စာမေးပွဲအောင်ရုံမျှဖြင့်ဝတ်လုံမဖြစ်နိုင်သေး

ဆရာကြီးဦမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း

စာမျက်နှာ၈၉နှင့်၉၀


မျက်မှောက်ခေတ်တွင်စီရင်ထုံးများကိုပြည့်ပြည့်စုံစုံကိုးကားတင်ပြနိုင်သောရှေ့နေနှင့်ရုံးထိုင်တရားသူကြီးဦးကျော်ဇံဦးကဲ့သို့သောတရားသူကြီးမျိုးကိုအတုခိုးသင့်သည်။အချင်းဖြစ်အငြင်းပွားဖွယ်ပြဿနာကိုအဆုံးအဖြတ်ပေးခဲ့သောအဆိုပါတရားသူကြီးအားတရားစီရင်ရေးလောကတွင်အစဉ်အမြဲကျေးဇူးတင်နေရပါဦးမည်။ဦးကျော်ဇံဦးသည်စစ်တွေမြို့သားဖြစ်ပုံပေါ်ပါသည်။ရေးဖြေဝတ်လုံစာမေးပွဲကိုတစ်နှစ်ထက်မနည်းစော၍အောင်ခဲ့သူဟုသိရပါသည်။


စာမေးပွဲအောင်ရုံမျှဖြင့်ဝတ်လုံမဖြစ်နိုင်သေး။ကျောင်းသားများသည်သမ္ဘာရင့်ဝတ်လုံရှေ့နေကြီးများ၊အငြိမ်းစားတရားသူကြီးများနှင့်ညစာအတူစားရသည်ဟုဆိုပါသည်။ထိုညစာစားပွဲတွင်ထိုပုဂ္ဂိုလ်ကြီးများက၎င်းတို့ဘဝအတွေ့အကြုံကိုပြန်ပြောင်းပြောပြတတ်သဖြင့်ပညာယူရသည်ဟုဆိုပါသည်။သတ်မှတ်ထားသောညစာစားပွဲအရေအတွက်ပြည့်အောင်တက်ရောက်ပြီးမှရေးဖြေစာမေးပွဲအောင်မြင်ထားသောဦးကျော်ဇံဦးသည်ဝတ်လုံဖြစ်လာသည်ဟုဦးကျော်ဇံဦးကပြောပြသည်ကိုနားနှင့်ဆတ်ဆတ်ကြားခဲ့ရသောတရားသူကြီးတစ်ဦးကစာရေးသူအားပြန်လည်ဖောက်သည်ချဖူးပါသည်။


ဝတ်လုံတော်ရရှေ့နေဖြစ်လာပြီးနောက်ဦးကျော်ဇံဦးသည်စစ်တွေခရိုင်အစိုးရရှေ့နေအဖြစ်ဆောင်ရွက်ခဲ့သည်ဟုသိရပါသည်။ထိုစဉ်ကအစိုးရရှေ့နေများနှင့်အစိုးရရှေ့နေရုံး( ထိုစဉ်ကရှေ့နေချုပ်ရုံးမပေါ်သေး။လက်ထောက်အစိုးရရှေ့နေဦးခင်နှင့်ဦးမြဘူးတို့ရှေ့နေလိုက်ခဲ့သောစီရင်ထုံးများကိုဖတ်ပါ။)သည်အစိုးရအမှုသည်အဖြစ်မပါသောတရားမမှုများတွင်ရှေ့နေလိုက်နိုင်သည်။


စစ်တွေခရိုင်တရားရုံးတွင်မူလမှုများနှင့်အယူခံမှုများ၌ဦးကျော်ဇံဦးရှေ့နေလိုက်နေရာမှ၁၉၅၂ခုနှစ်တွင်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်တိုက်ရိုက်ခန့်အပ်ခြင်းခံရသည်။


မြန်မာနိုင်ငံ၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်ဖြစ်လာခဲ့သောဦးဘဦးသည်လည်းရှေ့နေလိုက်နေခိုက်၁၉၂၃ခုနှစ်တွင်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်ဟု၎င်း၏ကိုယ်ရေးအထ္ထုပတ္တိစာအုပ် " My  Burma " တွင် ရေးသားထားသည်။ဦးဘဦးသည်၁၉၃၂တွင်ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးဖြစ်လာသည်။ထိုနှစ်မတိုင်မီယာယီတရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့ရသေးသည်။


ဦးကျော်ဇံဦးသည်လည်း၁၉၆၁ခုနှစ်တွင်တရားလွှတ်တော်တရားဝန်ကြီးဖြစ်လာသည်။တရားလွှတ်တော်ကိုဖျက်သိမ်းပြီးတရားရုံးချုပ်( ၁၉၆၂ - ၁၉၇၃ )ကိုတည်ထောင်သောအခါတရားသူကြီးအဖြစ်ဆက်လက်ထမ်းဆောင်ခွင့်ရသည်။


ဦးကျော်ဇံဦးသည်စီရင်ချက်များကိုအများအားဖြင့်အင်္ဂလိပ်ဘာသာဖြင့်ရေးသည်။


အကြောင်းခြင်းရာများကိုပိုင်ပိုင်နိုင်နိုင်သုံးသပ်ပြီး၊ဆိုင်ရာဥပဒေများနှင့်ချိန်ထိုးဆုံးဖြတ်သောစီရင်ချက်များမှာ၊တခုဆိုတခုဆိုလောက်အောင်အဆင့်မြင့်လှကြောင်း၊စီရင်ထုံးများကိုဖတ်ကြည့်ပါကသိနိုင်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ