ဆရာကြီးဦးမြပညာဒါနစာစဉ်၃အမှာစာ


စာမျက်နှာ၁၁


"သူ့ဆန်စားရဲမှ"ဆိုရိုးရှိသည့်အတိုင်းအမှုသည်များထံမှဉာဏ်ပူဇော်ခရယူကာအမှုလိုက်သောရှေ့နေရှေ့ရပ်တို့သည်လည်းကောင်း၊ပြည်သူကကျွေးလျက်ရှိသောတရားသူကြီးများနှင့်ဥပဒေဝန်ထမ်းတို့သည်လည်းကောင်းတာဝန်ကျေပွန်စွာထမ်းဆောင်လိုကြပါလျှင်ဥပဒေများကိုနှံ့နှံ့စပ်စပ်ဖတ်ရှုမှတ်သားလေ့လာဖို့လိုပါလိမ့်မည်။


အပတ်တကုတ်အားထုတ်လျှင်(၃)လအတွင်းပြဌာန်းဥပဒေအားလုံးကိုဖတ်ရှုပြီးဖြစ်နိုင်သည်။


ဖတ်တိုင်းမမှတ်မိနိုင်သည်မှာသဘာဝတရပ်ဖြစ်၍မည်သည့်ဥပဒေတွင်မည်သည့်ပြဌာန်းချက်များရှိသည်ကိုအက္ခရာစဉ်အလိုက်စာရင်းပြုစုထားလျှင်လိုအပ်သည့်အခါ ထိုစာရင်းပြန်ကြည့်ပါကမိမိသိလိုသောဥပဒေကိုအလွယ်တကူရှာဖွေနိုင်ပါလိမ့်မည်။


ထိုသို့ဆောင်ရွက်လျှင် partition နှင့် settlement တို့ကွဲပြားခြင်းကိုတရားရုံးအဆင့်ဆင့်၌အကိုးအကားဖြင့်တင်ပြရန်ခက်မည်မဟုတ်၍မဟာအမှားကိုကျူးလွန်ရန် အကြောင်းရှိမည်မဟုတ်သည်ကိုဆင်ခြင်ကြပါကုန်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ