စီရင်ချက်ရေးခြင်းသည်ဦးနှောက်သုံးစွဲမှုဆိုင်ရာလေ့ကျင့်ခန်းဖြစ်သည်
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာကငနှင့်ကစ
A. I . R 1939 Ran 38( ခုံရုံး )
စီရင်ထုံးအဆုံးတွင်အောက်ပါမှတ်ချက်ကိုဖော်ပြထားသည် -
" Note ,-- I should like to add , but not as part of my judgment, that I have been impressed by the judgment of the Township Judge . I have his judgment before me , and in my view it is a careful and very well reasoned judgment and well composed. Speaking entirely for myself , he should not be discouraged that a superior Court , better equipped ( သာ၍ပညာစုံသည် ) than he is , has come to a different conclusion.
Dunkley J. -- I should like to associate myself with ( ထောက်ခံသည် ) those final remarks . "
မြန်မာနိုင်ငံတွင်ထိုစဉ်အခါကအနိမ့်ဆုံးမြို့နယ်တရားရုံး၌ဟိုက်ကုတ်လွှတ်တော်ခုံရုံးကချီးကျူးသည့်စီရင်ချက်ကိုသီကုံးသူသည်မျက်မှောက်ခေတ်မြို့နယ်တရားရုံး၊ဒုတိယမြို့နယ်တရားသူကြီးအဆင့်ရှိသူဖြစ်သည်။သို့သော်ဒုတိယမြို့နယ်တရားသူကြီးကဲ့သို့ဘွဲ့ရမဟုတ်။
မြန်မာနိုင်ငံစီရင်ထုံးသမိုင်းတွင်အထက်ပါမှတ်ချက်မျိုးကိုအထက်ပါစီရင်ထုံး၌သာလျှင်တွေ့မြင်နိုင်သည်။
အမှုမှာထုံးသာဓကရှိသောအမှုမျိုးမဟုတ်။
ယခင်ဟိုက်ကုတ်လွှတ်တော်တွင်နှစ်ကြိမ်အယူခံဝင်ခဲ့သည်။
အယူခံမှုနှစ်မှုတွင်ချမှတ်ထုံးပြုထားသည့်စီရင်ချက်များ၌ကိုးကားသောစီရင်ထုံး( ၁၆ )ရပ်မှာနိုင်ငံခြားစီရင်ထုံးများဖြစ်နေခြင်းကအမှု၏ထူးခြားမှုကိုညွှန်ပြသည်။
ယင်းအမှုမျိုးနောက်ထပ်ပေါ်ရန်အကြောင်းမရှိ။
အမှုနှင့်သက်ဆိုင်သောကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၆၏ဒုတိယအပိုဒ်ပါ ပြဌာန်းချက်များ( easement ( သုံးစွဲခွင့် )နှင့်ပတ်သက်သည် )ကိုအဓိပ္ပာယ်ကောက်ယူရာ၌ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးများနှင့်မြို့နယ်တရားသူကြီးတို့အမြင်ချင်းမတူကြောင်းတွေ့ရသည်။
အထက်ပါမှတ်ချက်ကိုကောက်နုတ်ဖော်ပြရခြင်း၏ရည်ရွယ်ချက်မှာအညတရမြို့နယ်တရားသူကြီးကိုအားကျကာဟိုက်ကုတ်လွှတ်တော်ခုံရုံးအား၊ကျေနပ်မှုဖြစ်စေသော စီရင်ချက်မျိုးဖြစ်ထွန်းရေးဖြစ်သည်။
တဖက်တွင်1954BLR( SC)52(57)အမှု၌ယခင်တရားလွှတ်တော်ရည်ညွှန်းသောအတ္တနောမတိအဆုံးအဖြတ်များပပျောက်စေရေးကိုအထောက်အကူဖြစ်စေရန်ဖြစ်သည်။
အကျိုးသင့်အကြောင်းသင့်ဖြစ်သောယုတိယုတ္တာရှိပြီးအမှုသည်အများစုလက်ခံသောအကြောင်းပြချက်များဖြင့်တရားစီရင်သောစနစ်မှာတရားသူကြီးတို့၏အဓိကပန်းတိုင်ဖြစ်သည်။
ထိုပန်းတိုင်သို့ရောက်ရန်မှာတရားသူကြီးတိုင်းမိမိ၏ဦးနှောက်ကို အစဉ်အမြဲသွေးဖို့လိုသည်။
စီရင်ချက်ရေးခြင်းသည်ဦးနှောက်သုံးစွဲမှုဆိုင်ရာလေ့ကျင့်ခန်းဖြစ်သည်။
ပြီးပြည့်စုံသောကြောင်းကျိုးပြသည့်စီရင်ချက်ကိုရေးသားချမှတ်ခြင်းသည်"အမှန်တရားကိုစီရင်ကြောင်းအများမြင်စေရာသည်"ဟူသောစီရင်ထုံးစာအုပ်များတွင်ဖော်ပြသည့်ဆောင်ပုဒ်နှင့်အညီတရားစီရင်ရာရောက်ပါသည်။
Comments
Post a Comment