ရင်ကြားစေ့၍မရလောက်အောင်တယောက်တပေါက်သက်သေခံချက်များ( little room for compromise )
ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း
စာမျက်နှာ ၃၂၉ - ၃၃၀ မှ
တရားသူကြီးဒေါက်တာမောင်မောင်နှင့်တရားသူကြီးဦးစံမောင်တို့ရေးသားစီရင်ခဲ့သောစီရင်ချက်နှစ်ရပ်ကိုဤစာအုပ်တွင်ပွဲထုတ်ပြရာ၌ရည်ရွယ်ချက်တရပ်ရှိပါသည်။
စီရင်ချက်များကိုယှဉ်ကာအရသာခံပြီးအကြိမ်ကြိမ်ဖတ်ကြည့်ပါ။
ရင်ကြားစေ့၍မရလောက်အောင်တစ်ယောက်တစ်ပေါက်သက်သေခံချက်များ(ဦးစံမောင်က little room for compromise.)ဟုပြဆိုသည်။
ဒေါက်တာမောင်မောင်က a wide area of sharp ( စာရေးသူ ကိုးကားသော အဘိဓာန် စာမျက်နှာ ၁၂၆၆ တွင် သိသာသော ၊ ထင်ရှားပြတ်သားသော ဟု ဘာသာပြန်သည်။ ) controversy . ဟု တင်စားသီကုံးသည်။ )ကို နက်နက်နဲနဲ ကြောင်းကျိုး ဆင်ခြင်ပြခြင်းသည် (1892 ) 20 Cal 93 ( PC ) စီရင်ထုံး၌ ( 6 Ran 586 ( 589 ) အမှုတွင် ကိုးကားသော ပရီဗီကောင်စီ စီရင်ထုံး ) ရည်ညွှန်းသည့် soundness of findings of facts (အကြောင်းခြင်းရာဆိုင်ရာ ကောက်ချက်ချခြင်းတို့၏ ပိုင်နိုင်မှု ၊ ခိုင်မာမှု ) ဟူသော ပြဆိုချက်ကို ထင်ဟပ်သည်။
တရားသူကြီးနှစ်ဦး၏လှပသောအင်္ဂလိပ်စာအရေးအသား၊သက်သေခံတို့မှယုတ္တိ ယုတ္တာရှိသောဖြစ်နိုင်ခြေအရှိဆုံးဖြစ်ရပ်ကိုစိစစ်ထုတ်ယူခြင်း၊သက်ဆိုင်ရာဥပဒေနှင့် ချိတ်ဆက်ဆုံးဖြတ်ခြင်းအရေးအရာတွင်စီရင်ချက်နှစ်ရပ်မှာသူမသာကိုယ်မသာ ဖြစ်သည်ကိုတွေ့မြင်နိုင်သည်။
မြန်မာစာအဖွဲ့ကပြုစုသောမြန်မာ-အင်္ဂလိပ်အဘိဓာန်(၁၉၉၃ ခုနှစ်ထုတ်)စာမျက်နှာ ၂၇၇တွင် ပိန်မသာ၊လိမ်မသာဟူသောစကားရပ်ကို having little or no difference in ability , quality . ဟုပြဆိုထားချက်ကိုလည်းကောင်း၊မြန်မာစာအဘိဓာန်အကျဉ်းချုပ်(၁၉၇၉ ခုနှစ်ထုတ်)အတွဲ ၃ ၊စာမျက်နှာ ၄၃ ၌ "တစ်ခုနှင့်တစ်ခုနှိုင်းယှဉ်ရာတွင် မည်သည့်ဘက်ကမျှပိုသာသည်ဟုမဆိုနိုင်ပဲ "ဟူသောအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်းကောင်းနှလုံးသွင်းကာအချင်းဖြစ်စီရင်ချက်နှစ်ရပ်ကိုခံစားလေ့လာစေချင်သည်။
"လူသာပဓာနဖြစ်ကြောင်း"သိမြင်လာအောင်ဖတ်ပါ။
လုံ့လဥဿဟ ထုတ်ရာ၌စံတင်ရသောမဟာဇနက္ကကိုညွှန်ပြလျှင်ဘုရားအလောင်းတော်ဖြစ်၍မမှီနိုင်ပါဟုဆင်ခြေပေးပေလိမ့်မည်။
ဒေါက်တာမောင်မောင်သည်အထက်တန်းရှေ့နေတဦး၏သားဖြစ်သည်။
မွေးပေါက်ဖော်များသည်။
သာမာန်ဘဝမှအိုင်စီအက်(စ်)တရားသူကြီးဦးစံမောင်ကိုအံ့တုနိုင်ခဲ့သည်။
သူလိုလူ(ဂျာနယ်ကျော်မမလေး၏အသုံးအနှုန်း)ဖြစ်အောင်ကြိုးစားအားထုတ်လျှင် အချည်းနှီးမဖြစ်တန်ရာ။မြန်မာနိုင်ငံ၏တရားစီရင်ရေးဖြစ်ထွန်းမှုကိုအနည်းနှင့်အများအထောက်အကူဖြစ်စေမည့်ပုဂ္ဂိုလ်ထူးအဖြစ်ဖြင့်အောင်မြင်မှုရမည်မှာမလွဲပါ။
Comments
Post a Comment