ဦးနှောက်ကိုမသွေးဘဲသက်သေခံချက်တို့ကိုဆင်ခြင်သည့်နည်းဖြင့်အမှန်တရားကိုဖော်ထုတ်နိုင်မည်မဟုတ်
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ - ၃၀၇ မှ
အားထုတ်ပါလျှင်သက်သေခံချက်များကိုစိစစ်သုံးသပ်သည့်ပညာမှာနေ့စဉ်နှင့်အမျှ ဖြစ်ထွန်းလာပါလိမ့်မည်။
တရားသူကြီးလုပ်သက်၊ရှေ့နေလုပ်သက်၅နှစ်ခန့်ရသောအခါပါရမီရင့်ကျက်သည်နှင့်အမျှခရီးဆက်ရာ၌သက်သေခံချက်များကိုစိစစ်သုံးသပ်ခြင်းသည်ဥပဒေပညာရှင်၏"ဝသီ"ဖြစ်လာပါလိမ့်မည်။
ကိုင်တွယ်ရသောအမှုများတွင်အသုံးချတတ်ပါမှပါရမီရင့်ကျက်လာမည်ဖြစ်သည်ကို သတိချပ်သင့်ပါသည်။
ဦးနှောက်ကို"မသွေးဘဲ"သက်သေခံချက်တို့ကိုဆင်ခြင်သည့်နည်းဖြင့်အမှန်တရားကို ဖော်ထုတ်နိုင်မည်မဟုတ်။
သက်သေခံချက်တို့မှအဖြေထုတ်ယူခြင်းသည်ဥပဒေပြဿနာဖြစ်၍(1966 BLR 1111 ကိုဖတ်ပါ )တရားရုံးအဆင့်ဆင့်တွင်တင်ပြခွင့်ရှိသည်ကိုထောက်ချင့်ပါကတရားစီရင်ရာ၌ယင်းသို့ဆင်ခြင်တိုင်းထွာခြင်းမှာမည်မျှအရေးပါသည်ကိုထောက်ဆနိုင်သည်။
Comments
Post a Comment