နောက်ဆုံးအိုင်စီအက်(စ်)တရားသူကြီးများ
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ၃၀၄နှင့်၃၀၅
၁၉၄၈ခုနှစ်တွင်တရားလွှတ်တော်ကိုတည်ထောင်သောအခါဦးစံမောင်နှင့်ဦးသောင်းစိန်တို့သည်တရားသူကြီးများဖြစ်လာသည်။၎င်းတို့သည်တရားလွှတ်တော်တွင်တရားလွှတ်တော်ဝန်ကြီးအဖြစ်တာဝန်ပေးခံရသောနောက်ဆုံးအိုင်စီအက်( စ် )တရားသူကြီးများဖြစ်ကြသည်။
တရားလွှတ်တော်၌တင်သွင်းသောတရားမဒုတိယအယူခံမှုကိုကြားနာသောတရားသူကြီးမှာဦးသောင်းစိန်ဖြစ်သည်။အပေါင်ခံသူသည် conversion ကျူးလွန်သည်ဟုဆုံးဖြတ်ပြီးRatanlal ၏ကျမ်း( ၁၀ ကြိမ်မြောက်ထုတ် )ကိုကိုးကားကာတရားလိုရထိုက်သောငွေကြေးကိုစီရင်ထုံးစာမျက်နှာ၁၉၀၌တွက်ချက်ဖော်ပြပုံကိုမှတ်သားသင့်သည်။
အထူးတရားမအယူခံမှုကိုကြားနာသောတရားလွှတ်တော်ခုံရုံးသည်တရားဝန်ကြီးချုပ်နှင့်အိုင်စီအက်( စ် )ဝန်ထမ်းဟောင်း( မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါအိုင်စီအက်( စ် )ဝန်ထမ်းများကိုနိုင်ငံတော်ကအငြိမ်းစားပေးသည်။သို့သော်ဝန်ထမ်းများအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့သည်။)ဦးစံမောင်ပါဝင်သောခုံရုံးဖြစ်သည်။စီရင်ချက်ကိုတရားဝန်ကြီးချုပ်ကရေးသည်။
ဦးသောင်းစိန်၏အဆုံးအဖြတ်ကိုအတည်ပြုရာ၌စီရင်ထုံးများနှင့်ကျမ်းများကို
ကိုးကားတရားစီရင်သည်။ယခင်တရားလွှတ်တော်ချုပ်တွင်တင်သွင်းသောနောက်ဆုံးအယူခံ၌တရားမနစ်နာမှုဥပဒေအရဆုံးဖြတ်ရန်မဟုတ်။ပဋိဉာဉ်ကိုချိုးဖောက်မှုအဖြစ် လျော်ကြေးတွက်ချက်ရန်ဖြစ်သည်ဟုဆုံးဖြတ်သည်။စီရင်ချက်ရေးသူသည်ဦးဧမောင်( နောင်တွင်ဒေါက်တာဧမောင် )ဖြစ်သည်။အမှုကို၁၉၄၇ ခုနှစ်အတွင်းစတင်တရားစွဲဆိုခဲ့ပြီး၁၉၅၀ပြည့်နှစ်အတွင်းအပြီးသတ်သည်။
Comments
Post a Comment