ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ၂၃၉နှင့်၂၄၀
ကြည့်သောသူသည်မြင်၏ဟူသောဆိုရိုးစကားရှိသည်။
ဥပဒေပညာရှင်တို့သည်ကြောင်းကျိုးဆင်ခြင်သည့်ပညာကိုသွေးရန်အားထုတ်ပါမှအမှန်ကိုထိုးဖောက်မြင်ခွင့်ရနိုင်သည်ကိုဆင်ခြင်အပ်သည်။
က၊ကာအဆင့်ကိုကျော်၍ကိ၊ကီ၊ကံ၊ကားစသည့်အဆင့်သို့ရောက်အောင်ဦးနှောက်ကိုသုံးရန်ဖြစ်သည်။
မြန်မာနိုင်ငံ၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်( အငြိမ်းစား )ဦးဘဦးက၎င်း၏ My Burma စာအုပ်၌မြန်မာရှေ့နေများသည်အင်္ဂလိပ်နှင့်အိန္ဒိယရှေ့နေများနှင့် ယှဉ်ပြိုင်ရာ၌မအောင်မြင်ရခြင်းမှာအသိဉာဏ်နည်းခြင်းကြောင့်မဟုတ်။ဦးနှောက်သုံးနိုင်မှုချို့တဲ့ခြင်းကြောင့်ဖြစ်သည်ဟုစာမျက်နှာ၁၁၂တွင်မှတ်ချက်ပြုထားသည်။
ရှေ့နေရှေ့ရပ်တို့သည်မိမိဦးနှောက်ကိုနေ့စဉ်အမြဲသွေးနေပါမှအမှန်တရားကိုဖော်ထုတ်နိုင်ပါလိမ့်မည်။
Comments
Post a Comment