ရင်ကြားစေ့၍မရလောက်အောင်တယောက်တပေါက်သက်သေခံချက်များ( little room for compromise )

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း စာမျက်နှာ ၃၂၉ - ၃၃၀ မှ တရားသူကြီးဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးစံမောင်တို့ရေးသားစီရင်ခဲ့သောစီရင်ချက်နှစ်ရပ်ကိုဤစာအုပ်တွင်ပွဲထုတ်ပြရာ၌ရည်ရွယ်ချက်တရပ်ရှိပါသည်။ စီရင်ချက်များကိုယှဉ်ကာအရသာခံပြီးအကြိမ်ကြိမ်ဖတ်ကြည့်ပါ။ ရင်ကြားစေ့၍မရလောက်အောင်တစ်ယောက်တစ်ပေါက်သက်သေခံချက်များ(ဦးစံမောင်က little room for compromise.)ဟုပြဆိုသည်။ ဒေါက်တာမောင်မောင်က a wide area of sharp ( စာရေးသူ ကိုးကားသော အဘိဓာန် စာမျက်နှာ ၁၂၆၆ တွင် သိသာသော ၊ ထင်ရှားပြတ်သားသော ဟု ဘာသာပြန်သည်။ ) controversy . ဟု တင်စားသီကုံးသည်။ )ကို နက်နက်နဲနဲ ကြောင်းကျိုး ဆင်ခြင်ပြခြင်းသည် (1892 ) 20 Cal 93 ( PC ) စီရင်ထုံး၌ ( 6 Ran 586 ( 589 ) အမှုတွင် ကိုးကားသော ပရီဗီကောင်စီ စီရင်ထုံး ) ရည်ညွှန်းသည့် soundness of findings of facts (အကြောင်းခြင်းရာဆိုင်ရာ ကောက်ချက်ချခြင်းတို့၏ ပိုင်နိုင်မှု ၊ ခိုင်မာမှု ) ဟူသော ပြဆိုချက်ကို ထင်ဟပ်သည်။ တရားသူကြီးနှစ်ဦး၏လှပသောအင်္ဂလိပ်စာအရေးအသား၊သက်သေခံတို့မှယုတ္တိ ယုတ္တာရှိသောဖြစ်နိုင်ခြေအရှိဆုံးဖြစ်ရပ်ကိုစိစစ်ထုတ်ယူခြင်း၊သက်ဆိုင်ရာဥပဒေနှ...