ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များသည်မြန်မာဥပဒေပညာရှင်တို့နှင့်စိမ်းသည်

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း

စာမျက်နှာ၁၇၁နှင့်၁၇၂


ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များသည်မြန်မာဥပဒေပညာရှင်တို့နှင့်စိမ်းသည်။ဆွေးနွေးလျက်ရှိသောအမှု၏ရှုပ်ထွေးမှုကိုဖြေရှင်းပေးနိုင်မည့်မြန်မာနိုင်ငံတရားစီရင်ထုံးမရှိသေး။တရားသူကြီးဦးသက်ဖေ၏ပဋိညာဉ်ဥပဒေ၏သိကောင်းစရာများစာအုပ်သည်အရှုပ်တော်ပုံအမှုကိုဆုံးဖြတ်ရာ၌အထောက်အကူအပြည့်အဝမရစေနိုင်ကြောင်းတွေ့ရသည်။၎င်း၏ဆွေးနွေးချက်များကိုထောက်ခံသည့်စီရင်ထုံးများကိုကိုးကားခြင်းမပြုသဖြင့်ဤအမှုတွင်အခက်အခဲတွေ့စေသည်။


ပဋိညာဉ်အက်ဥပဒေသည်အင်္ဂလန်နိုင်ငံပဋိညာဉ်ဆိုင်ရာတရားဥပဒေတွင်မြစ်ဖျားခံသည်။ပဋိညာဉ်ဥပဒေပါပြဌာန်းချက်များကိုအတော်အတန်နားလည်ရန် Pollock နှင့် Mulla တို့ပြုစုသော The Indian Contract Act ကျမ်းမျိုးကိုလေ့လာရန်လိုသည်။


ထိုကျမ်းကိုစံစာအုပ်အဖြစ်တရားရုံးများလက်စွဲ( ပထမနှင့်ဒုတိယအကြိမ်ထုတ်)တွင်သတ်မှတ်ခဲ့ဖူးသည်။သို့ဖြစ်၍ယခင်ခရိုင်တရားရုံးတွင်ထိုကျမ်းများရှိခဲ့သည်။ပြည်သူ့တရားစီရင်ရေးစနစ်ပေါ်ပေါက်သောအခါခရိုင်တရားရုံးပိဋကတ်တိုက်များဖရိုဖရဲဖြစ်သွားခဲ့ရာထိုကျမ်းရှိဆဲဖြစ်မဖြစ်မသိရပါ။


စာရေးသူလက်လှမ်းမီသောအဆိုပါကျမ်းမှာ၊၁၉၂၄ခုနှစ်တွင်ပဉ္စမအကြိမ်မြောက်ထုတ်ဝေသောကျမ်းဖြစ်သဖြင့်၊လွန်ခဲ့သောအနှစ်ကိုးဆယ်အတွင်းထုတ်ဝေသောအိန္ဒိယနှင့်အင်္ဂလန်နိုင်ငံစီရင်ထုံးများအကြောင်းသိခွင့်မရ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ