ခဲကတ်သော( thorny )ဥပဒေပြဿနာများ

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း

စာမျက်နှာ၂၁၉နှင့်၂၂၀


ခဲကတ်သော ( thorny )ဥပဒေပြဿနာများ


မျက်မှောက်ခေတ်စီရင်ထုံးသမိုင်းအစ၁၈၇၂ခုနှစ်၊ဇန်နဝါရီလ၊၄ရက်( နောက်၇၆ နှစ်ကြာမှမြန်မာနိုင်ငံလွတ်လပ်ရေးရသည် ) နေ့တွင်ချမှတ်သည့်ပထမဆုံးစီရင်ထုံး S J L B 1 မှ၂၀၁၆ခုနှစ်စီရင်ထုံးစာအုပ်အထိနှစ်၁၄၀နီးပါးကာလအတွင်းမြန်မာနိုင်ငံအဆင့်အမြင့်ဆုံးတရားရုံးများသည်ခဲကတ်သောဥပဒေပြဿနာတို့၏စိန်ခေါ်မှုကို ရင်ဆိုင်ကာတရားစီရင်ခဲ့ကြသည်။


နှစ်၁၅၀နီးပါးကာလအတွင်းထုတ်ဝေခဲ့သောမြန်မာနိုင်ငံစီရင်ထုံးများသည်တရားဥပဒေအရပ်ရပ်၏မျက်နှာစာအလုံးစုံကိုမလွှမ်းခြုံမိသေး။


တရားမမှုခင်းများကိုစီရင်ရာ၌ခဲကတ်သောဥပဒေပြဿနာကိုအခါအားလျော်စွာဆက်လက်၍မုချရင်ဆိုင်ကြရဦးမည်ဖြစ်သည်။ဤကြီးမားသောတာဝန်သည်ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပေါ်ကျ ရောက်လျက်ရှိသည်။တရားရုံးအဆင့်ဆင့်တွင်အမှုလိုက်ကြသောရှေ့နေရှေ့ရပ်တို့၏အကူအညီဖြင့်အဖြေထုတ်ကြရန်ဖြစ်၍ထိုရှေ့နေကြီးများ၏ကဏ္ဍသည်လည်းအရေးပါသည်သာဖြစ်သည်။


စာမေးပွဲအောင်ရုံဥပဒေပညာမျှဖြင့်လက်တွေ့၌အလုပ်ဖြစ်မည်မဟုတ်။စီရင်ထုံးများနှင့်ကျမ်းများကိုလေ့လာမှတ်သားနိုင်စွမ်းရှိဖို့လိုသည်။မြန်မာဘာသာဖြင့်ရေးသောကျမ်းများမည်မည်ရရများများစားစားရှိသည်မဟုတ်။လောလောဆယ်တွင်အိန္ဒိယနိုင်ငံမှကျမ်းများကိုလက်လှမ်းမီရန်အကြောင်းလည်းမမြင်။တရားရုံးအဆင့်ဆင့်ကိုထိုက်သင့်သည့်အထောက်အကူပေးနိုင်ရန်ရှေ့နေကြီးများကြီးကြီးမားမား အားထုတ်ပါမှတော်ရုံကျပါလိမ့်မည်။


စီရင်ထုံးအများစုကိုအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည်။အိန္ဒိယနိုင်ငံဥပဒေကျမ်းတို့ကိုလည်းအင်္ဂလိပ်ဘာသာဖြင့်ရေးသည့်အလျောက်အင်္ဂလိပ်ဘာသာကို လောက်လောက်လားလားသင်ယူဖို့လိုသည်။


ယခုအခါရန်ကုန်မြို့တွင်အင်္ဂလိပ်စာသင်တန်းများဖြစ်ထွန်းလာမှုသည်အားတက်စရာဖြစ်သည်။အမှန်စင်စစ်အားထုတ်မှုသည်သာအဓိကဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ