နည်းမှန်သောလျှောက်လဲတင်ပြချက်မျိုးဖြစ်ရန်လိုခြင်း
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ၂၀၀
နည်းမှန်သောလျှောက်လဲတင်ပြခြင်းမျိုးဖြစ်ရန်လိုခြင်း
စာရေးသူ၁၉၇၉ ခုနှစ်တွင်ဗဟိုတရားရုံး၌တရားရေးအကြံပေးအဖြစ်စတင်ထမ်းဆောင်သောအခါ၊များသောအားဖြင့်နှစ်ဖက်ရှေ့နေများသည်ရေးသားလျှောက်လဲချက်၌ပါရှိသည့်အတိုင်းလျှောက်လဲတတ်သည်ကိုတွေ့ရသည်။
အကျဉ်းရေးသားတင်ပြချက်များဖြစ်ပြီးတဖက်မှတင်ပြချက်များမှန်မမှန်ချေပသည့်စနစ်မဟုတ်။စကားစစ်ထိုးသည့်အသွင်မဆောင်။
ဗဟိုတရားရုံးကိုဆက်ခံသည့်တရားရုံးချုပ်လက်ထက်တွင်လည်းထူးမခြားနားဇာတ်ခင်းသည်။ယခင်တရားရုံးချုပ်ကာလကတရားရုံးအားထိထိရောက်ရောက်အထောက်အကူဖြစ်စေသောလျှောက်လဲချက်သိသိသာသာလျော့နည်းသွားသည်။
တဖက်လျှောက်လဲချက်ပါအမှားကိုထောက်ပြချေပသောစနစ်မှေးမှိန်သွားသည်နှင့်အမျှလျှောက်လဲခြင်း၏အနှစ်သာရလည်းတပါတည်းစံချိန်စံညွှန်းမှီတော့မည်မဟုတ်။
မိမိလိုရာလျှောက်လဲခြင်းသည်အထိုက်အလျောက်လွယ်သည်။တဖက်ကိုထိုးနှက်လျှောက်လဲခြင်းအခန်းကဏ္ဍတွင်ပညာခန်းသက်ဝင်သည်။အားထုတ်မှုအဓိကကျသည်။
လျှောက်လဲခြင်း၏အနှစ်သာရလျော့ပါးသွားသည်နှင့်အမျှရှေ့နေရှေ့ရပ်များ၏ ကြောင်းကျိုးဆင်ခြင်သည့်ပညာတောက်ပြောင်မှုသည်လည်းမှေးမှိန်သွားမည်သာဖြစ်သည်။
တရားရုံးများလက်စွဲကတားမြစ်ထားပါလျက်ရေးသားလျှောက်လဲချက်ကိုလက်ခံခြင်းနှင့်တဖက်လျှောက်လဲချက်ကိုထိထိမိမိတန်ပြန်ချေပမှုမရှိခြင်းသည်အမှန်တရားကိုရှာဖွေရာ၌အဓိကအားနည်းချက်ဖြစ်သည်ကိုရှေ့နေရှေ့ရပ်တို့သတိချပ်သင့်သည်။
Comments
Post a Comment