အဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း၊စာမျက်နှာ၆၇

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း

စာမျက်နှာ၆၇

လွတ်လပ်သောမြန်မာနိုင်ငံတော်၏ပထမဆုံးနိုင်ငံတော်၏တရားဝန်ကြီးချုပ်ဖြစ်ခဲ့သည့်ဦးဘဦးက၎င်းကိုယ်တိုင်ရေးအထ္ထုပတ္တိဖြစ်သော My Burma စာအုပ်စာမျက်နှာ၁၁၂တွင်၎င်းခေတ်မြန်မာရှေ့နေများနှင့်စပ်လျဉ်း၍ 

" The failure of the Burmese lawyers in competing with English and Indian lawyers was not due to their lack of intelligence but to their lack of application. " 

( အင်္ဂလိပ်နှင့်အိန္ဒိယရှေ့နေများနှင့်ယှဉ်ပြိုင်ရာတွင်မြန်မာရှေ့နေများမအောင်မြင်ရခြင်းမှာအသိဉာဏ်နည်းခြင်းကြောင့်မဟုတ်၊ဦးနှောက်ကိုအသုံးချမှုချို့တဲ့ခြင်းကြောင့်ဖြစ်သည် )ဟုမှတ်ချက်ချသည်။

ဦးဘဦး၏မှတ်ချက်သည်မျက်မှောက်ခေတ်ရှေ့နေအများစု၏အားနည်းချက်ဖြစ်ဆဲပင်ဖြစ်ကြောင်း 2015  BLR 174 ( FB ) စီရင်ထုံးတွင်စုံညီခုံရုံးကကောက်နုတ်ဖော်ပြထားသောလျှောက်လဲချက်များတွင်ထင်ဟပ်လျှက်ရှိသည်။

စီရင်ထုံးများပါထုံးဖွဲ့ချက်တို့ကိုဆိုင်ရာအမှု၏ဖြစ်ရပ်တို့နှင့်ချိန်ထိုးလျှောက်လဲရာတွင်ဦးဘဦးညွှန်ပြသကဲ့သို့ မိမိဦးနှောက်ကိုပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ပါမှအောင်မြင်မည်ကိုသတိချပ်သင့်သည်။

အမှန်စင်စစ်အပြောလွယ်သလောက်အလုပ်မလွယ် ( Easier said than done ) သည်မှာမှန်၏။

ကြောင်းကျိုးဆင်ခြင်ခြင်းသည်လက်တွေ့တွင်လွယ်သည်မဟုတ်။

စာရေးသူ၏ဥပဒေပြဿနာအဖြာဖြာစာအုပ်တွင်ကြောင်းကျိုးဆင်ခြင်ရာတွင်လွဲချော်တတ်မှုကိုသာဓကအကိုးအကားဖြင့်ဆွေးနွေးထားပါသည်။

စီရင်ထုံးများပါကြောင်းကျိုးဆင်ခြင်တရားစီရင်တတ်မှုကို၊လေ့လာမှတ်သားခြင်းသည်သာလျှင်အောင်မြင်မှုပန်းတိုင်သို့ ပို့ဆောင်ပေးနိုင်သည့်နည်းလမ်းမှန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ