉ်းချုပ်ဖော်ပြခြင်းသက်သက်မဟုတ် )ကိုဥပဒေပညာရှင်တိုင်းလေ့လာသင့်သည်။အတုယူသင့်သည်။


အထူးသဖြင့်သက်သေခံချက်တို့အားချိတ်ဆက်အဖြေထုတ်ပြပုံကို မှတ်သားအပ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ