အဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း၊စာမျက်နှာ၅၁နှင့်၅၂
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ၅၁နှင့်၅၂
တရားရုံးချုပ်တရားသူကြီးဦးစံမောင်သည်၁၉၄၈ခုနှစ်မှစ၍တရားလွှတ်တော်တရားဝန်ကြီးအဖြစ်လည်းကောင်း၊တရားရုံးချုပ်တရားသူကြီးအဖြစ်လည်းကောင်း၁၉၆၅ခုနှစ်အထိအမှုထမ်းခဲ့သူဖြစ်သည်။၎င်းသည်တရားရေးလောကသို့ဝင်ရောက်လာသောလက်တဆုပ်စာမြန်မာအိုင်စီအက်(စ်)ဝန်ထမ်းများအနက်တစ်ဦးဖြစ်သည်။
၁၉၄၈မှ၁၉၆၅မြန်မာနိုင်ငံတရားစီရင်ထုံးများစာအုပ်တွင်၊တရားမအယူခံမှုတမှုနှင့်ပြစ်မှုအယူခံမှုတမှုတို့၌စီရင်ချက်အသီးသီးကိုမြန်မာဘာသာဖြင့်ရေးပြီးနောက်တရားလွှတ်တော်ကိုဖျက်သိမ်းသည်အထိစီရင်ချက်များကိုအင်္ဂလိပ်ဘာသာဖြင့်သာရေးသည်။
နောက်ပိုင်း၌တရားရုံးချုပ်တရားသူကြီးချုပ်၏တိုက်တွန်းမှုကြောင့်မြန်မာဘာသာဖြင့်စီရင်ချက်များရေးသော်လည်းအင်္ဂလိပ်ဘာသာဖြင့်ရေးသောစီရင်ချက်များလည်းရှိသည်။
ဥပဒေဘွဲ့မရ၍ဦးစံမောင်သည်တရားလွှတ်တော်တရားဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးအဖြစ်လည်းကောင်းဆောင်ရွက်ခွင့်မရခဲ့။၎င်းနောက်မှတရားဝန်ကြီးဖြစ်လာသူနှစ်ဦးက၎င်းကိုကျော်တက်၍တရားဝန်ကြီးချုပ်များဖြစ်ခဲ့ကြသည်။
ဦးစံမောင်သည်မိမိစိတ်ကိုဖြေသိမ့်နိုင်ပုံပေါ်သည်။၎င်းရေးသောစီရင်ချက်များ၏ လက်သန်ပြောင်မှုလျော့ပါးသွားခြင်းမရှိခဲ့။တုတ်ထမ်းငြင်းရဖွယ်ရှိသောဥပဒေပြဿနာအချို့၏အဖြေများကိုထုတ်ပြခဲ့သည်။
ပရီဗွီကောင်စီကနှာစေးပြီးအဖြေမပေးဘဲထားခဲ့သောခက်ခဲသည့်ဥပဒေပြဿနာ၏အဖြေကို 1948 BLR 138 ( DB ) စီရင်ထုံးတွင်ထုတ်ဖော်ပြဆိုခဲ့သည်။
ခုံရုံး၌ပါဝင်သောတရားဝန်ကြီးချုပ်ကဦးစံမောင်၏အဆုံးအဖြတ်ကိုသဘောတူသည်ဟုစီရင်ထုံး၌ဖော်ပြထားသည်။
Comments
Post a Comment