အဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း၊စာမျက်နှာ၈၂နှင့်၈၃
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ၈၂နှင့်၈၃
လွတ်လပ်သောမြန်မာနိုင်ငံ၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဦးဘဦးသည်ရှေ့နေဘဝမှနိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်အငြိမ်းစားယူသည်အထိအနှစ်၄၀နီးပါးတရားရေးလောက၌ကျင်လည်ခဲ့ရာရှေ့နေနှင့်တရားသူကြီးနှစ်ဘဝ၏အတွေ့အကြုံကိုစုံစုံလင်လင်ရခဲ့သောပုဂ္ဂိုလ်ထူးဖြစ်သည်။
၎င်းက My Burma စာအုပ်တွင်မိမိဘဝကိုပြန်ပြောင်းပြောခဲ့သည်။
ထိုစာအုပ်မျိုးမရှိသလောက်ဖြစ်သည်။
၎င်းကဲ့သို့နှစ်ဘဝအတွေ့အကြုံရခဲ့သောဆာမောင်ခင်၊ဆာဂျေအေမောင်ကြီး၊ဆာမြဘူး၊ဦးမေအောင်၊ဦးသိမ်းမောင်နှင့်ဦးဧမောင်စသောပုဂ္ဂိုလ်ထူးများ၏ပြည့်စုံသောဘဝဇာတ်ကြောင်းကိုစာရေးသူမဖတ်ဖူးပါ။
ယနေ့တာဝန်ထမ်းဆောင်လျှက်ရှိသောတရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်အများစုသည်၁၉၅၉ခုနှစ်တွင်ထိုစာအုပ်ထွက်ပေါ်ပြီးမှတရားရေးလောကသို့ရောက်ရှိလာသူများဖြစ်ကြသည်ဖြစ်ရာထိုစာအုပ်ပါတရားရေးလောကအကြောင်းကိုလက်မလွတ်တန်းဖတ်ရှုလေ့လာသင့်ပါသည်။
ဦးဘဦးကမိမိရှေ့နေပေါက်စဘဝအကြောင်းကိုစာမျက်နှာ၅၂၌အောက်ပါအတိုင်းအမှတ်တရရေးသည်-
" I went to the office every day at 10:00AM and returned home between 4:00 and 5:00PM. I would examine the old pleadings,i.e., plaints and written statements , petitions for letters of administration, and deeds; I also read several laws , such as the Penal Code , the Criminal Procedure Code , the Civil Procedure Code , the Evidence Act , the Contract Act , the Transfer of Property Act , the Succession Act ,and the Buddhist Law , I knew these almost by heart ,I also persued other acts, but I paid particular (အထူး)attention to the ones I have mentioned, as they were referred to daily."
Comments
Post a Comment