ဆရာကြီးဦးမြပညာဒါနစာစဉ်၄အမှာစာ
စာမျက်နှာကဂ
Mr . Higinbotham သည် ၂၁-၂-၁၉၂၁ နေ့မှ ၁၆-၅-၁၉၂၁ နေ့အထိ အောက်မြန်မာပြည်တရားရုံးချုပ်တွင်ယာယီတွဲဖက် တရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့သည် ။
ရန်ကုန်မြို့ဟိုက်ကုတ်လွှတ်တော်ကို ၁၈-၁၂-၁၉၂၂ နေ့တွင်တည်ထောင်သောအခါ ဦးခင်နှင့်ဦးမေအောင်တို့သည် တရားဝန်ကြီးများ ဖြစ်လာကြသည်။
Mr . Higinbotham မပါ။
ထိုသူကဝါနုသူဝတ်လုံဦးဘဦးအားနှိမ်၍စကားပြောဆိုခြင်းမှထိုစဉ်ကအင်္ဂလိပ်လူမျိုးတို့ကမြန်မာတို့ကိုနှိမ်သည့်အလေ့အထရှိခဲ့ကြောင်းတစေ့တစောင်းမြင်နိုင်သည်။
အင်္ဂလန်နိုင်ငံသို့ပညာသင်ရန်သွားသည့်သင်္ဘောခရီးတွင်မောင်ဘဦးပါမြန်မာကျောင်းသားများကိုသင်္ဘောသားတို့ကခွဲခြားဆက်ဆံသည့်အဖြစ်အပျက်ကိုဦးဘဦးက၎င်း၏စာအုပ်၌ဖောက်သည်ချထားသည်။
လောင်းကစားဥပဒေမှာ Mr. Higinbotham ကောင်းစွာသိသောဘာသာရပ်မဟုတ်ဟုဦးဘဦးက အားနာပါးနာဝေဖန်ချက်မှ(အမှန်မှာမြန်မာနိုင်ငံတွင်ရာဇဝတ်မှုများကိုတရားစွဲဆိုသည့်ဌာနအကြီးအကဲသည်လောင်းကစားဥပဒေပုဒ်မ၈နှင့်ရာဇဝတ်ကျင့်ထုံးဥပဒေ၂၃၉ ( ဃ ) ပါ ပြဌာန်းချက်များကိုအောက်သက်ကျေသူမဟုတ်ဟုမှတ်ချက်ပြုစရာဖြစ်သည်။)
Mr. Higinbotham ကဦးဘဦးကိုရှေ့နေလေးဟုသဘောထားကာမျက်နှာထားတင်းတင်းနှင့်မှိုချိုးမျှစ်ချိုးပြောခဲ့သော်လည်းဦးဘဦးကမူလူကြီးလူကောင်းပီပီ၎င်း၏စာအုပ်တွင်ရင့်သီးသောစကားမသုံးခြင်းကိုအတုယူသင့်သည်။သင်ခန်းစာယူသင့်သည်။
အစိုးရရှေ့နေဌာနအကြီးအကဲသည်စာဖတ်သူဦးဘဦးနှင့်မတွေ့မီလောင်းကစားဥပဒေ ( ပုဒ်မ ၁၇ ခုသာရှိသည် ) ရာဇဝတ်ကျင့်ထုံးဥပဒေအခန်း ၁၉ ( ပုဒ်မ ၂၂၈ မှ ၂၄၀ )ကိုကြိုဖတ်သင့်သည်အပန်းကြီးသည့်ကိစ္စမဟုတ်။
ဆိုင်ရာဥပဒေကိုကောင်းစွာမသိဘဲစာကောင်းကောင်းဖတ်ထားသူဦးဘဦးအားတဖက်စီးနင်းပြောဆိုဆက်ဆံခြင်းကြောင့်အရှက်ကွဲရခြင်းမျိုးမဖြစ်စေရန်ဥပဒေဝန်ထမ်းအားလုံးသင်ခန်းစာယူသင့်သည် ။
ဦးဘဦးသည်ဝတ်လုံဖြစ်လာပြီးနောက်ရှေ့နေလိုက်သည့်ဘဝကိုပြန်ပြောင်းပြောရာ၌၎င်း၏စာအုပ်စာမျက်နှာ၅၂တွင်-
" I also read several laws , such as the Penal Code , the Criminal Procedure Code , the Civil Procedure Code , the Evidence Act , the Contract Act , the Transfer of Property Act , the Succession Act , and the Buddhist Law . I knew these almost by heart . I also perused other acts , but I paid particular attention to the ones I have mentioned , as they were referred to daily."
ဟုရေးသားထားရာရာဇဝတ်ကျင့်ထုံးကိုအလွတ်နီးပါးရနေသူဦးဘဦးအားကျမ်းမကျေသည့် Mr. Higinbotham က၎င်း၏ပညာကိုနှိမ်၍ဆက်ဆံခြင်းသည်ဖြစ်သင့်သည်မဟုတ်။
Mr. Higinbotham နှင့်ဆက်ဆံရသည်မှာခက်သည်ဟုဦးဘဦးကညည်းတွားသည်။
Comments
Post a Comment